အင္းစိန္ေထာင္ ေပါက္ကြဲမႈ မ်က္ျမင္ ႀကဳံခဲ့ရသူ ေျပာျပခ်က္

ေပါက္ကြဲမႈျဖစ္ခ်ိန္တြင္ အနီးရွိ လုံၿခဳံေရးေမွ်ာ္စင္ေပၚမွ စစ္ေကာင္စီ တပ္ဖြဲ႕က တရစပ္ ပစ္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူက အတည္ျပဳသည္

ရန္ကုန္ၿမိဳ႕ အင္းစိန္ေထာင္၌ ယေန႔(ေအာက္တိုဘာ ၁၉) နံနက္ ေပါက္ကြဲမႈျဖစ္ခ်ိန္တြင္ လုံၿခဳံေရးေမွ်ာ္စင္ေပၚမွ တရစပ္ ပစ္ခတ္ခဲ့ေၾကာင္း ကိုယ္ေတြ႕ႀကဳံရသူထံမွ သိရသည္

ေထာင္ဘူးဝေရွ႕ အက်ဥ္းသားမ်ားအတြက္ ေထာင္ဝင္စာ ပါဆယ္ လက္ခံသည့္ေနရာတြင္ နံနက္ ၉ နာရီ ၄၀ မိနစ္က ဗုံးႏွစ္လုံးဆင့္၍ ေပါက္ကြဲသည့္ ျဖစ္စဥ္အတြင္း အက်ဥ္းဦးစီးဝန္ထမ္း ၃ ဦး၊ အရပ္သား ၅ ဦး ေသဆုံးကာ ၁၃ ဦးထက္မနည္း ဒဏ္ရာရသြားသည္

ေပါက္ကြဲမႈျဖစ္ခ်ိန္တြင္ မ်က္ႏွာခ်င္းဆိုင္ရွိ ေမွ်ာ္စင္ေပၚတြင္ လုံၿခဳံေရးယူထားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕က ဗုံးေပါက္သည့္ အေဆာက္အအုံထံသို႔ ေသနတ္ျဖင့္ ၁၀ ခ်က္ ထက္မနည္းပစ္ခဲ့ေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ အထက္ပါ မ်က္ျမင္သက္ေသက ေျပာသည္

“ရမ္းသ႐ူး ပစ္ခ်ပလိုက္တာ ၁၀ ခ်က္ေလာက္ရွိတယ္ ေသနတ္နဲ႔ ။ အဲဒီမွာ ထပ္ထိတယ္။ ေထာင္ဝင္ စာလာပို႔တဲ့ပါဆယ္ေတြေရာ သက္ေသေတြေရာ ေရွ႕ေနေတြေရာ အဲဒီနားမွာရွိတယ္။ ျမင္လိုက္တဲ့ အခ်ိန္မွာ ၅ ေယာက္ အနည္းဆုံးထိတာ ျမင္တယ္။ ပစ္ခတ္မႈေၾကာင့္ ထိတာက ပိုျပင္းထန္တယ္” ဟု ၎က ဆိုသည္

ေမွ်ာ္စင္ေပၚမွ ပစ္ခတ္သူတို႔မွာ စစ္တပ္၊ ရဲ၊ အက်ဥ္းဦးစီးဝန္ထမ္း မည္သူျဖစ္သည္ႏွင့္ ေပါက္ကြဲမႈကို မည္သည့္အဖြဲ႕က လုပ္ေဆာင္မွန္း ရွင္းလင္းစြာမသိရေသးပါ

ေကာင္းကင္ဓာတ္ပုံအရ အက်ဥ္းေထာင္အတြင္းသို႔ ဝင္ေပါက္ (ဘူးဝ) ေပၚရွိ ေမွ်ာ္စင္မွာ ေပါက္ကြဲမႈျဖစ္ရာ အေဆာက္အအုံႏွင့္ မ်က္ေစာင္းထိုး မလွမ္းမကမ္း အေနအထားတြင္ ရွိသည္ကို ေတြ႕ရသည္

“ဗုံးေပါက္လိုက္လို႔ ထိတာက မွန္ကြဲစနဲ႔ထိတာေလာက္ပဲရွိတာ သတိထားမိတာေတာ့။ အကုန္ဝပ္ေနရတယ္။ လမ္းမေပၚေရာ၊ ပလက္ေဖာင္းေပၚေရာ၊ ဆိုင္ခန္းေတြထဲမွာေရာ ေျပးဝပ္ေနရတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆက္ေျပာသည္

ျဖစ္စဥ္အတြင္း ေသဆုံးသည့္ ေထာင္ဝန္ထမ္း ၃ ဦးမွာ အက်ဥ္းဦးစီး တပ္သား ေက်ာ္ဇင္ဦး၊ တပ္သား ခင္မိုးေဝႏွင့္ တပ္သား ပိုးအိဇံတို႔ျဖစ္ၿပီး ေသဆုံးသည့္ အရပ္သား ၅ ဦး စလုံးမွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း အျခားေသာ Myanmar Now သတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္

ေသဆုံးသည့္ အရပ္သားမ်ားထဲတြင္ အင္းစိန္ေထာင္၌ ဖမ္းဆီးခံထားရသည့္ ၂၀၀၇ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ကိုဂ်ိန္း (ခ) ကိုလင္းထက္ႏိုင္၏ မိခင္ အေမၾကည္ ပါဝင္သည္ဟု စုံစမ္းသိရွိရသည္။ မိသားစုထံ ဆက္သြယ္ေမးျမန္းႏိုင္ရန္ ႀကိဳးစားဆဲျဖစ္သည္

ေပါက္ကြဲမႈ၊ ပစ္ခတ္မႈမ်ား ၿငိမ္သက္သြားခ်ိန္တြင္ ေထာင္ဝင္စာ အေဆာက္အအုံအနီး မေပါက္ကြဲေသးသည့္ လက္လုပ္ဗုံး တစ္လုံးထပ္ေတြ႕သျဖင့္ စစ္ေကာင္စီက စစ္ေဆးရွာေဖြမႈမ်ား အရွိန္ျမႇင့္ လုပ္ေဆာင္ေနသည္ဟု အင္းစိန္ေထာင္အနီး ေနထိုင္သူ တစ္ဦးကလည္း ေျပာသည္

“ဘုရင့္ေနာင္လမ္း (ေပၚရွိ ေထာင္) အေနာက္ေပါက္ကေန ေသတဲ့သူေတြေရာ ဒဏ္ရာရတဲ့သူေတြေရာ ထုတ္ေနတယ္” ဟု ၎က ေျပာသည္

အာဏာသိမ္းၿပီး တစ္ႏွစ္ခြဲေက်ာ္အတြင္း ကိုဗစ္ကပ္ေရာဂါကို အေၾကာင္းျပကာ ျမန္မာႏိုင္ငံအသီးသီးရွိ အက်ဥ္းေထာင္မ်ားတြင္ အက်ဥ္းသားမ်ားႏွင့္ မိသားစုဝင္မ်ား ေတြ႕ဆုံခြင့္ကို စစ္ေကာင္စီက ပိတ္ပင္ထားသည္

ထိုအေျခအေနတြင္ စစ္ေကာင္စီ၏ အစားအေသာက္၊ ေဆးဝါးပံ့ပိုးမႈ လြန္စြာ ညံ့ဖ်င္းမႈႏွင့္ ႀကဳံေနရသည့္ အက်ဥ္းသားတို႔မွာ ျပင္ပမွ ပို႔သည့္ ေထာင္ဝင္စာကိုသာ အားထားေနရသည္

ရန္ကုန္ အင္းစိန္ေထာင္တြင္ ေပါက္ကြဲမႈ ျဖစ္ၿပီးေနာက္ မႏၲေလး အိုးဘိုေထာင္၌ ေထာင္ဝင္စာပို႔ခြင့္ ကန႔္သတ္လိုက္ၿပီဆိုေသာ သတင္းမ်ား ထြက္ေပၚေနသည္။ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးပါ

အထက္ပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေကာင္စီထံ ေမး၍မရေသးေပ။ အေသးစိတ္ကို ဆက္လက္ စုံစမ္းေနဆဲျဖစ္သည္။source-ျမန္မာေနာင္း

==========

အင်းစိန်ထောင် ပေါက်ကွဲမှု မျက်မြင် ကြုံခဲ့ရသူ ပြောပြချက်

ပေါက်ကွဲမှုဖြစ်ချိန်တွင် အနီးရှိ လုံခြုံရေးမျှော်စင်ပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့က တရစပ် ပစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက အတည်ပြုသည်

ရန်ကုန်မြို့ အင်းစိန်ထောင်၌ ယနေ့(အောက်တိုဘာ ၁၉) နံနက် ပေါက်ကွဲမှုဖြစ်ချိန်တွင် လုံခြုံရေးမျှော်စင်ပေါ်မှ တရစပ် ပစ်ခတ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူထံမှ သိရသည်

ထောင်ဘူးဝရှေ့ အကျဉ်းသားများအတွက် ထောင်ဝင်စာ ပါဆယ် လက်ခံသည့်နေရာတွင် နံနက် ၉ နာရီ ၄၀ မိနစ်က ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲသည့် ဖြစ်စဉ်အတွင်း အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး၊ အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရာရသွားသည်

ပေါက်ကွဲမှုဖြစ်ချိန်တွင် မျက်နှာချင်းဆိုင်ရှိ မျှော်စင်ပေါ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့က ဗုံးပေါက်သည့် အဆောက်အအုံထံသို့ သေနတ်ဖြင့် ၁၀ ချက် ထက်မနည်းပစ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ မျက်မြင်သက်သေက ပြောသည်

“ရမ်းသရူး ပစ်ချပလိုက်တာ ၁၀ ချက်လောက်ရှိတယ် သေနတ်နဲ့ ။ အဲဒီမှာ ထပ်ထိတယ်။ ထောင်ဝင် စာလာပို့တဲ့ပါဆယ်တွေရော သက်သေတွေရော ရှေ့နေတွေရော အဲဒီနားမှာရှိတယ်။ မြင်လိုက်တဲ့ အချိန်မှာ ၅ ယောက် အနည်းဆုံးထိတာ မြင်တယ်။ ပစ်ခတ်မှုကြောင့် ထိတာက ပိုပြင်းထန်တယ်” ဟု ၎င်းက ဆိုသည်

မျှော်စင်ပေါ်မှ ပစ်ခတ်သူတို့မှာ စစ်တပ်၊ ရဲ၊ အကျဉ်းဦးစီးဝန်ထမ်း မည်သူဖြစ်သည်နှင့် ပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်မှန်း ရှင်းလင်းစွာမသိရသေးပါ

ကောင်းကင်ဓာတ်ပုံအရ အကျဉ်းထောင်အတွင်းသို့ ဝင်ပေါက် (ဘူးဝ) ပေါ်ရှိ မျှော်စင်မှာ ပေါက်ကွဲမှုဖြစ်ရာ အဆောက်အအုံနှင့် မျက်စောင်းထိုး မလှမ်းမကမ်း အနေအထားတွင် ရှိသည်ကို တွေ့ရသည်

“ဗုံးပေါက်လိုက်လို့ ထိတာက မှန်ကွဲစနဲ့ထိတာလောက်ပဲရှိတာ သတိထားမိတာတော့။ အကုန်ဝပ်နေရတယ်။ လမ်းမပေါ်ရော၊ ပလက်ဖောင်းပေါ်ရော၊ ဆိုင်ခန်းတွေထဲမှာရော ပြေးဝပ်နေရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်

ဖြစ်စဉ်အတွင်း သေဆုံးသည့် ထောင်ဝန်ထမ်း ၃ ဦးမှာ အကျဉ်းဦးစီး တပ်သား ကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သား ပိုးအိဇံတို့ဖြစ်ပြီး သေဆုံးသည့် အရပ်သား ၅ ဦး စလုံးမှာ အမျိုးသမီးများဖြစ်ကြောင်း အခြားသော Myanmar Now သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်

သေဆုံးသည့် အရပ်သားများထဲတွင် အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဂျိန်း (ခ) ကိုလင်းထက်နိုင်၏ မိခင် အမေကြည် ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။ မိသားစုထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားဆဲဖြစ်သည်

ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ငြိမ်သက်သွားချိန်တွင် ထောင်ဝင်စာ အဆောက်အအုံအနီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တစ်လုံးထပ်တွေ့သဖြင့် စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု အင်းစိန်ထောင်အနီး နေထိုင်သူ တစ်ဦးကလည်း ပြောသည်

“ဘုရင့်နောင်လမ်း (ပေါ်ရှိ ထောင်) အနောက်ပေါက်ကနေ သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေရော ထုတ်နေတယ်” ဟု ၎င်းက ပြောသည်

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ကိုဗစ်ကပ်ရောဂါကို အကြောင်းပြကာ မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသည်

ထိုအခြေအနေတွင် စစ်ကောင်စီ၏ အစားအသောက်၊ ဆေးဝါးပံ့ပိုးမှု လွန်စွာ ညံ့ဖျင်းမှုနှင့် ကြုံနေရသည့် အကျဉ်းသားတို့မှာ ပြင်ပမှ ပို့သည့် ထောင်ဝင်စာကိုသာ အားထားနေရသည်

ရန်ကုန် အင်းစိန်ထောင်တွင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် မန္တလေး အိုးဘိုထောင်၌ ထောင်ဝင်စာပို့ခွင့် ကန့်သတ်လိုက်ပြီဆိုသော သတင်းများ ထွက်ပေါ်နေသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။source-မြန်မာနောင်း

Leave a Reply

Your email address will not be published. Required fields are marked *