ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲျဖစ္၊ စစ္ေကာင္စီတပ္သား ၆ ဦးေသၿပီး ဗိုလ္မႉး၊ ဗိုလ္ႀကီးအပါ ၁၆ ဦးကိုဖမ္းဆီး

* * * * *
ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲျဖစ္ကာ စစ္ေကာင္စီတပ္သား ၆ ဦးေသၿပီး ဗိုလ္မႉး၊ ဗိုလ္ႀကီးအပါ ၁၆ ဦးကိုဖမ္းဆီးလာသည့္ ႐ုပ္သံျဖစ္ေၾကာင္း သိရသည္

စစ္ေကာင္စီ၏ စကခ (၁၃) လက္ေအာက္ခံ ခမရ ၃၅၈ တပ္ရင္းႏွင့္ KNLA၊ နဂါးနီစစ္ေၾကာင္းပူးေပါင္းတပ္ဖြဲ႕တို႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ တေဂးေက်း႐ြာအနီးတြင္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ႏွင့္ ၁၆ ရက္ေန႔တို႔တြင္ ႏွစ္ႀကိမ္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္

၎က်ဴးေက်ာ္ရန္ႀကိဳးပမ္းလာသည့္ စစ္ေကာင္စီတပ္ႏွင့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔၊ ညေန ၃ နာရီမွ ၆ နာရီအထိ တစ္ႀကိမ္၊ ေအာက္တိုဘာ ၁၆ ရက္ေန႔၊ နံနက္ ၆ နာရီမွ ေန႔လည္ ၁၂ နာရီအထိတစ္ႀကိမ္ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္သား ၆ ဦးေသ၊ ၁၆ ဦး အရွင္ဖမ္းဆီးရမိခဲ့ကာ ၂၃ ဦးထြက္ေျပးသြားၿပီး ၾကာအင္းဆိပ္ႀကီး ဗ်ဴဟာကုန္းမွ ၁၂၀မမျဖင့္ တရစပ္ပစ္ကူေပးေနေသာေၾကာင့္ ေတာ္လွန္ေရးရဲေဘာ္မ်ား ခက္ခက္ခဲခဲတိုက္ခိုက္ခဲ့ရသည္ဟု သိရသည္

တိုက္ခိုက္ၿပီးခ်ိန္ နယ္ေျမရွင္းလင္းေဆာင္႐ြက္ခဲ့ရာ စစ္ေကာင္စီ၏ MA1- ၇ လက္၊MA2 – ၁ လက္ ၊ MA3- ၇လက္၊ MA4- ၂ လက္ ၊ ၆၀ မမ ေျပာင္း ၁ လက္၊ ၅.၅၆ က်ည္ ၁၃၀၀ ၊ လက္ပစ္ဗုံး ၅ လုံး၊ ကပစထုတ္ ၉မမ ပစၥတိုတစ္လက္၊ ၆၀ မမ က်ည္တစ္လုံး၊ RPG-7 အသီးႏွစ္လုံး၊ က်ည္ေဘာက္အပို ၂၈ ခု၊ စကားေျပာစက္ ၃ လုံး ဆက္သြယ္ေရးအထိုင္စက္ ၁ လုံးႏွင့္ အျခား စစ္သုံးဆိုင္ရာဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့သည္ဟု ဆိုသည္

=========

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအပါ ၁၆ ဦးကိုဖမ်းဆီး

* * * * *
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအပါ ၁၆ ဦးကိုဖမ်းဆီးလာသည့် ရုပ်သံဖြစ်ကြောင်း သိရသည်

စစ်ကောင်စီ၏ စကခ (၁၃) လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းနှင့် KNLA၊ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာအနီးတွင် အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်

၎င်းကျူးကျော်ရန်ကြိုးပမ်းလာသည့် စစ်ကောင်စီတပ်နှင့် အောက်တိုဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ်၊ အောက်တိုဘာ ၁၆ ရက်နေ့၊ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိတစ်ကြိမ် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေ၊ ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ ၂၃ ဦးထွက်ပြေးသွားပြီး ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းမှ ၁၂၀မမဖြင့် တရစပ်ပစ်ကူပေးနေသောကြောင့် တော်လှန်ရေးရဲဘော်များ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု သိရသည်

တိုက်ခိုက်ပြီးချိန် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ စစ်ကောင်စီ၏ MA1- ၇ လက်၊MA2 – ၁ လက် ၊ MA3- ၇လက်၊ MA4- ၂ လက် ၊ ၆၀ မမ ပြောင်း ၁ လက်၊ ၅.၅၆ ကျည် ၁၃၀၀ ၊ လက်ပစ်ဗုံး ၅ လုံး၊ ကပစထုတ် ၉မမ ပစ္စတိုတစ်လက်၊ ၆၀ မမ ကျည်တစ်လုံး၊ RPG-7 အသီးနှစ်လုံး၊ ကျည်ဘောက်အပို ၂၈ ခု၊ စကားပြောစက် ၃ လုံး ဆက်သွယ်ရေးအထိုင်စက် ၁ လုံးနှင့် အခြား စစ်သုံးဆိုင်ရာဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *