မီးသတ္႐ုံးထဲမီးေလာင္လို႔ မီးသတ္ကားႏွစ္စီးပ်က္စီး

DeltaNewsAgency

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ ခ႐ိုင္မီးသတ္႐ုံးထဲမွာ ေအာက္တိုဘာ (၁၅) ရက္မနက္အေစာပိုင္းက မီးေလာင္လို႔ မီးသတ္ကားႏွစ္စီး မီးေလာင္ပ်က္စီးသြားတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္

” သူတို႔႐ုံးထဲရပ္ထားတဲ့ေနရာမွာ ေလာင္သြားတာ၊ ဘယ္သူရႈိ႕တယ္ေတာ့မသိရဘူး၊ သူတို႔ (စကစ) ေတြမရႈိ႕ဘူးလို႔လဲေျပာလို႔မရဘူး” လို႔ ဟားခါး ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္

အခုရက္ပိုင္းအတြင္း ဟားခါးၿမိဳ႕ဝန္းက်င္မွာ ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ပြားေနတယ္လို႔လည္း ဆိုပါတယ္။ဟားခါးၿမိဳ႕မွာၿပီးခဲ့တဲ့လပိုင္းေတြကလည္း လ.ဝ.က ႐ုံး၊ ျပည္နယ္ေဆာက္လုပ္ေရး႐ုံးနဲ႔ ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီ႐ုံးေတြ မီးေလာင္ပ်က္စီးခဲ့ပါေသးတယ္

အဲ့ဒီမီးေလာင္ပ်က္စီးမႈေတြနဲ႔ပတ္သက္ၿပီး ျပည္နယ္ ေဆာက္လုပ္ေရး႐ုံးမီးေလာင္စဥ္က ပါဝါဘန႔္ ( powerbank) အားသြင္းရာက အပူလြဲကဲၿပီး မီးေလာင္တယ္လို႔ ဟားခါးၿမိဳ႕ခ႐ိုင္မီးသတ္ဌာနက ထုတ္ျပန္တာကလြဲလို႔ အေၾကာင္းအရင္းကို သိရွိရျခင္းမရွိပါဘူး။

အခုတႀကိမ္မွာေတာ့ ဟားခါးၿမိဳ႕ ခ႐ိုင္မီးသတ္႐ုံးက မီးသတ္ကားႏွစ္စီးပါ မီးေလာင္ကြၽမ္းသြားခဲ့တာျဖစ္ပါတယ္

==========

မီးသတ်ရုံးထဲမီးလောင်လို့ မီးသတ်ကားနှစ်စီးပျက်စီး

DeltaNewsAgency

ချင်းပြည်နယ်၊ ဟားခါးမြို့ ခရိုင်မီးသတ်ရုံးထဲမှာ အောက်တိုဘာ (၁၅) ရက်မနက်အစောပိုင်းက မီးလောင်လို့ မီးသတ်ကားနှစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

” သူတို့ရုံးထဲရပ်ထားတဲ့နေရာမှာ လောင်သွားတာ၊ ဘယ်သူရှို့တယ်တော့မသိရဘူး၊ သူတို့ (စကစ) တွေမရှို့ဘူးလို့လဲပြောလို့မရဘူး” လို့ ဟားခါး မြို့ခံတစ်ဦးကပြောပါတယ်

အခုရက်ပိုင်းအတွင်း ဟားခါးမြို့ဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။ဟားခါးမြို့မှာပြီးခဲ့တဲ့လပိုင်းတွေကလည်း လ.ဝ.က ရုံး၊ ပြည်နယ်ဆောက်လုပ်ရေးရုံးနဲ့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်

အဲ့ဒီမီးလောင်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး ပြည်နယ် ဆောက်လုပ်ရေးရုံးမီးလောင်စဉ်က ပါဝါဘန့် ( powerbank) အားသွင်းရာက အပူလွဲကဲပြီး မီးလောင်တယ်လို့ ဟားခါးမြို့ခရိုင်မီးသတ်ဌာနက ထုတ်ပြန်တာကလွဲလို့ အကြောင်းအရင်းကို သိရှိရခြင်းမရှိပါဘူး။

အခုတကြိမ်မှာတော့ ဟားခါးမြို့ ခရိုင်မီးသတ်ရုံးက မီးသတ်ကားနှစ်စီးပါ မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *