မင္းေအာင္လႈိင္အတြက္လုံၿခဳံေရးယူေပးသည့္ယာဥ္တန္း တိုက္ခိုက္ခံရ၊ ဗိုလ္မႉး၊ ဗိုလ္ႀကီး၊ ဒု-ရဲမႉးႏွင့္ ေထာက္လွမ္ေရးအပါအဝင္ ၉ ဦးေသဆုံး၊ ၂၀ ေက်ာ္ဒဏ္ရာရဟုဆို

Salween Press

ေအာက္တိုဘာလ ၁၈ ရက္ေန႔၊ ၂၀၂၂

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အတြက္ ေမာ္လၿမိဳင္မွာလုံၿခဳံေရးသြားယူေပးခဲ့သည့္ လုံၿခဳံေရးယာဥ္တန္းသည္ ေအာက္တိုဘာ ၁၇ ရက္ေန႔ညက ေမာ္လၿမိဳင္မွ ရန္ကုန္အျပန္ အေဝးေျပးကားလမ္းေပၚမွာ တိုက္ခိုက္ခံရၿပီး ၉ ဦးေသဆုံးၿပီး ၂၀ ေက်ာ္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံသတင္းရင္းျမစ္ကေျပာပါတယ္

“မေန႔ ည ၉ နာရီ ၄၀ ေလာက္မွာ သထုံဘက္ျပန္လာတဲ့ စစ္တပ္နဲ႔ရဲကား ၇ စီးပါယာဥ္တန္းကို ေ႐ႊအင္ဒုန္ကုန္းဆင္းမွာ ၁ ႀကိမ္နဲ႔ ေဒါင္းရပ္လမ္းခြဲမွာ တစ္ႀကိမ္မိုင္းဆြဲပစ္ခတ္တယ္

အေရွ႕ကား ၃ စီးေတာ့ေပးလြန္လိုက္တယ္။ ေနာက္ကား ၄ စီးထဲက ပထမေျမာက္အစီးမွာမိုင္းဆြဲလို႔ ေနာက္ကားကအရွိန္နဲ႔ဝင္တိုက္တယ္။ က်န္တစ္စီးက RPG နဲ႔ပစ္တယ္။ ေနာက္ကား ၄ စီးစလုံးပ်က္တယ္။ အဲ့ခ်ိန္မွာ ကိုယ့္လူေတြလက္နက္ငယ္နဲ႔ပါပစ္ခတ္ခဲ့တယ္” လို႔ KNLA တပ္မဟာ ၁ မွ တပ္မႉးတစ္ဦးက Salween Press ကိုေျပာပါတယ္

ေသတဲ့ ၉ ဦးထဲမွာ ဗိုလ္မႉး ၁ ဦး၊ ဗိုလ္ႀကီး ၁ ဦး၊ IO ေထာက္လွမ္းေရး ၁ ဦးႏွင့္တပ္ၾကပ္ႀကီးစာရင္း ၁ ဦး၊ ဘီးလင္းက ဒုရဲမႉး ေအာင္ျမစိုးႏွင့္ ရဲတပ္သားတစ္ဦးပါဝင္တယ္လို႔ အထက္ပါတပ္မႉးကေျပာပါတယ္

စစ္ေကာင္စီေခါင္းေဆာင္အတြက္ လုံၿခဳံေရးသြားယူေပးခဲ့သည့္ စစ္တပ္ႏွင့္ရဲလုံၿခဳံေရးကားေတြဟာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္က ေမာ္လၿမိဳင္-ရန္ကုန္အေဝးေျပးကားလမ္းအျပန္မွာ ၂ ႀကိမ္တိုက္ခိုက္ခံရၿပီး ၉ ဦးေသဆုံးၿပီး ၂၅ ဦးဒဏ္ရာရရွိတယ္လို႔ အဆိုပါတပ္မႉးကဆိုပါတယ္

ဒဏ္ရာရတဲ့ ၂၅ ဦးကို ဘီးလင္းေဆး႐ုံသို႔ ၇ ဦးပို႔ေဆာင္ထားတာသိရွိရၿပီး က်န္သူေတြကိုေတာ့ က်ိဳက္ထိုဘက္ျပန္သယ္ေဆာင္သြားတယ္လို႔ သတင္းရင္းျမစ္ကဆိုပါတယ္

စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္သည္ ေအာက္တိုဘာ ၁၇ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕ႏွင့္ ဘားအံၿမိဳ႕ကို ေလယာဥ္ျဖင့္သြားေရာက္ခဲ့တာျဖစ္ၿပီး ဘားအံၿမိဳ႕မွာေတာ့ ဘားအံၿမိဳ႕ေတာ္ခန္းမကိုလာေရာက္ခဲ့ၿပီး အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းျပခန္း ၅ ခုကိုလည္ပတ္ၾကည့္ရႈခဲ့တယ္လို႔ အားအံၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။ စီးပြားေရးလုပ္ငန္းျပခန္းေတြထဲမွာ NLD အစိုးရလက္ထက္တြင္ ဂ်ပန္အစိုးရႏွင့္ပူးတြဲလုပ္ကိုင္ခဲ့တဲ့ ပိုးခ်ည္လုပ္ငန္းေတြလည္းပါဝင္တယ္လို႔ အဆိုပါေဒသခံကဆိုပါတယ္

စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္က ေမာ္လၿမိဳင္အျပန္မွာ ဘားအံၿမိဳ႕ကို ဝင္ေရာက္လည္ပတ္ခဲ့ၿပီးေနာက္ ရဟတ္ယာဥ္ျဖင့္ျပန္သြားခဲ့တာျဖစ္တယ္လို႔ ေဒသခံသတင္းရင္းျမစ္ကဆိုပါတယ္

ဓာတ္ပုံ – စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ စီးနင္းသည့္ေလယာဥ္ကိုေတြ႕ရစဥ္။ (Photo: Supplied)

Salweenpress

=========

မင်းအောင်လှိုင်အတွက်လုံခြုံရေးယူပေးသည့်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဒု-ရဲမှူးနှင့် ထောက်လှမ်ရေးအပါအဝင် ၉ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရဟုဆို

Salween Press

အောက်တိုဘာလ ၁၈ ရက်နေ့၊ ၂၀၂၂

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် မော်လမြိုင်မှာလုံခြုံရေးသွားယူပေးခဲ့သည့် လုံခြုံရေးယာဉ်တန်းသည် အောက်တိုဘာ ၁၇ ရက်နေ့ညက မော်လမြိုင်မှ ရန်ကုန်အပြန် အဝေးပြေးကားလမ်းပေါ်မှာ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်

“မနေ့ ည ၉ နာရီ ၄၀ လောက်မှာ သထုံဘက်ပြန်လာတဲ့ စစ်တပ်နဲ့ရဲကား ၇ စီးပါယာဉ်တန်းကို ရွှေအင်ဒုန်ကုန်းဆင်းမှာ ၁ ကြိမ်နဲ့ ဒေါင်းရပ်လမ်းခွဲမှာ တစ်ကြိမ်မိုင်းဆွဲပစ်ခတ်တယ်

အရှေ့ကား ၃ စီးတော့ပေးလွန်လိုက်တယ်။ နောက်ကား ၄ စီးထဲက ပထမမြောက်အစီးမှာမိုင်းဆွဲလို့ နောက်ကားကအရှိန်နဲ့ဝင်တိုက်တယ်။ ကျန်တစ်စီးက RPG နဲ့ပစ်တယ်။ နောက်ကား ၄ စီးစလုံးပျက်တယ်။ အဲ့ချိန်မှာ ကိုယ့်လူတွေလက်နက်ငယ်နဲ့ပါပစ်ခတ်ခဲ့တယ်” လို့ KNLA တပ်မဟာ ၁ မှ တပ်မှူးတစ်ဦးက Salween Press ကိုပြောပါတယ်

သေတဲ့ ၉ ဦးထဲမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ IO ထောက်လှမ်းရေး ၁ ဦးနှင့်တပ်ကြပ်ကြီးစာရင်း ၁ ဦး၊ ဘီးလင်းက ဒုရဲမှူး အောင်မြစိုးနှင့် ရဲတပ်သားတစ်ဦးပါဝင်တယ်လို့ အထက်ပါတပ်မှူးကပြောပါတယ်

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးကားတွေဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းအပြန်မှာ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိတယ်လို့ အဆိုပါတပ်မှူးကဆိုပါတယ်

ဒဏ်ရာရတဲ့ ၂၅ ဦးကို ဘီးလင်းဆေးရုံသို့ ၇ ဦးပို့ဆောင်ထားတာသိရှိရပြီး ကျန်သူတွေကိုတော့ ကျိုက်ထိုဘက်ပြန်သယ်ဆောင်သွားတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၇ ရက်နေ့က မော်လမြိုင်မြို့နှင့် ဘားအံမြို့ကို လေယာဉ်ဖြင့်သွားရောက်ခဲ့တာဖြစ်ပြီး ဘားအံမြို့မှာတော့ ဘားအံမြို့တော်ခန်းမကိုလာရောက်ခဲ့ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းပြခန်း ၅ ခုကိုလည်ပတ်ကြည့်ရှုခဲ့တယ်လို့ အားအံမြို့ခံတစ်ဦးက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းပြခန်းတွေထဲမှာ NLD အစိုးရလက်ထက်တွင် ဂျပန်အစိုးရနှင့်ပူးတွဲလုပ်ကိုင်ခဲ့တဲ့ ပိုးချည်လုပ်ငန်းတွေလည်းပါဝင်တယ်လို့ အဆိုပါဒေသခံကဆိုပါတယ်

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က မော်လမြိုင်အပြန်မှာ ဘားအံမြို့ကို ဝင်ရောက်လည်ပတ်ခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့်ပြန်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်

ဓာတ်ပုံ – စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် စီးနင်းသည့်လေယာဉ်ကိုတွေ့ရစဉ်။ (Photo: Supplied)

Salweenpress

Leave a Reply

Your email address will not be published. Required fields are marked *