ဝမ္းတြင္းၿမိဳ႕တြင္ ၿမိဳ႕နယ္ေထြ/အုပ္ အုပ္ခ်ဳပ္‌ေရးမႉး ၊ ၿမိဳ႕နယ္ရဲစခန္းမႉး ပစ္သတ္ ခံရၿပီးေနာက္ Non-CDM ဝန္ထမ္းအားလုံး စိုးရိမ္ေၾကာက္လန႔္၊ ရာထူးမွ ႏုတ္ထြက္ျခင္း ထြက္ေျပးမႈမ်ားျဖစ္ေပၚ

စစ္ေကာင္စီ ဖြဲ႕စည္းေပးထာသည့္ ေက်း႐ြာမီးလင္းေရး ေကာ္မတီ အဖြဲ႕ ဖ်က္ သိမ္းၿပီး ျပည္သူမ်ား မီတာခမ်ား ျပန္လာ ယူရန္ ေလာ္စပီကာျဖင့္ေၾကညာၿပီး Facebook မွ Live လႊင့္

ရန္ကုန္၊ ေအာက္တိုဘာ ၁၈

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕တြင္ ၿမိဳ႕နယ္ေထြ/အုပ္အုပ္ခ်ဳပ္‌ေရးမႉး ၊ ၿမိဳ႕နယ္ရဲစခန္းမႉး ပစ္သတ္ခံရၿပီးေနာက္ Non-CDM ဝန္ထမ္းအားလုံး စိုးရိမ္ေၾကာက္လန႔္ေနၾကကာ ဝန္ထမ္းတခ်ိဳ႕ရာထူးမွ ႏုတ္ထြက္ၿပီး တခ်ိဳ႕ထြက္ေျပးၾကေၾကာင္း သိရွိရသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔ ညေနပိုင္းတြင္ ဝမ္းတြင္းၿမိဳ႕နယ္ရဲစခန္းမွ စခန္းမႉး ရဲအုပ္ ေစာႏိုင္ဦး(ခ)ဗိုလ္ေစာကိုလည္းေကာင္း၊ ေအာက္တိုဘာလ ၁၇ ရက္ေန႔တြင္ ဝမ္းတြင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ေက်ာ္မိုးဦး ကိုလည္း ေကာင္း ဝမ္းတြင္း ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕WTRF ကရွင္းလင္းသျဖင့္ ေသဆုံးသြားၾကေၾကာင္း သိရွိရသည္။

“အခု ၿမိဳ႕ေပၚ ဌာနဆိုင္ရာ ဝန္ထမ္းေတြ အကုန္ေၾကာက္ေနၾကတယ္။ အျပင္ထြက္ဖို႔ေတာင္မဝံ့မရဲ ျဖစ္ကုန္တယ္။ တခ်ိဳ႕ ဝန္ထမ္းေတြလည္း အေဝးသင္ဆိုၿပီး ျပန္မလာတာေတြလည္းရွိတယ္။ တခ်ိဳ႕လည္း ခြင့္ဆိုၿပီး ခဏေရွာင္သြားတာေတြလည္းရွိတယ္။ အေရအတြက္ အတိအက်နဲ႔ေတာ့ ဘယ္ေလာက္ရွိမယ္မွန္းေတာ့မသိဘူး။

တခ်ိဳ႕ ေက်ာင္း ဆရာ၊ ဆရာမေတြလည္း ေရွာင္တာေတြကုန္ၾကၿပီ” ဟု ဝမ္းတြင္း ဌာနဆိုင္ရာ ဝန္ထမ္းသတင္းရပ္ကြက္က ေျပာသည္။

ထို႔ျပင္ ဝမ္းတြင္းၿမိဳ႕နယ္၊နဘဲကန္စံျပေက်း႐ြာမွ စစ္ေကာင္စီက ဖြဲ႕စည္းေပးထားသည့္ ေက်း႐ြာ ေက်းလက္မီးလင္းေရး အဖြဲ႕ ကို ဖ်က္သိမ္းလိုက္ၿပီး မီတာေၾကးမ်ားေပးသြင္းၾကရန္ႏွင့္ မေပးေဆာင္ပါက မီတာပုံးမ်ားျဖဳတ္သိမ္းမည္ဟု ေျပာခဲ့သူမ်ားျဖစ္ၾကသည့္ နဘဲကန္ေက်း႐ြာေနမွ ဦးဝင္းေက်ာ္၊

ဦးဝင္းေဇာ္၊ ဦးလွဝင္းႏွင့္ဦးေအာင္မ်ိဳးဝင္းတို႔ကလည္း ေက်း႐ြာမီးလင္းေရးေကာ္မတီမွ ႏုတ္ထြက္ေၾကာင္း၊ ေကာက္ခံထားေသာ မီတာခမ်ားကို ျပည္သူမ်ား ျပန္လာယူၾကရန္ ေလာ္စပီကာျဖင့္ ေအာ္ၿပီး Facebook မွလည္း Live လႊင့္ေၾကာင္း Voice Of Wundwin ထံမွ သိရွိရသည္။

===

ဝမ်းတွင်းမြို့တွင် မြို့နယ်ထွေ/အုပ် အုပ်ချုပ်‌ရေးမှူး ၊ မြို့နယ်ရဲစခန်းမှူး ပစ်သတ် ခံရပြီးနောက် Non-CDM ဝန်ထမ်းအားလုံး စိုးရိမ်ကြောက်လန့်၊ ရာထူးမှ နုတ်ထွက်ခြင်း ထွက်ပြေးမှုများဖြစ်ပေါ်

စစ်ကောင်စီ ဖွဲ့စည်းပေးထာသည့် ကျေးရွာမီးလင်းရေး ကော်မတီ အဖွဲ့ ဖျက် သိမ်းပြီး ပြည်သူများ မီတာခများ ပြန်လာ ယူရန် လော်စပီကာဖြင့်ကြေညာပြီး Facebook မှ Live လွှင့်

ရန်ကုန်၊ အောက်တိုဘာ ၁၈

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မြို့နယ်ထွေ/အုပ်အုပ်ချုပ်‌ရေးမှူး ၊ မြို့နယ်ရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက် Non-CDM ဝန်ထမ်းအားလုံး စိုးရိမ်ကြောက်လန့်နေကြကာ ဝန်ထမ်းတချို့ရာထူးမှ နုတ်ထွက်ပြီး တချို့ထွက်ပြေးကြကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကိုလည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်မိုးဦး ကိုလည်း ကောင်း ဝမ်းတွင်း မြို့ပြပျောက်ကျားတပ်ဖွဲ့WTRF ကရှင်းလင်းသဖြင့် သေဆုံးသွားကြကြောင်း သိရှိရသည်။

“အခု မြို့ပေါ် ဌာနဆိုင်ရာ ဝန်ထမ်းတွေ အကုန်ကြောက်နေကြတယ်။ အပြင်ထွက်ဖို့တောင်မဝံ့မရဲ ဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေလည်း အဝေးသင်ဆိုပြီး ပြန်မလာတာတွေလည်းရှိတယ်။ တချို့လည်း ခွင့်ဆိုပြီး ခဏရှောင်သွားတာတွေလည်းရှိတယ်။ အရေအတွက် အတိအကျနဲ့တော့ ဘယ်လောက်ရှိမယ်မှန်းတော့မသိဘူး။

တချို့ ကျောင်း ဆရာ၊ ဆရာမတွေလည်း ရှောင်တာတွေကုန်ကြပြီ” ဟု ဝမ်းတွင်း ဌာနဆိုင်ရာ ဝန်ထမ်းသတင်းရပ်ကွက်က ပြောသည်။

ထို့ပြင် ဝမ်းတွင်းမြို့နယ်၊နဘဲကန်စံပြကျေးရွာမှ စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ကျေးရွာ ကျေးလက်မီးလင်းရေး အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး မီတာကြေးများပေးသွင်းကြရန်နှင့် မပေးဆောင်ပါက မီတာပုံးများဖြုတ်သိမ်းမည်ဟု ပြောခဲ့သူများဖြစ်ကြသည့် နဘဲကန်ကျေးရွာနေမှ ဦးဝင်းကျော်၊

ဦးဝင်းဇော်၊ ဦးလှဝင်းနှင့်ဦးအောင်မျိုးဝင်းတို့ကလည်း ကျေးရွာမီးလင်းရေးကော်မတီမှ နုတ်ထွက်ကြောင်း၊ ကောက်ခံထားသော မီတာခများကို ပြည်သူများ ပြန်လာယူကြရန် လော်စပီကာဖြင့် အော်ပြီး Facebook မှလည်း Live လွှင့်ကြောင်း Voice Of Wundwin ထံမှ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *