ၾကာအင္းဆိပ္ႀကီးတြင္ စစ္ေကာင္စီ၏ ခမရ ၃၅၈ တပ္မွ ဗိုလ္မႉး၊ ဗိုလ္ႀကီး အပါအဝင္ စစ္သား ၁၆ ဦးကို အရွင္ဖမ္းဆီးရမိၿပီး ၆ ဦးေသဆုံး၊ လက္နက္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိ

ရန္ကုန္၊ ေအာက္တိုဘာ ၁၇

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ KNU တပ္မဟာ ၆ နယ္ေျမတြင္ စစ္ေကာင္စီ၏ ခမရ ၃၅၈ စစ္ေၾကာင္းႏွင့္ KNLA တပ္ရင္း ၁၇၊ နဂါးနီစစ္ ေၾကာင္း ပူးေပါင္းတပ္ဖြဲ႕ၾကား ၂ ရက္ဆက္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္သား ၆ ဦးေသဆုံးခဲ့ကာ ဗိုလ္မႉး ၁ ဦး ၊ ဗိုလ္ႀကီး ၁ ဦး အပါအဝင္ စစ္သား ၁၆ ဦး လက္ နက္ခ် အညံ့ခံသျဖင့္ အရွင္ဖမ္းဆီးရမိေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ၾကာအင္းေက်း႐ြာႏွင့္ တေဂး (တကူခီး)ေက်း႐ြာၾကားတြင္ နယ္ေျမရွင္းလင္းေသာ ဘုတ္ျပင္းအေျခစိုက္ ခမရ ၃၅၈ စစ္ေၾကာင္းႏွင့္ KNLA ပူးေပါင္းတပ္ဖြဲ႕တို႔အၾကား ေအာက္တိုဘာလ ၁၅ ရက္ေန႔ႏွင့္ ၁၆ ရက္ေန႔တို႔တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ စစ္ေကာင္စီတပ္ဘက္မွ အထိနာခဲ့ကာ စစ္သား ၁၆ ဦးကို အရွင္းဖမ္းမိၿပီး လက္နက္ခဲယမ္းအမ်ားအျပားကိုလည္း KNLA ပူးေပါင္းတပ္ဖြဲ႕က သိမ္းဆည္းရရွိခဲ့သည္

သိမ္းဆည္းရမိေသာ လက္နက္မ်ားတြင္ MA1 ၇ လက္၊ MA2 ၁ လက္၊ MA3 ၇ လက္၊ MA4 ၂ လက္၊ ၆၀ မမ ကြန္မန္ဒိုေျပာင္း ၁ လက္၊ 5.56 က်ည္ ၁၃၀၀၊ လက္ပစ္ဗုံး ၅ လုံး၊ ကပစထုတ္ ၉ မမ ပစၥတို ၁ လက္၊ ၆၀ မမ က်ည္ ၁ လုံး၊ RPG 7 အသီး၂ လုံး၊ က်ည္ကတ္ အပို ၂၈ ခု၊ စကားေျပာစက္ ၃လုံး၊ ဆက္သြယ္ေရး အထိုင္စက္ ၁လုံးႏွင့္ အျခားစစ္ဘက္သုံးဆိုင္ရာ စပ္ဆက္ပစၥည္းမ်ား ပါဝင္ေၾကာင္း နဂါးနီစစ္ေၾကာင္းက ထုတ္ျပန္သည္

“လက္နက္ခ်အညံ့ခံတဲ့ ဖမ္းဆီးခံထားရသူေတြကို စစ္သုံ႔ပန္း ဥပေဒနဲ႔အညီ ထိန္း သိမ္းေပးထားၿပီး ဒဏ္ရာရရွိသူေတြကို ေဆးကုသေပးထားပါတယ္” ဟု ေဒသသတင္းရင္းျမစ္တစ္ခုက ေျပာသည္

ေအာက္တိုဘာလ ၁၆ ရက္ေန႔ နံနက္ ၁ နာရီ ၄၁ မိနစ္တြင္လည္း KNLA တပ္ ရင္း ၁၇၊ နဂါးနီစစ္ေၾကာင္း တပ္ခြဲ ၂ ႏွင့္ FEDERAL WINGS အဖြဲ႕တို႔က ၾကာအင္းဆိပ္ႀကီးၿမိဳ႕အနီးရွိ ခလရ ၃၂ တပ္ရင္းအတြင္းသို႔ ဒ႐ုန္းျဖင့္ ဗုံးက်ဲရာ ဗိုလ္ ႀကီးတစ္ဦးအပါအဝင္ ၂ ဦးေသဆုံးၿပီး ၁ ဦး ဒဏ္ရာရေၾကာင္း နဂါးနီစစ္ေၾကာင္းက သတင္းထုတ္ျပန္ခဲ့သည္

==========

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီ၏ ခမရ ၃၅၈ တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး ၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၃၅၈ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၁၇၊ နဂါးနီစစ် ကြောင်း ပူးပေါင်းတပ်ဖွဲ့ကြား ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကာ ဗိုလ်မှူး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၆ ဦး လက် နက်ချ အညံ့ခံသဖြင့် အရှင်ဖမ်းဆီးရမိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကျေးရွာနှင့် တဂေး (တကူခီး)ကျေးရွာကြားတွင် နယ်မြေရှင်းလင်းသော ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ကာ စစ်သား ၁၆ ဦးကို အရှင်းဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်

သိမ်းဆည်းရမိသော လက်နက်များတွင် MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၇ လက်၊ MA4 ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၀၀၊ လက်ပစ်ဗုံး ၅ လုံး၊ ကပစထုတ် ၉ မမ ပစ္စတို ၁ လက်၊ ၆၀ မမ ကျည် ၁ လုံး၊ RPG 7 အသီး၂ လုံး၊ ကျည်ကတ် အပို ၂၈ ခု၊ စကားပြောစက် ၃လုံး၊ ဆက်သွယ်ရေး အထိုင်စက် ၁လုံးနှင့် အခြားစစ်ဘက်သုံးဆိုင်ရာ စပ်ဆက်ပစ္စည်းများ ပါဝင်ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်

“လက်နက်ချအညံ့ခံတဲ့ ဖမ်းဆီးခံထားရသူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်း သိမ်းပေးထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ခုက ပြောသည်

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄၁ မိနစ်တွင်လည်း KNLA တပ် ရင်း ၁၇၊ နဂါးနီစစ်ကြောင်း တပ်ခွဲ ၂ နှင့် FEDERAL WINGS အဖွဲ့တို့က ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ခလရ ၃၂ တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲရာ ဗိုလ် ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *