



=============

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆင်မကတော့ ပရိသတ်ကြီးအားလုံး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဆင်မဟာ ဇာတ်ရုပ်မျိုးစုံမှာ သရုပ်ဆောင်နိုင်သူဖြစ်ပြီး အနုပညာလောကနဲ့ အသားကျနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး

လက်ရှိမှာတော့ ဆင်မက စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ တရားတဲ့ဓမ္မဘက်ကရပ်တည်ခဲ့တာကြောင့် စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့ကတော့ ဆင်မရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်

ဆင်မဟာ တစ်နှစ်မှာတစ်ခါသာကျရောက်တဲ့ မွေးနေ့မှာ အင်းစိန်ထောင်ထဲရောက်ရှိနေတာကြောင့် သူ့ရဲ့ မိသားစုတွေနဲ့လည်း မတွေ့ရပဲ တစ်ယောက်တည်းသာ တိတ်တိတ်ဆိတ်ဆိတ်နဲ့သာ ဖြတ်သန်းနေရမှာ သေချာပါတယ်။ အခြားသော ဖမ်းဆီးခံထားရတဲ့

အနုပညာရှင်အချို့ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပေမယ့် ဆင်မကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရကာ အခုဆို ဖမ်းဆီးခံထားရတာ တစ်နှစ်ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *