ေခ်ာင္းဦးမွာ စစ္ကားတန္းကို သုံးႀကိမ္ မိုင္းဆြဲရာ စကစ အနည္းဆုံး သုံးေယာက္ေသ၊

စစ္အုပ္စုက ျပည္သူတစ္ဦးကို သတ္ၿပီး ကားလုယက္ကာ စကစအေလာင္းေတြ ျပန္သယ္သြားဟုဆို၊

MFP ၊ ေအာက္တိုဘာ – ၁၈

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ စစ္ကိုင္း – မုံ႐ြာကားလမ္းမွာ ဒီေန႔လည္ပိုင္း စစ္ကားတန္းကို သုံးေနရာမွာ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ စကစ အနည္းဆုံး သုံးေယာက္ ေသတယ္လို႔ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM က သတင္း ထုတ္ျပန္ပါတယ္

ဒီေန႔ ေအာက္တိုဘာ(၁၇)ရက္၊ ေန႔လည္(၂)နာရီနဲ႔ (၃)နာရီၾကားမွာ မုံ႐ြာကေန စစ္ကိုင္းဘက္လာတဲ့ စစ္ကားေလးစီးကို ပေဒသာမိုင္း (၁၅)လုံး၊ စစ္ကိုင္းကေန မုံ႐ြာဘက္သြားတဲ့ စစ္ကား (၁၀)စီးကို ပေဒသာမိုင္း ေျခာက္လုံးနဲ႔၊ စုစုေပါင္း သုံးေနရာမွာ အေဒသာမိုင္း (၂၁)လုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

ေခ်ာင္းဦးမွ စစ္ကိုင္းသို႔ ထြက္ခြာလာသည့္ အၾကမ္းဖက္ စစ္ေခြးကား(၄) စီးအား ငါးယွန္ႏွင့္ နတ္ေရကန္ၾကားတြင္ မိုင္း ႏွစ္ေနရာျဖင့္ ႀကိဳဆိုခဲ့သည္

ပထမတစ္ေနရာတြင္ ပေဒသာမိုင္း ခုႏွစ္လုံးႏွင့္ ဒုတိယေနရာတြင္ ပေဒသာမိုင္း ရွစ္လုံးကို ထားရွိၿပီး အဆိုပါကား ေလးစီးကို မိုင္းဆြဲလိုက္ရာ ႏွစ္စီးေျမာက္ႏွင့္ သုံးစီးေျမာက္ကားတို႔မွာ ပေဒသာမိုင္း ထိသြားခဲ့သည္။ ထို႔ျဖစ္စဥ္တြင္ အၾကမ္းဖက္စစ္ေခြး သုံးေကာင္ ဘဝေျပာင္းသြားၾကၿပီး တစ္ေကာင္မွာ အျပင္းအထန္ ဒဏ္ရာမ်ား ရရွိသြားခဲ့ပါသည္” လို႔ ေျမာင္ CDSOM က ေဖာ္ျပပါတယ္

အဲ့ဒီ တိုက္ခိုက္မႈကို ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM၊ CDSOM ၏ တူမီးဖိုက္တာအဖြဲ႕၊ CDSOM ၏ အေနာက္/ေျမာက္ပိုင္း တိုက္ခိုက္ေရးႏွင့္ ကာကြယ္ေရး ဗိုလ္စၾကာအဖြဲ႕၊ One PDF ၊ Young Fighters People’s Defense Force – YFPDF ၊ အမ်ိဳးသမီးစစ္သည္ေတာ္ တပ္ရင္း(ေျမာင္)-M2W ၊ ႏွင့္ ဒီမိုေျပာက္က်ား အဖြဲ႕စတဲ့ မဟာမိတ္ေတြ ပူးေပါင္း ေဆာင္႐ြက္ခဲ့တာလို႔ ဆိုပါတယ္

အဲ့ဒီ တိုက္ခိုက္မႈမွာ စကစေတြ မိုင္းထိေသၿပီးေနာက္ စစ္အုပ္စုက ခရီးသြားျပည္သူရဲ႕ ကားတစ္စီးကို ပစ္ခတ္တားဆီးကာ ကားကိုလုယက္ၿပီး စကစ အေလာင္းေတြ တင္သြားတယ္လို႔ ဆိုပါတယ္

“ဘဝေျပာင္းသြားသည့္ အၾကမ္းဖက္စစ္ေခြးမ်ား တင္ရန္ စစ္ကိုင္းဘက္မွ လာေသာ ျပည္သူ႔ ကားအား တားရာ ရပ္တန႔္ျခင္း မရွိသျဖင့္ အၾကမ္းဖက္နည္းျဖင့္ ပစ္ခတ္ရပ္ေစခဲ့ေသာေၾကာင့္ အပစ္မဲ့ျပည္သူျဖစ္သည့္ ကားဒ႐ိုင္ဘာ ေသဆုံးသြားခဲ့ပါသည္။ ျပည္သူ႔ကားကို အသုံးျပဳ၍ စစ္ေခြး အေသမ်ားအား ေခ်ာင္းဦးဘက္သို႔ သယ္ေဆာင္သြားခဲ့ပါသည္”လို႔ ေျမာင္ CDSOM က ေဖာ္ျပပါတယ္

ေျမာင္အမ်ိဳးသမီး စစ္သည္ေတာ္တပ္ – M2W က ထုတ္လုပ္တဲ့ ျပင္းအားျမင့္ မိုင္းေတြနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး စစ္အုပ္စုက ျပည္သူကို သတ္ကာ ကားလုယက္သြားေပမယ့္ မိုင္းထိၿပီး ပ်က္စီးတဲ့ ကားေတြကိုေတာ့ လမ္းေဘးမွာ ဒီအတိုင္း ခ်န္ထားခဲ့တယ္လို႔ ေျမာင္ CDSOM အဖြဲ႕ ေခါင္းေဆာင္ ကိုေႏြဦးက ဆိုပါတယ္

“ပ်က္စီးသြားေသာ ေခြးကား ႏွစ္စီးမွာ လမ္းေဘးတြင္ ယခုထိ ရွိေနပါသည္။ ေခြးမ်ားမွ စက္ေသနတ္ျဖင့္ ျပန္လည္ ပစ္ခတ္ၾကေပမယ့္ က်ေနာ္တို႔ရဲေဘာ္မ်ား တစ္ဦးတစ္ေယာက္မွ ထိခိုက္မႈမရွိဘဲ ေအာင္ျမင္စြာ ျပန္လာခဲ့ၾကပါသည္” လို႔ ကိုေႏြဦးက ဆိုပါတယ္

တခ်ိန္တည္းမွာပဲ စစ္ကိုင္းကေန မုံ႐ြာဘက္ လာတဲ့ စစ္အုပ္စုရဲ႕ ကား(၁၀)စီးကိုလည္း ေန႔လည္(၂)နာရီ (၁၀)မိနစ္အခ်ိန္ ဝမ္းျပည့္ေက်း႐ြာအနီးမွာ ပေဒသာမိုင္း သုံးလုံး၊ (၂)နာရီ (၅၀)မိနစ္အခ်ိန္ ေရပိုးစားႏွင့္ နတ္ေရကန္႐ြာအၾကားတြင္ ပေဒသာမိုင္း သုံးလုံးနဲ႔ ထပ္မံ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ကား(၁၀)တန္းထဲက ေလးစီးေျမာက္ကားနဲ႔ ကိုးစီးေျမာက္ကားေတြ မိုင္းထိေပမယ့္ အေသအေပ်ာက္ စာရင္း မသိရေသးဘူးလို႔ ေျမာင္ CDSOM က ဆိုပါတယ္

အဲ့ဒီ တိုက္ခိုက္မႈကိုေတာ့ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ – CDSOM ၊ Black Eagle Defence Force –MMU ၊ Myinmu Civil Revolution Force – CRF ၊ Myinmu၊ People’s Defence Force Myinmu – MMU PDF၊ ျမင္းမူလွ်ပ္စီး ေျပာက္က်ားအဖြဲ႕ စတဲ့ မဟာမိတ္အဖြဲမ်ားႏွင့္အတူ ျမင္းမူၿမိဳ႕နယ္ ပ.က.ဖ၊ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ စစ္ကိုင္းခ႐ိုင္ တပ္ရင္း (၆) တပ္ခြဲ (၂) တို႔ ပူးေပါင္း ေဆာင္႐ြက္ခဲ့တာလို႔ ထုတ္ျပန္ထားပါတယ္

============

ချောင်းဦးမှာ စစ်ကားတန်းကို သုံးကြိမ် မိုင်းဆွဲရာ စကစ အနည်းဆုံး သုံးယောက်သေ၊

စစ်အုပ်စုက ပြည်သူတစ်ဦးကို သတ်ပြီး ကားလုယက်ကာ စကစအလောင်းတွေ ပြန်သယ်သွားဟုဆို၊

MFP ၊ အောက်တိုဘာ – ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်း – မုံရွာကားလမ်းမှာ ဒီနေ့လည်ပိုင်း စစ်ကားတန်းကို သုံးနေရာမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး သုံးယောက် သေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM က သတင်း ထုတ်ပြန်ပါတယ်

ဒီနေ့ အောက်တိုဘာ(၁၇)ရက်၊ နေ့လည်(၂)နာရီနဲ့ (၃)နာရီကြားမှာ မုံရွာကနေ စစ်ကိုင်းဘက်လာတဲ့ စစ်ကားလေးစီးကို ပဒေသာမိုင်း (၁၅)လုံး၊ စစ်ကိုင်းကနေ မုံရွာဘက်သွားတဲ့ စစ်ကား (၁၀)စီးကို ပဒေသာမိုင်း ခြောက်လုံးနဲ့၊ စုစုပေါင်း သုံးနေရာမှာ အဒေသာမိုင်း (၂၁)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

ချောင်းဦးမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ခွေးကား(၄) စီးအား ငါးယှန်နှင့် နတ်ရေကန်ကြားတွင် မိုင်း နှစ်နေရာဖြင့် ကြိုဆိုခဲ့သည်

ပထမတစ်နေရာတွင် ပဒေသာမိုင်း ခုနှစ်လုံးနှင့် ဒုတိယနေရာတွင် ပဒေသာမိုင်း ရှစ်လုံးကို ထားရှိပြီး အဆိုပါကား လေးစီးကို မိုင်းဆွဲလိုက်ရာ နှစ်စီးမြောက်နှင့် သုံးစီးမြောက်ကားတို့မှာ ပဒေသာမိုင်း ထိသွားခဲ့သည်။ ထို့ဖြစ်စဉ်တွင် အကြမ်းဖက်စစ်ခွေး သုံးကောင် ဘဝပြောင်းသွားကြပြီး တစ်ကောင်မှာ အပြင်းအထန် ဒဏ်ရာများ ရရှိသွားခဲ့ပါသည်” လို့ မြောင် CDSOM က ဖော်ပြပါတယ်

အဲ့ဒီ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM၊ CDSOM ၏ တူမီးဖိုက်တာအဖွဲ့၊ CDSOM ၏ အနောက်/မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး ဗိုလ်စကြာအဖွဲ့၊ One PDF ၊ Young Fighters People’s Defense Force – YFPDF ၊ အမျိုးသမီးစစ်သည်တော် တပ်ရင်း(မြောင်)-M2W ၊ နှင့် ဒီမိုပြောက်ကျား အဖွဲ့စတဲ့ မဟာမိတ်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်

အဲ့ဒီ တိုက်ခိုက်မှုမှာ စကစတွေ မိုင်းထိသေပြီးနောက် စစ်အုပ်စုက ခရီးသွားပြည်သူရဲ့ ကားတစ်စီးကို ပစ်ခတ်တားဆီးကာ ကားကိုလုယက်ပြီး စကစ အလောင်းတွေ တင်သွားတယ်လို့ ဆိုပါတယ်

“ဘဝပြောင်းသွားသည့် အကြမ်းဖက်စစ်ခွေးများ တင်ရန် စစ်ကိုင်းဘက်မှ လာသော ပြည်သူ့ ကားအား တားရာ ရပ်တန့်ခြင်း မရှိသဖြင့် အကြမ်းဖက်နည်းဖြင့် ပစ်ခတ်ရပ်စေခဲ့သောကြောင့် အပစ်မဲ့ပြည်သူဖြစ်သည့် ကားဒရိုင်ဘာ သေဆုံးသွားခဲ့ပါသည်။ ပြည်သူ့ကားကို အသုံးပြု၍ စစ်ခွေး အသေများအား ချောင်းဦးဘက်သို့ သယ်ဆောင်သွားခဲ့ပါသည်”လို့ မြောင် CDSOM က ဖော်ပြပါတယ်

မြောင်အမျိုးသမီး စစ်သည်တော်တပ် – M2W က ထုတ်လုပ်တဲ့ ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုက ပြည်သူကို သတ်ကာ ကားလုယက်သွားပေမယ့် မိုင်းထိပြီး ပျက်စီးတဲ့ ကားတွေကိုတော့ လမ်းဘေးမှာ ဒီအတိုင်း ချန်ထားခဲ့တယ်လို့ မြောင် CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်

“ပျက်စီးသွားသော ခွေးကား နှစ်စီးမှာ လမ်းဘေးတွင် ယခုထိ ရှိနေပါသည်။ ခွေးများမှ စက်သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ကြပေမယ့် ကျနော်တို့ရဲဘော်များ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လာခဲ့ကြပါသည်” လို့ ကိုနွေဦးက ဆိုပါတယ်

တချိန်တည်းမှာပဲ စစ်ကိုင်းကနေ မုံရွာဘက် လာတဲ့ စစ်အုပ်စုရဲ့ ကား(၁၀)စီးကိုလည်း နေ့လည်(၂)နာရီ (၁၀)မိနစ်အချိန် ဝမ်းပြည့်ကျေးရွာအနီးမှာ ပဒေသာမိုင်း သုံးလုံး၊ (၂)နာရီ (၅၀)မိနစ်အချိန် ရေပိုးစားနှင့် နတ်ရေကန်ရွာအကြားတွင် ပဒေသာမိုင်း သုံးလုံးနဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား(၁၀)တန်းထဲက လေးစီးမြောက်ကားနဲ့ ကိုးစီးမြောက်ကားတွေ မိုင်းထိပေမယ့် အသေအပျောက် စာရင်း မသိရသေးဘူးလို့ မြောင် CDSOM က ဆိုပါတယ်

အဲ့ဒီ တိုက်ခိုက်မှုကိုတော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ Black Eagle Defence Force –MMU ၊ Myinmu Civil Revolution Force – CRF ၊ Myinmu၊ People’s Defence Force Myinmu – MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့ စတဲ့ မဟာမိတ်အဖွဲများနှင့်အတူ မြင်းမူမြို့နယ် ပ.က.ဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၂) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *