ေျမာက္ဒဂုံ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးမႉးႏွင့္အဖြဲ႕ ေထာက္ ခံစာ လာလုပ္သူအား ထိုးႀကိတ္ ဟုဆို

ဧရာဝတီ၊ ေအာက္တိုဘာ ၁၇၊ ၂၀၂၂

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ၄၂ ရပ္ ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ႐ုံးဝန္ထမ္းမ်ားက ေထာက္ခံစာ လာလုပ္သည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးကို ကိုယ္ထိလက္ေရာက္မႈ က်ဴးလြန္ခဲ့ေၾကာင္း ကာယကံရွင္ အမ်ိဳးသမီးထံမွ သိရသည္

ထိုသို႔ ႀကဳံေတြ႕ခဲ့ရသည့္ အမ်ိဳးသမီးက ၎တို႔၏ အျဖစ္ အပ်က္ကို Facebook လူမႈကြန္ရက္စာမ်က္ႏွာကေန Live လႊင့္၍ ေျပာဆိုထားျခင္း ျဖစ္သည္

အဆိုပါ ႐ုပ္သံဖိုင္အရ ယေန႔ (ေအာက္တိုဘာ ၁၇ ရက္) တြင္ သက္လတ္ပိုင္းအ႐ြယ္ လင္မယား ၂ ဦးသည္ ၎တို႔၏ ကေလးျဖစ္သူႏွင့္အတူ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕သို႔ သြားရန္ ရပ္ကြက္ ေထာက္ခံစာ လာလုပ္ၾကစဥ္ ၄၂ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရွိသူမ်ားသည္ ေထာက္ခံစာ လုပ္ေပးျခင္း မရွိဘဲ ထိုးႀကိတ္ခဲ့ေၾကာင္း သိရသည္

မည္သည့္ အေၾကာင္းရင္းေၾကာင့္ ရပ္ကြက္ ေထာက္ခံစာ လုပ္မေပးသည္ကို မသိရွိရဘဲ ထိုအေၾကာင္းရာအား Live လႊင့္ ေျပာဆိုေနစဥ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ အက်ႌ အျဖဴေရာင္ ဝတ္ထားသည့္ အမ်ိဳးသားသည္ အျပင္ထြက္လာၿပီး ဖုန္းကို ဆြဲလုသျဖင့္ ႐ုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ခဲ့ေၾကာင္း ႐ုပ္သံအရ သိရသည္

ယင္းေနာက္တြင္ ၎၏ ေယာက်ာ္းျဖစ္သူကိုလည္း ထိုးႀကိတ္ခဲ့သည့္အတြက္ ေသြးထြက္သံယိုျဖစ္ရကာ ထိုျဖစ္စဥ္ကို ရဲစခန္းသို႔ တိုင္ၾကားမည္ဟု ကာယကံ အမ်ိဳး သမီးက ေျပာဆိုသည္

အဆိုပါ ၄၂ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ၿပီးခဲ့သည့္ ဇူလိုင္ ၂၂ ရက္တြင္လည္း ေထာက္ခံစာ လာလုပ္သည့္ အမ်ိဳးသမီးတဦးအား ေထာက္ခံစာ မေပးသည့္အျပင္ မည္သည့္အတြက္ေၾကာင့္ မေပးရသည္ဆိုသည့္ အေၾကာင္းရင္းကို ေျပာဆိုျခင္း မရွိေသာေၾကာင့္ ေထြအုပ္႐ုံးသို႔ တိုင္ၾကားမည္ဟု ေျပာဆိုသျဖင့္ အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္စီ က ႐ုံးအတြင္းရွိ ပစၥည္းမ်ားႏွင့္ ပစ္ေပါက္ျခင္း၊ ႐ုံးရွိ ၎ေနာက္လိုက္မ်ားက ဖုန္းအား ႐ိုက္ခြဲၿပီး လည္ပင္းညႇစ္ျခင္း၊

ေဆာင့္တြန္းျခင္း၊ ပစ္လဲက် သြားစဥ္ ဝါးရင္းတုတ္ျဖင့္ ႐ိုက္ႏွက္ရန္ ႐ြယ္ျခင္း အစရွိသည္တို႔ကို ျပဳလုပ္ခဲ့သည့္အျပင္ သတ္ပစ္မည္ဟုပါ ၿခိမ္း ေျခာက္ ေျပာဆိုခဲ့ေၾကာင္း အဆိုပါ ႐ုံးေရွ႕တြင္ပင္ Live လႊင့္ကာ ကာယကံရွင္က ေျပာဆိုထားသည္

ယင္းျဖစ္စဥ္မ်ားအျပင္ ေထာက္ခံစာလုပ္သူမ်ားအေပၚ ႐ိုင္းစိုင္းစြာ ဆက္ဆံျခင္း၊ ဧည့္စာရင္း မတိုင္၍ ႐ိုက္ႏွက္ခံရသူမ်ားလည္း ရွိေၾကာင္း ေျမာက္ဒဂုံ ၄၂ ရပ္ကြက္တြင္ ေနထိုင္သူတခ်ိဳ႕က ဆိုသည္

================

မြောက်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှူးနှင့်အဖွဲ့ ထောက် ခံစာ လာလုပ်သူအား ထိုးကြိတ် ဟုဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄၂ ရပ် ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်းများက ထောက်ခံစာ လာလုပ်သည့် အမျိုးသားနှင့်အမျိုးသမီးကို ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးထံမှ သိရသည်

ထိုသို့ ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးက ၎င်းတို့၏ အဖြစ် အပျက်ကို Facebook လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်၍ ပြောဆိုထားခြင်း ဖြစ်သည်

အဆိုပါ ရုပ်သံဖိုင်အရ ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် သက်လတ်ပိုင်းအရွယ် လင်မယား ၂ ဦးသည် ၎င်းတို့၏ ကလေးဖြစ်သူနှင့်အတူ ရှမ်းပြည်နယ်၊ ကလောမြို့သို့ သွားရန် ရပ်ကွက် ထောက်ခံစာ လာလုပ်ကြစဉ် ၄၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ထောက်ခံစာ လုပ်ပေးခြင်း မရှိဘဲ ထိုးကြိတ်ခဲ့ကြောင်း သိရသည်

မည်သည့် အကြောင်းရင်းကြောင့် ရပ်ကွက် ထောက်ခံစာ လုပ်မပေးသည်ကို မသိရှိရဘဲ ထိုအကြောင်းရာအား Live လွှင့် ပြောဆိုနေစဉ် အုပ်ချုပ်ရေးမှူးရုံးမှ အင်္ကျီ အဖြူရောင် ဝတ်ထားသည့် အမျိုးသားသည် အပြင်ထွက်လာပြီး ဖုန်းကို ဆွဲလုသဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့ကြောင်း ရုပ်သံအရ သိရသည်

ယင်းနောက်တွင် ၎င်း၏ ယောကျာ်းဖြစ်သူကိုလည်း ထိုးကြိတ်ခဲ့သည့်အတွက် သွေးထွက်သံယိုဖြစ်ရကာ ထိုဖြစ်စဉ်ကို ရဲစခန်းသို့ တိုင်ကြားမည်ဟု ကာယကံ အမျိုး သမီးက ပြောဆိုသည်

အဆိုပါ ၄၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်တွင်လည်း ထောက်ခံစာ လာလုပ်သည့် အမျိုးသမီးတဦးအား ထောက်ခံစာ မပေးသည့်အပြင် မည်သည့်အတွက်ကြောင့် မပေးရသည်ဆိုသည့် အကြောင်းရင်းကို ပြောဆိုခြင်း မရှိသောကြောင့် ထွေအုပ်ရုံးသို့ တိုင်ကြားမည်ဟု ပြောဆိုသဖြင့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စီ က ရုံးအတွင်းရှိ ပစ္စည်းများနှင့် ပစ်ပေါက်ခြင်း၊ ရုံးရှိ ၎င်းနောက်လိုက်များက ဖုန်းအား ရိုက်ခွဲပြီး လည်ပင်းညှစ်ခြင်း၊

ဆောင့်တွန်းခြင်း၊ ပစ်လဲကျ သွားစဉ် ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ရန် ရွယ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့သည့်အပြင် သတ်ပစ်မည်ဟုပါ ခြိမ်း ခြောက် ပြောဆိုခဲ့ကြောင်း အဆိုပါ ရုံးရှေ့တွင်ပင် Live လွှင့်ကာ ကာယကံရှင်က ပြောဆိုထားသည်

ယင်းဖြစ်စဉ်များအပြင် ထောက်ခံစာလုပ်သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ဧည့်စာရင်း မတိုင်၍ ရိုက်နှက်ခံရသူများလည်း ရှိကြောင်း မြောက်ဒဂုံ ၄၂ ရပ်ကွက်တွင် နေထိုင်သူတချို့က ဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *