Breaking News- အင္းစိန္ေထာင္ေရွ႕တြင္ ဗုံးေပါက္ကြဲၿပီး ပစ္ခတ္မႈမ်ား ျဖစ္ေပၚၿပီး စစ္တပ္က အလုံးအရင္းျဖင့္ ပိတ္ဆို႔ထား

ရန္ကုန္၊ ေအာက္တိုဘာ ၁၉

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ေထာင္ေရွ႕တြင္ ယေန႔ နံနက္ပိုင္း ဗုံးေပါက္ကြဲၿပီး ပစ္ခတ္မႈမ်ားျဖစ္ေပၚေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္

ေအာက္တိုဘာလ ၁၉ ရက္ေန႔ နံနက္ ၉ နာရီ ၃၃ မိနစ္အခ်ိန္တြင္ ဗုံးေပါက္ကြဲသံ ၂ ခ်က္ ၾကားရေၾကာင္း၊ ယင္းေနာက္ ပစ္ခတ္သံ ၅ ခ်က္၊ ၆ ခ်က္ၾကားရေၾကာင္း၊ အင္းစိန္ေထာင္အနီးေနရာတခ်ိဳ႕ကို စစ္တပ္ က ပိတ္ဆို႔ထားေၾကာင္း သိရွိရသည္

“အင္းစိန္ေထာင္ လုံၿခဳံေရးယူထားတဲ့ စစ္တပ္ကို တိုက္ခိုက္တာလို႔ ေျပာတယ္။ အင္းစိန္ေထာင္ဗူး၀ ေရွ႕မွာ ဗုံး ၂ လုံးေပါက္သံၾကားရတယ္။ ေသနတ္က ၅ခ်က္ ေလာက္ပစ္ၾကတယ္

မိဘေတြလည္း အဲဒီနားမွာ ေက်ာင္းရွိေတာ့ကေလးေတြေျပးေခၚေနၾကတယ္။ စစ္တပ္က တခ်ိဳ႕ေနရာေတြကို ပိတ္ဆို႔ထားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္

အျခားအင္းစိန္ေဒသခံတစ္ဦးကလည္း လက္ရွိတြင္ စစ္တပ္ႏွင့္ရဲမ်ား အင္အားအလုံးအရင္းျဖင့္ေရာက္ရွိေနေၾကာင္း ေျပာဆိုသည္

ဓာတ္ပုံ- အင္းစိန္ေထာင္ေရွ႕ ျမင္ကြင္း။ (ပုံအေဟာင္းျဖစ္သည္)

Photo-AFP။

=========

Breaking News- အင်းစိန်ထောင်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ပြီး စစ်တပ်က အလုံးအရင်းဖြင့် ပိတ်ဆို့ထား

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများဖြစ်ပေါ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံ ၂ ချက် ကြားရကြောင်း၊ ယင်းနောက် ပစ်ခတ်သံ ၅ ချက်၊ ၆ ချက်ကြားရကြောင်း၊ အင်းစိန်ထောင်အနီးနေရာတချို့ကို စစ်တပ် က ပိတ်ဆို့ထားကြောင်း သိရှိရသည်

“အင်းစိန်ထောင် လုံခြုံရေးယူထားတဲ့ စစ်တပ်ကို တိုက်ခိုက်တာလို့ ပြောတယ်။ အင်းစိန်ထောင်ဗူး၀ ရှေ့မှာ ဗုံး ၂ လုံးပေါက်သံကြားရတယ်။ သေနတ်က ၅ချက် လောက်ပစ်ကြတယ်

မိဘတွေလည်း အဲဒီနားမှာ ကျောင်းရှိတော့ကလေးတွေပြေးခေါ်နေကြတယ်။ စစ်တပ်က တချို့နေရာတွေကို ပိတ်ဆို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်

အခြားအင်းစိန်ဒေသခံတစ်ဦးကလည်း လက်ရှိတွင် စစ်တပ်နှင့်ရဲများ အင်အားအလုံးအရင်းဖြင့်ရောက်ရှိနေကြောင်း ပြောဆိုသည်

ဓာတ်ပုံ- အင်းစိန်ထောင်ရှေ့ မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Photo-AFP။

Leave a Reply

Your email address will not be published. Required fields are marked *