၂ ႏွစ္ၾကာ ရပ္နားထားခဲ့တဲ့ ျပင္ဦးလြင္ ပန္းပြဲေတာ္ ျပန္လည္က်င္းပသြားမည္ဟုသိရ

ျပင္ဦးလြင္ ပန္းပြဲေတာ္ကို ယခုႏွစ္ကုန္ပိုင္းမွာ ျပန္လည္က်င္းပသြားဖို႔ ရွိတယ္လို႔ သိရပါတယ္

ၿပီးခဲ့တဲ့ႏွစ္ေတြက ကိုဗစ္ေၾကာင့္ ၂ ႏွစ္ၾကာ မက်င္းပႏိုင္ခဲ့တဲ့ ျပင္ဦးလြင္ပန္းပြဲေတာ္ကို လာမယ့္ဒီဇင္ဘာလအတြင္း စည္ကားသိုက္ၿမိဳက္စြာျပန္လည္က်င္းပသြားမွာျဖစ္တယ္လို႔ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္အုပ္ခ်ဳပ္ေရးအဖြဲ႕ကေျပာဆိုထားပါတယ္

ယခုလာမယ့္ ဒီဇင္ဘာလမွာ ၁၅ ႀကိမ္ေျမာက္ျပင္ဦးလြင္ပန္းပြဲေတာ္ကို ဒီဇင္ဘာ ၁၅ ရက္မွ ဇန္နဝါရီ ၁၅ ရက္အထိတစ္လၾကာ က်င္းပသြားမွာျဖစ္ၿပီး ပန္းပြဲေတာ္နဲ႔အတူေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ ေဈးေရာင္းပြဲေတာ္ေတြကိုထည့္သြင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္

ျပင္ဦးလြင္ ပန္းပြဲေတာ္ကို အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္မွာ ႏွစ္စဥ္ႏွစ္တိုင္း ပန္းပြဲေတာ္အျဖစ္ က်င္းပခဲ့ေပမယ့္ ကပ္ေရာဂါေၾကာင့္ ၂၀၁၉ ခုႏွစ္က ေနာက္ဆုံးက်င္းပခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္နဲ႔ ၂၀၂၁ ခုႏွစ္တို႔မွာ က်င္းပႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္

ယခုလာမယ့္ ဒီဇင္ဘာမွာ ၁ လၾကာ က်င္းပျပဳလုပ္မယ့္ ျပင္ဦးလြင္ပန္းပြဲေတာ္ကို ေဒသထြက္ကုန္ေတြ၊ ဆြယ္တာအထည္ေတြ၊ လက္မႈပစၥည္းေတြ၊

အမွတ္တရပစၥည္းေတြပါဝင္ေရာင္းခ်ႏိုင္ဖို႔အတြက္ဆိုင္ခန္းေတြကိုအေရာင္းျပခန္းက႑တစ္ရပ္အေနနဲ႔ထည့္သြင္းစီစဥ္သြားမယ္လို႔ဆိုပါတယ္

==========

၂ နှစ်ကြာ ရပ်နားထားခဲ့တဲ့ ပြင်ဦးလွင် ပန်းပွဲတော် ပြန်လည်ကျင်းပသွားမည်ဟုသိရ

ပြင်ဦးလွင် ပန်းပွဲတော်ကို ယခုနှစ်ကုန်ပိုင်းမှာ ပြန်လည်ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်

ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ကြောင့် ၂ နှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလအတွင်း စည်ကားသိုက်မြိုက်စွာပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုထားပါတယ်

ယခုလာမယ့် ဒီဇင်ဘာလမှာ ၁၅ ကြိမ်မြောက်ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိတစ်လကြာ ကျင်းပသွားမှာဖြစ်ပြီး ပန်းပွဲတော်နဲ့အတူဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်တွေကိုထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်

ပြင်ဦးလွင် ပန်းပွဲတော်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်နှစ်တိုင်း ပန်းပွဲတော်အဖြစ် ကျင်းပခဲ့ပေမယ့် ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်

ယခုလာမယ့် ဒီဇင်ဘာမှာ ၁ လကြာ ကျင်းပပြုလုပ်မယ့် ပြင်ဦးလွင်ပန်းပွဲတော်ကို ဒေသထွက်ကုန်တွေ၊ ဆွယ်တာအထည်တွေ၊ လက်မှုပစ္စည်းတွေ၊

အမှတ်တရပစ္စည်းတွေပါဝင်ရောင်းချနိုင်ဖို့အတွက်ဆိုင်ခန်းတွေကိုအရောင်းပြခန်းကဏ္ဍတစ်ရပ်အနေနဲ့ထည့်သွင်းစီစဉ်သွားမယ်လို့ဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *