ေအာင္လအန္ဆန္ ပြဲစဥ္ေတြကို ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးေနၾကတဲ့ ျမန္မာေတြအတြက္ သတင္းေကာင္းတစ္ခု ေရာက္ရွိလို႔ လာပါၿပီ။ ဒါကေတာ့ ျမန္မာ့စပါးအုံးလို႔ တင္စားေခၚခဲ့ၾကတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ဖိုက္တာႀကီး ေအာင္လအန္ဆန္ပါဝင္တဲ့ ပြဲစဥ္ဇယားကို One Championship က ေကွွငာလာတာပါ

ေအာင္လအန္ဆန္နဲ႔ ထိုးသတ္ရမယ့္ ၿပိဳင္ဘက္ကေတာ့ မၾကာခင္ကပရိသတ္ေတြ မွန္းဆထားတဲ့ ဂ်ပန္ဖိုက္တာႀကီး Yushin Okami ပဲျဖစ္ပါတယ္။ OKAMI နဲ႔ Aung La ပြဲကိုေတာ့ ႏိုဝင္ဘာ ၁၉ ရက္ ၊ စေနေန႔ ( ျမန္မာစံေတာ္ခ်ိန္ ည ၈ : ၃၀ )ေလာက္မွာ ယွဥ္ၿပိဳင္ထိုးသတ္သြားမွာ ျဖစ္ပါတယ္

ေအာင္လအန္ဆန္ရဲ႕ ၿပိဳင္ဘက္ Yushin Okami ဟာ ဂ်ပန္ ကိုယ္ခံပညာ ေရာစပ္တတ္ေျမာက္ထားသူျဖစ္ၿပီး ၂၀၀၂ ခုႏွစ္ကတည္းက ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦးအေနနဲ႔ UFC၊ PRIDE၊ Pancrase၊ M-1 Global၊ World Series of Fighting၊ DEEP၊ Professional Fighters League ႏွင့္ ONE Championship တို႔မွာ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့သူျဖစ္ပါတယ္

သူထိုးသတ္လာတဲ့ သက္တမ္းတေလွ်ာက္မွာ ႏိုင္ပြဲေပါင္း ၃၆ ပြဲထိရရွိခဲ့ၿပီး ရႈံးပြဲ ၁၄ ပြဲရွိခဲ့ပါတယ္။ ယခု ကြၽန္ေတာ္တို႔ ဖိုက္တာႀကီး ေအာင္လအန္ဆန္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ပြဲစဥ္မွာေတာ့ ဘယ္သူက ႏိုင္ပြဲရယူမယ္ဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ ပရိသတ္ေတြအတြက္လည္း တကယ့္ကို ၾကည့္လို႔ေကာင္းမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာေတာ့ ေသခ်ာပါတယ္။ ဒီပြဲဟာ ေအာင္လအန္ဆန္ရဲ႕ အေရးပါတဲ့ ပြဲဆိုရင္လည္း မမွားေလာက္ပါဘူး

သတင္း အရင္းအျမစ္៖ Source – One Championship

========

အောင်လအန်ဆန် ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ မြန်မာတွေအတွက် သတင်းကောင်းတစ်ခု ရောက်ရှိလို့ လာပါပြီ။ ဒါကတော့ မြန်မာ့စပါးအုံးလို့ တင်စားခေါ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဖိုက်တာကြီး အောင်လအန်ဆန်ပါဝင်တဲ့ ပွဲစဉ်ဇယားကို One Championship က ကှေှငာလာတာပါ

အောင်လအန်ဆန်နဲ့ ထိုးသတ်ရမယ့် ပြိုင်ဘက်ကတော့ မကြာခင်ကပရိသတ်တွေ မှန်းဆထားတဲ့ ဂျပန်ဖိုက်တာကြီး Yushin Okami ပဲဖြစ်ပါတယ်။ OKAMI နဲ့ Aung La ပွဲကိုတော့ နိုဝင်ဘာ ၁၉ ရက် ၊ စနေနေ့ ( မြန်မာစံတော်ချိန် ည ၈ : ၃၀ )လောက်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်

အောင်လအန်ဆန်ရဲ့ ပြိုင်ဘက် Yushin Okami ဟာ ဂျပန် ကိုယ်ခံပညာ ရောစပ်တတ်မြောက်ထားသူဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ UFC၊ PRIDE၊ Pancrase၊ M-1 Global၊ World Series of Fighting၊ DEEP၊ Professional Fighters League နှင့် ONE Championship တို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့သူဖြစ်ပါတယ်

သူထိုးသတ်လာတဲ့ သက်တမ်းတလျှောက်မှာ နိုင်ပွဲပေါင်း ၃၆ ပွဲထိရရှိခဲ့ပြီး ရှုံးပွဲ ၁၄ ပွဲရှိခဲ့ပါတယ်။ ယခု ကျွန်တော်တို့ ဖိုက်တာကြီး အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်မှာတော့ ဘယ်သူက နိုင်ပွဲရယူမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ပရိသတ်တွေအတွက်လည်း တကယ့်ကို ကြည့်လို့ကောင်းမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့ သေချာပါတယ်။ ဒီပွဲဟာ အောင်လအန်ဆန်ရဲ့ အရေးပါတဲ့ ပွဲဆိုရင်လည်း မမှားလောက်ပါဘူး

သတင်း အရင်းအမြစ်៖ Source – One Championship

Leave a Reply

Your email address will not be published. Required fields are marked *