မုံ႐ြာ – မႏၲေလးလမ္းေပၚ လူႏွစ္ဦးေသဆုံးခဲ့သည့္ တိုက္ေျပးယာဥ္ တာဝန္ယူေျဖရွင္းေပးမည္ဟု မုံ႐ြာ (ပလဖ)ထံ ဆက္သြယ္လာ

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာ-မႏၲေလးလမ္းေပၚတြင္ တိုက္ေျပးယာဥ္ေၾကာင့္ လူႏွစ္ဦးေသဆုံးခဲ့ရာ ကားပိုင္ရွင္ဘက္က ျပန္လည္ဆက္သြယ္လာၿပီး တာဝန္ ယူေျဖရွင္းေပးသြားမည္ဟု မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က ေျပာသည္

ယေန႔( ေအာက္တိုဘာလ ၁၈ရက္) နံနက္ ၇ နာရီ ၄၅ မိနစ္ခန႔္က မုံ႐ြာ-မႏၲေလးလမ္း ေျမနဲေက်း႐ြာအနီးတြင္ အမ်ိဳးသားႏွစ္ဦးစီးလာေသာ Clickဆိုင္ကယ္အား ဘုန္းႀကီးတစ္ပါးလိုက္ပါလာေသာ 4W အမ်ိဳးအစား အနက္ေရာင္ယာဥ္က တိုက္ ေျပးသြားျခင္းျဖစ္ၿပီး အတိုက္ခံရသူႏွစ္ဦးလုံး ေသဆုံးခဲ့သည္

ယင္းကားသည္ တိုက္ၿပီး ခဏရပ္ၾကည့္ကာ မုံ႐ြာဘက္သို႔ ေမာင္းသြားခဲ့သည္။ ကားႏွင့္လိုက္ပါလာသူမ်ား၏ ဓာတ္ပုံမ်ား၊ ကားအခ်က္အလက္မ်ားအား မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က လူမႈကြန္ရက္ေပၚတင္ၿပီး အသိေပးလိုက္ရာ ကားပိုင္ရွင္ဘက္က ဆက္သြယ္လာခဲ့ျခင္းျဖစ္သည္

“တိုက္ေျပးသြားတဲ့ဘုန္းႀကီးကားပိုင္တဲ့ေက်ာင္းက ဦးဇင္းတစ္ပါး ဆက္သြယ္လာပါတယ္။ ကားေပၚပါလာတဲ့ ဘုန္းႀကီးကျဖစ္အၿပီးမွာ ရပ္ဖို႔ေျပာေပမယ့္ ေမာင္းတဲ့ေက်ာင္းသားက ေၾကာက္ လန႔္ၿပီးေမာင္းေျပးသြားျခင္းျဖစ္ေၾကာင္း။ ယခုျဖစ္သြားေသာအမႈအတြက္ အစအဆုံးတာဝန္ယူေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္းဆက္သြယ္ေျပာၾကားလာပါတယ္။”ဟု မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕က ေျပာသည္

တိုက္သည့္ယာဥ္နံပါတ္မွာ 4G/9881 ျဖစ္ၿပီး ယာဥ္မွတ္ပုံတင္Application၌ TOYOTA HILUX VIGO အမ်ိဳးအစားဟု ေဖာ္ျပထားသည္။ ယာဥ္ပိုင္ဆိုင္သူမွာ ဘဒၵႏၲ ဂႏၶမာလာျဖစ္ၿပီး လိပ္စာမွာ မဟာကုသိုလ္ေတာ္ဘုန္းႀကီးေက်ာင္းဟု ေရးသြင္းထားသည္

သာသနာ့ဝန္ထမ္းတစ္ေယာက္ပါဝင္ေသာ္လည္း တစ္စုံတစ္ရာတာဝန္ယူမႈမရွိဘဲ တိုက္ေျပးသြားသည့္အတြက္ ေဒသခံမ်ားက ေဝဖန္ခဲ့ၾကသည္

ဓာတ္ပုံ – မုံ႐ြာ(ပလဖ)

=========

မုံရွာ – မန္တလေးလမ်းပေါ် လူနှစ်ဦးသေဆုံးခဲ့သည့် တိုက်ပြေးယာဉ် တာဝန်ယူဖြေရှင်းပေးမည်ဟု မုံရွာ (ပလဖ)ထံ ဆက်သွယ်လာ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပြေးယာဉ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ ကားပိုင်ရှင်ဘက်က ပြန်လည်ဆက်သွယ်လာပြီး တာဝန် ယူဖြေရှင်းပေးသွားမည်ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်

ယနေ့( အောက်တိုဘာလ ၁၈ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးစီးလာသော Clickဆိုင်ကယ်အား ဘုန်းကြီးတစ်ပါးလိုက်ပါလာသော 4W အမျိုးအစား အနက်ရောင်ယာဉ်က တိုက် ပြေးသွားခြင်းဖြစ်ပြီး အတိုက်ခံရသူနှစ်ဦးလုံး သေဆုံးခဲ့သည်

ယင်းကားသည် တိုက်ပြီး ခဏရပ်ကြည့်ကာ မုံရွာဘက်သို့ မောင်းသွားခဲ့သည်။ ကားနှင့်လိုက်ပါလာသူများ၏ ဓာတ်ပုံများ၊ ကားအချက်အလက်များအား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ပြီး အသိပေးလိုက်ရာ ကားပိုင်ရှင်ဘက်က ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်

“တိုက်ပြေးသွားတဲ့ဘုန်းကြီးကားပိုင်တဲ့ကျောင်းက ဦးဇင်းတစ်ပါး ဆက်သွယ်လာပါတယ်။ ကားပေါ်ပါလာတဲ့ ဘုန်းကြီးကဖြစ်အပြီးမှာ ရပ်ဖို့ပြောပေမယ့် မောင်းတဲ့ကျောင်းသားက ကြောက် လန့်ပြီးမောင်းပြေးသွားခြင်းဖြစ်ကြောင်း။ ယခုဖြစ်သွားသောအမှုအတွက် အစအဆုံးတာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းဆက်သွယ်ပြောကြားလာပါတယ်။”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်

တိုက်သည့်ယာဉ်နံပါတ်မှာ 4G/9881 ဖြစ်ပြီး ယာဉ်မှတ်ပုံတင်Application၌ TOYOTA HILUX VIGO အမျိုးအစားဟု ဖော်ပြထားသည်။ ယာဉ်ပိုင်ဆိုင်သူမှာ ဘဒ္ဒန္တ ဂန္ဓမာလာဖြစ်ပြီး လိပ်စာမှာ မဟာကုသိုလ်တော်ဘုန်းကြီးကျောင်းဟု ရေးသွင်းထားသည်

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်ခဲ့ကြသည်

ဓာတ်ပုံ – မုံရွာ(ပလဖ)

 

Leave a Reply

Your email address will not be published. Required fields are marked *