စစ္ေကာင္စီတပ္သားေတြ ဒ႐ုန္းနဲ႔ဗုံးႀကဲခံရၿပီး မိုင္းပါဆြဲခံရလို႔ ၁၇ ဦး ေသဆုံးကာ ၁၅ ဦး ဒဏ္ရာရ (႐ုပ္/သံ)

ျမင္းမူ ၊ ေအာက္တိုဘာ ၁၇၊ ၂၀၂၂

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီအဖြဲ႕ေတြ ဒ႐ုန္းနဲ႔ ၂ႀကိမ္ဗုံးႀကဲ တိုက္ခိုက္ၿပီး မိုင္းဆြဲတိုက္ခိုက္မႈတႀကိမ္အပါအဝင္ စုစုေပါင္း စစ္ေကာင္စီတပ္သား ၁၇ ဦးနီးပါး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ) အဖြဲ႕ဆီက သိရပါတယ္

ေအာက္တိုဘာ ၁၇ ရက္ မနက္ပိုင္း ျမင္းမူ အေရွ႕ျခမ္း ေနပူခံဘုရားမွာ ကင္းပုန္းဝပ္ေနတဲ့ စစ္သားေတြကို ပထမအႀကိမ္ဗုံးႀကဲၿပီး ေအာင္သမာဓိဆီဆိုင္ေဘးမွာ တႀကိမ္ ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ခ်ိန္မွာ ၄ ဦး ေသဆုံးခဲ့တယ္လို႔ Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ)အဖြဲ႕ေခါင္းေဆာင္ ဗိုလ္သက္ႀကီးက ေျပာပါတယ္

ဒီေန႔ ေန႔ခင္းပိုင္းမွာ ထပ္ၿပီး စစ္ကိုင္း – မုံ႐ြာ သြားတဲ့ ယာဥ္တန္းကို ျမင္းမူၿမိဳ႕နယ္ ထီးေဆာင္း႐ြာနဲ႔ ေပ်ာ့႐ြာၾကားမွာ မိုင္းဆြဲတိုက္ခိုက္ခဲ့ခ်ိန္ ကား ၉ စီးမွာ ၆ စီးေျမာက္ကားကိုထိၿပီး အဲ့ဒီကားက ၁၃ ဦးေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္
သတင္း – ဒိန္းဂ်ား၊ တည္းျဖတ္ – ၿငိမ္းေဇာ္

========

စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး မိုင်းပါဆွဲခံရလို့ ၁၇ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

မြင်းမူ ၊ အောက်တိုဘာ ၁၇၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့တွေ ဒရုန်းနဲ့ ၂ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး မိုင်းဆွဲတိုက်ခိုက်မှုတကြိမ်အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်သား ၁၇ ဦးနီးပါး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့ဆီက သိရပါတယ်

အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း မြင်းမူ အရှေ့ခြမ်း နေပူခံဘုရားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ပထမအကြိမ်ဗုံးကြဲပြီး အောင်သမာဓိဆီဆိုင်ဘေးမှာ တကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်မှာ ၄ ဦး သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)အဖွဲ့ခေါင်းဆောင် ဗိုလ်သက်ကြီးက ပြောပါတယ်

ဒီနေ့ နေ့ခင်းပိုင်းမှာ ထပ်ပြီး စစ်ကိုင်း – မုံရွာ သွားတဲ့ ယာဉ်တန်းကို မြင်းမူမြို့နယ် ထီးဆောင်းရွာနဲ့ ပျော့ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ချိန် ကား ၉ စီးမှာ ၆ စီးမြောက်ကားကိုထိပြီး အဲ့ဒီကားက ၁၃ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်
သတင်း – ဒိန်းဂျား၊ တည်းဖြတ် – ငြိမ်းဇော်

Leave a Reply

Your email address will not be published. Required fields are marked *