ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးရပ္ေျမတြင္ ကင္းလွည့္ရဲမ်ား တိုက္ခိုက္ခံရ၊ ၄ ဦးေသ

ဆိုင္ကယ္ေလးစီးျဖင့္ ေရာက္လာသည့္ လက္နက္အျပည့္အစုံပါ ရဲတပ္ဖြဲ႕ ၈ ဦးကို ခုခံတိုက္ခိုက္သည့္ ေဒသကာကြယ္ေရးအဖြဲ႕ဝင္ ၉ ဦးတြင္ ေသနတ္အတိုတစ္လက္၊ အရွည္တစ္လက္သာ ပါရွိၿပီး အခ်ိဳ႕အဖြဲ႕ဝင္မ်ားက ငွက္ႀကီးေတာင္ဓားျဖင့္ ဝင္ေရာက္တိုက္ခိုက္သည္ဟု သိရသည္

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးရပ္ေျမျဖစ္ေသာ မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ ယခုလ ၁၆ ရက္ေန႔ က ကင္းလွည့္လာသည့္ ရဲမ်ားတိုက္ခိုက္ခံရၿပီး ၄ ဦးေသဆုံးကာ ေသနတ္ ၂ လက္လည္း ဆုံးရႈံးခဲ့သည္

နတ္ေမာက္ၿမိဳ႕ အေရွ႕ဘက္ ၁၇ မိုင္ခန႔္အကြာရွိ ဖက္ေတာေရ႐ြာအနီးတြင္ ကင္းလွည့္လာသည့္ ရဲ ၈ ဦးႏွင့္ ေဒသကာကြယ္ေရးအဖြဲ႕ဝင္ ၉ ဦး ထိပ္တိုက္ေတြ႕ကာ အျပန္အလွန္တိုက္ခိုက္ၾကစဥ္ ေသနတ္ အတိုတစ္လက္ႏွင့္ အရွည္တစ္လက္သာပါေသာ ႐ြာကာကြယ္ေရးအဖြဲ႕ဝင္မ်ားက ငွက္ႀကီးေတာင္ ဓားမ်ားျဖင့္ပါ ဝင္ခုတ္ခဲ့သည္ဟု သိရသည္

နာရီဝက္နီးပါးအၾကာ တိုက္ပြဲအၿပီး သိမ္းဆည္းရမိေသာ ေသနတ္အမ်ိဳးအစားအရ ရဲတပ္ဖြဲ႕ဝင္မ်ား ျဖစ္သည္ဟု ေဒသကာ ကြယ္ေရးအဖြဲ႕ဘက္က ဆိုေသာ္လည္း တိုက္ခိုက္ခံရသည့္ ရဲမ်ားႏွင့္အတူ စစ္သားမ်ားပါမပါ ေသခ်ာစြာ မသိရေပ

ဆိုင္ကယ္ေလးစီးျဖင့္ ေရာက္လာသည့္ လက္နက္အျပည့္အစုံပါ ရဲတပ္ဖြဲ႕ ၈ ဦးကို ခုခံတိုက္ခိုက္ခဲ့သည့္ ေဒသကာကြယ္ေရးအဖြဲ႕ဝင္ ၉ ဦးမွာ ဂဠဳန္တပ္(နတ္ေမာက္) ႏွင့္ ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးတပ္မ ေတာ္မွ ျဖစ္သည္ဟု သိရသည္

“သုံးေယာက္က ေရွ႕တင္က်တယ္။ ေနာက္တစ္ေယာက္ကေတာ့ ဆိုင္ကယ္ဘက္ ေျပးသြားတဲ့အခ်ိန္ မွာက်တာ” ဟု တိုက္ခိုက္ရာတြင္ ပါဝင္ခဲ့သည့္ ဗိႆႏိုးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ထန္ထြဋ္ဆိုသူ က ေျပာသည္

၎တို႔တြင္ ေမာင္းျပန္တစ္လက္ႏွင့္ ပစၥတိုတစ္လက္သာပါဝင္ၿပီး လက္နက္အင္အား မမွ်ေသာ္လည္း ရဲမ်ားကို ပစ္ခတ္ၿပီးေနာက္ ငွက္ႀကီးေတာင္ဓား ကိုင္ထားသည့္ အဖြဲ႕ဝင္မ်ားက ဝင္ေရာက္တိုက္ခိုက္ ခဲ့ျခင္းျဖစ္ေၾကာင္း ဂဠဳန္တပ္တာဝန္ခံ ဗိုလ္ေအာင္ဒင္ကလည္း ေျပာသည္

“အရွည္ပါတဲ့သူနဲ႔ အတိုပါတဲ့သူက ပစ္ေနတဲ့အခ်ိန္မွာ ေခြးေတြက ဆိုင္ကယ္နဲ႔လာေတာ့ ဆိုင္ကယ္ လဲေတာ့ ဓါးနဲ႔ဝင္ခုတ္ၾကတယ္။ ႏွစ္ေယာက္က က်ည္ထိတယ္။ ဒါေပမဲ့ မေသဘူး။ ထၿပီးေတာ့ ျပန္ပစ္တယ္။…ၿပီးေတာ့ ဓါးနဲ႔ဝင္ခုတ္တာေပါ့” ဟု ၎က ဆိုသည္

က်ည္မေလာက္သျဖင့္ ျပန္ဆုတ္ခြာရခ်ိန္တြင္ ေသဆုံးသည့္ ရဲ ၄ ဦးထံမွ ေသနတ္ႏွစ္လက္ကိုသာ ေကာက္ယူႏိုင္ခဲ့ေၾကာင္းလည္း ဗိုလ္ေအာင္ဒင္က ေျပာသည္

“က်ည္ ၁၄ ေတာင့္ပဲ ပါတာ။ ေနာက္ဆုံးပိတ္ တစ္ေတာင့္ခ်န္ထားၿပီးေတာ့ ‌ေနာက္ျပန္ဆုတ္တဲ့ အခ်ိန္ မွာ ေသနတ္ ၂ လက္ကေတာ့ ရလာတာေပါ့။ ကြၽန္ေတာ္တို႔က က်ည္ကုန္သြားတာ။ အဲ့ဒီေတာ့ (က်န္) လက္နက္ ၂ လက္က မေကာက္ႏိုင္ခဲ့ဘူး

က်န္ရဲတပ္ဖြဲ႕ဝင္မ်ားက ဒိုင္ခံပစ္ခတ္ေနသည့္အတြက္ ေသနတ္ႏွစ္လက္ကိုသာ ေကာက္ယူၿပီး အခ်ိန္မီ ျပန္ဆုတ္ခဲ့ရသည္ဟု သိရသည္

၎တို႔ဘက္မွ ေသနတ္သြားေကာက္သူတစ္ဦးႏွင့္ က်န္အဖြဲ႕ဝင္တစ္ဦး ေက်ာႏွင့္ေပါင္တြင္ က်ည္ထိမွန္ ဒဏ္ရာရခဲ့ေသာ္လည္း မျပင္းထန္ေၾကာင္း ဗိုလ္ေအာင္ဒင္ထံမွ သိရသည္

ထိုသို႔တိုက္ခိုက္အၿပီး ၂ နာရီခန႔္အၾကာ ည ၁၁ နာရီတြင္ စစ္သား ၆၀ နီးပါး ဖက္ေတာေရ႐ြာသို႔ ေရာက္ ရွိလာကာ ရာႏွင့္ခ်ီေသာ ေဒသခံ ၁၆၀ နီးပါးကို ဖမ္းဆီးခဲ့သည္ဟုလည္း သိရသည္

ယမန္ေန႔ (ေအာက္တိုဘာ ၁၇) ညေနပိုင္းတြင္ အမ်ိဳးသမီး ၇၀ ခန႔္ကို ျပန္လႊတ္ေပးခဲ့ေသာ္လည္း အမ်ိဳး သား ၉၀ ခန႔္ကို ယေန႔ နံနက္ပိုင္းအထိ ဆက္လက္ဖမ္းထားကာ ႐ိုက္ႏွက္စစ္ေဆးေနေၾကာင္းလည္း ေဒသခံတို႔က ဆိုသည္

ဖမ္းဆီးခံထားရသည့္အမ်ိဳးသားမ်ားအနက္ လူလတ္ပိုင္းအ႐ြယ္သာမက အသက္မျပည့္ေသးသည့္ ၁၄ ႏွစ္အ႐ြယ္ ၆ တန္းေက်ာင္းသားမ်ားထိပင္ ပါဝင္ေၾကာင္း၊ စစ္တပ္က ႐ြာသူ႐ြာသားမ်ားကို ဖမ္းဆီး စစ္ေဆးေနသည့္အျပင္ ေနအိမ္ငါးလုံးလည္း မီးရႈိ႕ဖ်က္ဆီးထားသည္ဟု သိရသည္

ဖက္ေတာေရ႐ြာကို စစ္တပ္က စီးနင္းထားသည့္အတြက္ အနီးဝန္းက်င္ရွိ သဗြတ္ပင္၊ ေက်ာက္အိုး၊ ကန္သာ႐ြာတို႔မွ ေဒသခံမ်ားလည္း နီထြက္ေျပး တိမ္းေရွာင္ေနရသည္

ႏိုင္ငံအေနာက္ေျမာက္ပိုင္းရွိ စစ္ကိုင္းတိုင္းနည္းတူ အလယ္ပိုင္းရွိ ဗမာလူမ်ိဳးအမ်ားစု ေနထိုင္ရာ မေကြးတိုင္းတြင္လည္း ေဒသခံမ်ားကို အာဏာသိမ္းစစ္တပ္က ခုခံေတာ္လွန္ေနၿပီး ပစ္ခတ္တိုက္ခိုက္ မႈႏွင့္ ဖမ္းဆီးသတ္ျဖတ္မႈမ်ားလည္း မၾကာခဏ ျဖစ္ပြားေနသည္

source-ျမန္မာေနာင္း

=====

ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်မြေတွင် ကင်းလှည့်ရဲများ တိုက်ခိုက်ခံရ၊ ၄ ဦးသေ

ဆိုင်ကယ်လေးစီးဖြင့် ရောက်လာသည့် လက်နက်အပြည့်အစုံပါ ရဲတပ်ဖွဲ့ ၈ ဦးကို ခုခံတိုက်ခိုက်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးတွင် သေနတ်အတိုတစ်လက်၊ အရှည်တစ်လက်သာ ပါရှိပြီး အချို့အဖွဲ့ဝင်များက ငှက်ကြီးတောင်ဓားဖြင့် ဝင်ရောက်တိုက်ခိုက်သည်ဟု သိရသည်

ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယခုလ ၁၆ ရက်နေ့ က ကင်းလှည့်လာသည့် ရဲများတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကာ သေနတ် ၂ လက်လည်း ဆုံးရှုံးခဲ့သည်

နတ်မောက်မြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာရှိ ဖက်တောရေရွာအနီးတွင် ကင်းလှည့်လာသည့် ရဲ ၈ ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၉ ဦး ထိပ်တိုက်တွေ့ကာ အပြန်အလှန်တိုက်ခိုက်ကြစဉ် သေနတ် အတိုတစ်လက်နှင့် အရှည်တစ်လက်သာပါသော ရွာကာကွယ်ရေးအဖွဲ့ဝင်များက ငှက်ကြီးတောင် ဓားများဖြင့်ပါ ဝင်ခုတ်ခဲ့သည်ဟု သိရသည်

နာရီဝက်နီးပါးအကြာ တိုက်ပွဲအပြီး သိမ်းဆည်းရမိသော သေနတ်အမျိုးအစားအရ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဒေသကာ ကွယ်ရေးအဖွဲ့ဘက်က ဆိုသော်လည်း တိုက်ခိုက်ခံရသည့် ရဲများနှင့်အတူ စစ်သားများပါမပါ သေချာစွာ မသိရပေ

ဆိုင်ကယ်လေးစီးဖြင့် ရောက်လာသည့် လက်နက်အပြည့်အစုံပါ ရဲတပ်ဖွဲ့ ၈ ဦးကို ခုခံတိုက်ခိုက်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးမှာ ဂဠုန်တပ်(နတ်မောက်) နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မ တော်မှ ဖြစ်သည်ဟု သိရသည်

“သုံးယောက်က ရှေ့တင်ကျတယ်။ နောက်တစ်ယောက်ကတော့ ဆိုင်ကယ်ဘက် ပြေးသွားတဲ့အချိန် မှာကျတာ” ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဗိဿနိုးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်ဆိုသူ က ပြောသည်

၎င်းတို့တွင် မောင်းပြန်တစ်လက်နှင့် ပစ္စတိုတစ်လက်သာပါဝင်ပြီး လက်နက်အင်အား မမျှသော်လည်း ရဲများကို ပစ်ခတ်ပြီးနောက် ငှက်ကြီးတောင်ဓား ကိုင်ထားသည့် အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဂဠုန်တပ်တာဝန်ခံ ဗိုလ်အောင်ဒင်ကလည်း ပြောသည်

“အရှည်ပါတဲ့သူနဲ့ အတိုပါတဲ့သူက ပစ်နေတဲ့အချိန်မှာ ခွေးတွေက ဆိုင်ကယ်နဲ့လာတော့ ဆိုင်ကယ် လဲတော့ ဓါးနဲ့ဝင်ခုတ်ကြတယ်။ နှစ်ယောက်က ကျည်ထိတယ်။ ဒါပေမဲ့ မသေဘူး။ ထပြီးတော့ ပြန်ပစ်တယ်။…ပြီးတော့ ဓါးနဲ့ဝင်ခုတ်တာပေါ့” ဟု ၎င်းက ဆိုသည်

ကျည်မလောက်သဖြင့် ပြန်ဆုတ်ခွာရချိန်တွင် သေဆုံးသည့် ရဲ ၄ ဦးထံမှ သေနတ်နှစ်လက်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်းလည်း ဗိုလ်အောင်ဒင်က ပြောသည်

“ကျည် ၁၄ တောင့်ပဲ ပါတာ။ နောက်ဆုံးပိတ် တစ်တောင့်ချန်ထားပြီးတော့ ‌နောက်ပြန်ဆုတ်တဲ့ အချိန် မှာ သေနတ် ၂ လက်ကတော့ ရလာတာပေါ့။ ကျွန်တော်တို့က ကျည်ကုန်သွားတာ။ အဲ့ဒီတော့ (ကျန်) လက်နက် ၂ လက်က မကောက်နိုင်ခဲ့ဘူး

ကျန်ရဲတပ်ဖွဲ့ဝင်များက ဒိုင်ခံပစ်ခတ်နေသည့်အတွက် သေနတ်နှစ်လက်ကိုသာ ကောက်ယူပြီး အချိန်မီ ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်

၎င်းတို့ဘက်မှ သေနတ်သွားကောက်သူတစ်ဦးနှင့် ကျန်အဖွဲ့ဝင်တစ်ဦး ကျောနှင့်ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့သော်လည်း မပြင်းထန်ကြောင်း ဗိုလ်အောင်ဒင်ထံမှ သိရသည်

ထိုသို့တိုက်ခိုက်အပြီး ၂ နာရီခန့်အကြာ ည ၁၁ နာရီတွင် စစ်သား ၆၀ နီးပါး ဖက်တောရေရွာသို့ ရောက် ရှိလာကာ ရာနှင့်ချီသော ဒေသခံ ၁၆၀ နီးပါးကို ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်

ယမန်နေ့ (အောက်တိုဘာ ၁၇) ညနေပိုင်းတွင် အမျိုးသမီး ၇၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုး သား ၉၀ ခန့်ကို ယနေ့ နံနက်ပိုင်းအထိ ဆက်လက်ဖမ်းထားကာ ရိုက်နှက်စစ်ဆေးနေကြောင်းလည်း ဒေသခံတို့က ဆိုသည်

ဖမ်းဆီးခံထားရသည့်အမျိုးသားများအနက် လူလတ်ပိုင်းအရွယ်သာမက အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသားများထိပင် ပါဝင်ကြောင်း၊ စစ်တပ်က ရွာသူရွာသားများကို ဖမ်းဆီး စစ်ဆေးနေသည့်အပြင် နေအိမ်ငါးလုံးလည်း မီးရှို့ဖျက်ဆီးထားသည်ဟု သိရသည်

ဖက်တောရေရွာကို စစ်တပ်က စီးနင်းထားသည့်အတွက် အနီးဝန်းကျင်ရှိ သဗွတ်ပင်၊ ကျောက်အိုး၊ ကန်သာရွာတို့မှ ဒေသခံများလည်း နီထွက်ပြေး တိမ်းရှောင်နေရသည်

နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းနည်းတူ အလယ်ပိုင်းရှိ ဗမာလူမျိုးအများစု နေထိုင်ရာ မကွေးတိုင်းတွင်လည်း ဒေသခံများကို အာဏာသိမ်းစစ်တပ်က ခုခံတော်လှန်နေပြီး ပစ်ခတ်တိုက်ခိုက် မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားနေသည်

source-မြန်မာနောင်း

Leave a Reply

Your email address will not be published. Required fields are marked *