အေတာ္ရက္စက္လိုက္ၾကတာ စာဖတ္ၿပီး မေတြးဝံ့စရာပဲ

BVJ-ေအာကၱိဳဘာ ၁၇၊ ၂၀၂၂

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းရွိ ေတာင္ျမင့္႐ြာမွာ စစ္ေကာင္စီတပ္စစ္ေၾကာင္းက ႐ြာသားတစ္ဦးကိုဖမ္းဆီးၿပီး ေခါင္းျဖတ္သတ္သြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္

ဖမ္းဆီးသတ္ျဖတ္ခံလိုက္ရတဲ့ ႐ြာသားဟာ သစ္ညီ‌ေနာင္႐ြာသားဦးေစာထြန္းမိုး(၄၅)ႏွစ္)ျဖစ္ၿပီး ေခါင္းနဲ႔ ေျခေတြလက္ေတြကိုပိုင္းျဖတ္ၿပီး ရက္ရက္စက္စက္သတ္ျဖတ္ကာ ေတာင္ျမင့္႐ြာရွိ အလယ္တန္းေက်ာင္းတံခါးမွာ ျဖတ္ထားတဲ့ေခါင္းကိုခ်ိတ္ဆြဲထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ကိုယ္ပိုင္ေဘာ္ဒါ အထက္တန္းေက်ာင္းေတြမွာ စာလိုက္လံသင္ေနတဲ့ စာသင္သက္တမ္း(၁၅)ခန႔္ရွိတဲ့ ဦးေစာထြန္းမိုးဟာ စစ္အာဏာသိမ္းကာလမွာ CDM အျဖစ္စာသင္မႈေတြရပ္နားထားခဲ့ၿပီး လက္ရွိမွာ NUGကဖြင့္လွစ္ထားတဲ့ေက်ာင္းမွာ စာသင္ၾကားေပးေနတဲ့ဆရာတစ္ဦးျဖစ္တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေဒသခံေတြကေျပာပါတယ္

“မေန႔က(၁၆ရက္)႐ြာထဲကို စစ္ေၾကာင္းလာေတာ့ ပုန္းေနၾကတာ။ သူတို႔လာေတာ့ အယားေမွာက္ (ဝမ္းလ်ားေမွာက္) ဆိုေတာ့ ရွိတဲ့သူေတြ အကုန္ေမွာက္ရတာ။ အဲ့မွာေမွာက္ေတာ့ သူကဝတယ္ ေဒါင္ကလည္းေကာင္းေကာင္းနဲ႔ဆိုေတာ့ ဖက္တီးလိုက္ခဲ့ဆိုၿပီးေခၚသြားတာ။ ေခၚတုန္းကေတာ့အသာတၾကည္ပဲ။ CDM ဆရာဦးေစာထြန္းမိုး လက္ျပန္ႀကိဳးတုပ္ႀကီးနဲ႔ပါသြားတာ

ေခၚသြားၿပီး သူတို႔လာတဲ့လမ္းေၾကာင္းတေလ်ာက္မွာလည္း ေသနတ္ေတြကိုရင္ခြင္ပိုက္ၿပီးေရွ႕ ဆုံးကလူကရမ္းတာ။ ေနာက္လူကက်အေပၚကိုေဖာက္ေနတာ အဲ့လို အပစ္ခံေနရေတာ့ က်မတို႔လည္းေျပးၾကတာ။လမ္းတေလ်ာက္လည္းေတြ႕တဲ့ ဖုန္းသိမ္း၊ ေ႐ႊေငြ သိမ္း လုပ္သြားတယ္။ လက္စြပ္ေတြ႕ရင္လက္စြပ္သိမ္း ပိုက္ဆံပါရင္ပိုက္ဆံသိမ္းတာ သူတို႔က။ ညေနက်ေတာ့ (၃)နာရီေလာက္ထင္တယ္ ‌‌ေတာင္ျမင့္႐ြာေက်ာင္းကိုမီးရႈိ႕တယ္

ၿပီးေတာ့ ႐ြာမွာတညလုံးေနတယ္။ မနက္က်ေတာ့ ေသနတ္ေတြပစ္ လက္နက္ေတြနဲ႔ပစ္ဆိုေတာ့ တ႐ြာလုံး႐ုံန္းရင္းဆန္ခတ္ျဖစ္ၿပီး ေျပးၾကတာေပါ့။ ေျပးၾကရင္း ေတာထဲေရာက္ခါက်မွ CDM ေက်ာင္းဆရာဦးေစာထြန္းမိုးႀကီး သတ္ခံလိုက္ရၿပီ လည္ပင္းျဖတ္ၿပီး ေက်ာင္းမွာခ်ိတ္လို႔ဆိုၿပီး က်မတို႔ၾကားရတာ”လို႔ သစ္ညီေနာင္ေဒသခံတစ္ဦးက BVJကိုေျပာ ပါတယ္

လက္ရွိမွာ စစ္ေကာင္စီတပ္စစ္ေၾကာင္းရွိေနၿပီး ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းရွိေက်း႐ြာေတြကို လိုက္လံမီးရႈိ႕ ေနတဲ့အတြက္ ေဒသခံေတြဟာထြက္ေျပးတိမ္း ေရွာင္ေနရတာေၾကာင့္ ဦးေစာထြန္းမိုးရဲ႕ အေလာင္းနဲ႔ပတ္သက္ၿပီးစီစဥ္ေဆာင္ ႐ြက္ႏိုင္ျခင္းမရွိေသးဘူးလို႔လည္း သိရပါတယ္

ဒါ့အျပင္ လက္ရွိမွာဦးေစာထြန္းမိုးတစ္ဦးသာ ေသဆုံးမႈကိုအတည္ျပဳႏိုင္ေသးၿပီး အတည္မျပဳႏိုင္ေသးတဲ့ အေျခအေနေတြလည္းရွိေနေသးတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္

ဦးေစာထြန္းမိုးရက္စက္စြာသတ္ျဖတ္ခံထားရတဲ့ သက္ေသဓါတ္ပုံေတြကို ေဒသ ခံေတြဆီက ရရွိထားေပမယ့္ အမ်ားျပည္သူကိုေဖာ္ျပလို႔မသင့္ေတာ္တဲ့အတြက္ BurmaVJအေနနဲ႔ ျပန္လည္မေဖာ္ျပျခင္းျဖစ္ပါတယ္

ပုံစာ-ေခါင္းျဖတ္သတ္ခံလိုက္ရသည့္ CDMဆရာ ဦးေစာထြန္းမိုး(ဓါတ္ပုံ-‌ေပးပို႔)

===========

အတော်ရက်စက်လိုက်ကြတာ စာဖတ်ပြီး မတွေးဝံ့စရာပဲ

BVJ-ေအာက္တိုဘာ ၁၇၊ ၂၀၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ တောင်မြင့်ရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းက ရွာသားတစ်ဦးကိုဖမ်းဆီးပြီး ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရွာသားဟာ သစ်ညီ‌နောင်ရွာသားဦးစောထွန်းမိုး(၄၅)နှစ်)ဖြစ်ပြီး ခေါင်းနဲ့ ခြေတွေလက်တွေကိုပိုင်းဖြတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ကာ တောင်မြင့်ရွာရှိ အလယ်တန်းကျောင်းတံခါးမှာ ဖြတ်ထားတဲ့ခေါင်းကိုချိတ်ဆွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်

ကိုယ်ပိုင်ဘော်ဒါ အထက်တန်းကျောင်းတွေမှာ စာလိုက်လံသင်နေတဲ့ စာသင်သက်တမ်း(၁၅)ခန့်ရှိတဲ့ ဦးစောထွန်းမိုးဟာ စစ်အာဏာသိမ်းကာလမှာ CDM အဖြစ်စာသင်မှုတွေရပ်နားထားခဲ့ပြီး လက်ရှိမှာ NUGကဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ကြားပေးနေတဲ့ဆရာတစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေကပြောပါတယ်

“မနေ့က(၁၆ရက်)ရွာထဲကို စစ်ကြောင်းလာတော့ ပုန်းနေကြတာ။ သူတို့လာတော့ အယားမှောက် (ဝမ်းလျားမှောက်) ဆိုတော့ ရှိတဲ့သူတွေ အကုန်မှောက်ရတာ။ အဲ့မှာမှောက်တော့ သူကဝတယ် ဒေါင်ကလည်းကောင်းကောင်းနဲ့ဆိုတော့ ဖက်တီးလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ ခေါ်တုန်းကတော့အသာတကြည်ပဲ။ CDM ဆရာဦးစောထွန်းမိုး လက်ပြန်ကြိုးတုပ်ကြီးနဲ့ပါသွားတာ

ခေါ်သွားပြီး သူတို့လာတဲ့လမ်းကြောင်းတလျောက်မှာလည်း သေနတ်တွေကိုရင်ခွင်ပိုက်ပြီးရှေ့ ဆုံးကလူကရမ်းတာ။ နောက်လူကကျအပေါ်ကိုဖောက်နေတာ အဲ့လို အပစ်ခံနေရတော့ ကျမတို့လည်းပြေးကြတာ။လမ်းတလျောက်လည်းတွေ့တဲ့ ဖုန်းသိမ်း၊ ရွှေငွေ သိမ်း လုပ်သွားတယ်။ လက်စွပ်တွေ့ရင်လက်စွပ်သိမ်း ပိုက်ဆံပါရင်ပိုက်ဆံသိမ်းတာ သူတို့က။ ညနေကျတော့ (၃)နာရီလောက်ထင်တယ် ‌‌တောင်မြင့်ရွာကျောင်းကိုမီးရှို့တယ်

ပြီးတော့ ရွာမှာတညလုံးနေတယ်။ မနက်ကျတော့ သေနတ်တွေပစ် လက်နက်တွေနဲ့ပစ်ဆိုတော့ တရွာလုံးရုံန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးကြတာပေါ့။ ပြေးကြရင်း တောထဲရောက်ခါကျမှ CDM ကျောင်းဆရာဦးစောထွန်းမိုးကြီး သတ်ခံလိုက်ရပြီ လည်ပင်းဖြတ်ပြီး ကျောင်းမှာချိတ်လို့ဆိုပြီး ကျမတို့ကြားရတာ”လို့ သစ်ညီနောင်ဒေသခံတစ်ဦးက BVJကိုပြော ပါတယ်

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းရှိနေပြီး ပေါက်မြို့နယ်တောင်ပိုင်းရှိကျေးရွာတွေကို လိုက်လံမီးရှို့ နေတဲ့အတွက် ဒေသခံတွေဟာထွက်ပြေးတိမ်း ရှောင်နေရတာကြောင့် ဦးစောထွန်းမိုးရဲ့ အလောင်းနဲ့ပတ်သက်ပြီးစီစဉ်ဆောင် ရွက်နိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်

ဒါ့အပြင် လက်ရှိမှာဦးစောထွန်းမိုးတစ်ဦးသာ သေဆုံးမှုကိုအတည်ပြုနိုင်သေးပြီး အတည်မပြုနိုင်သေးတဲ့ အခြေအနေတွေလည်းရှိနေသေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

ဦးစောထွန်းမိုးရက်စက်စွာသတ်ဖြတ်ခံထားရတဲ့ သက်သေဓါတ်ပုံတွေကို ဒေသ ခံတွေဆီက ရရှိထားပေမယ့် အများပြည်သူကိုဖော်ပြလို့မသင့်တော်တဲ့အတွက် BurmaVJအနေနဲ့ ပြန်လည်မဖော်ပြခြင်းဖြစ်ပါတယ်

ပုံစာ-ခေါင်းဖြတ်သတ်ခံလိုက်ရသည့် CDMဆရာ ဦးစောထွန်းမိုး(ဓါတ်ပုံ-‌ပေးပို့)

Leave a Reply

Your email address will not be published. Required fields are marked *