
ရန်ကုန်၊ အောက်တိုဘာ ၁၈




========

မုံရွာမြို့ပေါ်ရှိ စစ်ကိုင်းတိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကိုင်းတိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးကို ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မုံရွာ နတ်ဆိုးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန် စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေး ရေး စသုံးလုံးရုံးဂိတ်ပေါက်တွင် စောင့်နေသော စစ်သားများကို ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်မှုတွင် ထိခိုက် ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင့် မုံရွာ နတ်ဆိုးအဖွဲ့က ပြောသည်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန သတင်းရပ်ကွက်ကမူ ယနေ့ နံနက်ပိုင်း မုံရွာမြို့ပေါ်ရှိ စစ်ကိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးကို အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်

Leave a Reply

Your email address will not be published. Required fields are marked *