မဲေပးဖို႔စာရင္းလိုက္ေကာက္တဲ့ ရပ္ေက်းစာေရး ရဲဝင္းႏိုင္ ေသနတ္ပစ္ခံရလို႔ ေသဆုံး

C8 News

ရန္ကုန္၊ေအာက္တိုဘာ(၁၇)

စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲမွာ မဲစာရင္းလုပ္ဖို႔ ေျမျပင္လူဦးေရစာရင္း လိုက္ေကာက္ေနတဲ့ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ၊ (၅)ရပ္ကြက္၊ အထက္ေတာင္ကိုင္းေက်း႐ြာ ရပ္ေက်းစာေရး ရဲဝင္းႏိုင္ ကိုအမည္မသိလက္နက္ကိုင္ေဆာင္ထားသူေတြက ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးသြားၿပီျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္

” အထက္ေတာင္ကိုင္းေက်း႐ြာက စာေရး၊ ဥမွင္႐ြာမွာအပစ္ခံရတာ၊ သူကတအားတက္ႂကြေနတာ စကစ ေတြလုပ္မယ့္ေ႐ြးေကာက္ပြဲအတြက္ဆိုၿပီး လူစာရင္းလိုက္ေကာက္တာ၊ ပြဲခ်င္းၿပီးေသတယ္” လို႔အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္

ရပ္ကြက္႐ုံးစာေရး ရဲဝင္းႏိုင္ ဟာတျခားအဖြဲ႕ဝင္ေတြနဲ႔အတူ လူဦးေရစာရင္းလိုက္လံေကာက္ၿပီးေနာက္ တဦးတည္းျပန္လာခ်ိန္ ေအာက္တိုဘာ(၁၅)ရက္ေန႔က ဥမွင္႐ြာ လမ္းလယ္မွာပစ္ခတ္ခံခဲ့ရတာျဖစ္ၿပီး ဘယ္အဖြဲ႕အစည္းက လုပ္ေဆာင္ခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး

ပစ္ခတ္ခံရၿပီးေနာက္ ဦးေခါင္းေနာက္ေစ့မွ ဦးေခါင္းဝဲဘက္ က်ည္ေဖာက္ထြက္ဒဏ္ရာ (၁) ခ်က္၊ ေနာက္ေက်ာမွ ရင္ဘတ္က်ည္ေဖာက္ထြက္ဒဏ္ရာ(၁)ခ်က္၊ ဝဲလက္ေမာင္းနဲ႔ ေနာက္ေက်ာတို႔မွာ က်ည္ ေဖာက္ဝင္ဒဏ္ရာ (၂) ခ်က္တိုရရွိခဲ့ၿပီး ေနမွာတင္ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းဆီက သိရပါတယ္

==========

မဲပေးဖို့စာရင်းလိုက်ကောက်တဲ့ ရပ်ကျေးစာရေး ရဲဝင်းနိုင် သေနတ်ပစ်ခံရလို့ သေဆုံး

C8 News

ရန်ကုန်၊အောက်တိုဘာ(၁၇)

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲစာရင်းလုပ်ဖို့ မြေပြင်လူဦးရေစာရင်း လိုက်ကောက်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို၊ (၅)ရပ်ကွက်၊ အထက်တောင်ကိုင်းကျေးရွာ ရပ်ကျေးစာရေး ရဲဝင်းနိုင် ကိုအမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်

” အထက်တောင်ကိုင်းကျေးရွာက စာရေး၊ ဥမှင်ရွာမှာအပစ်ခံရတာ၊ သူကတအားတက်ကြွနေတာ စကစ တွေလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး လူစာရင်းလိုက်ကောက်တာ၊ ပွဲချင်းပြီးသေတယ်” လို့အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်

ရပ်ကွက်ရုံးစာရေး ရဲဝင်းနိုင် ဟာတခြားအဖွဲ့ဝင်တွေနဲ့အတူ လူဦးရေစာရင်းလိုက်လံကောက်ပြီးနောက် တဦးတည်းပြန်လာချိန် အောက်တိုဘာ(၁၅)ရက်နေ့က ဥမှင်ရွာ လမ်းလယ်မှာပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး

ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းနောက်စေ့မှ ဦးခေါင်းဝဲဘက် ကျည်ဖောက်ထွက်ဒဏ်ရာ (၁) ချက်၊ နောက်ကျောမှ ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက်၊ ဝဲလက်မောင်းနဲ့ နောက်ကျောတို့မှာ ကျည် ဖောက်ဝင်ဒဏ်ရာ (၂) ချက်တိုရရှိခဲ့ပြီး နေမှာတင်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *