ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ တပည့္ႏွစ္ဦး ထမင္းစားေနစဥ္ ပစ္ခတ္ခံရ ႏွစ္ဦးေသ ၊တစ္ဦးဒဏ္ရာရ

စႏၵီ/People’s Spring

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕ေပၚတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ၎၏တပည့္ႏွစ္ဦး ထမင္းဆိုင္၌ ထမင္းစားေနစဥ္ ပစ္ခတ္ခံရေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယေန႔ (ေအာက္တိုဘာ ၁၇ ရက္) မြန္းလြဲပိုင္းက ဝမ္းတြင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မိုးဦးႏွင့္ လက္ေအာက္ခံႏွစ္ဦးအား ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း Wundwin Township Revolution Force(WTRF) ျပန္ၾကားေရးတာဝန္ခံက ေျပာသည္

၎အုပ္ခ်ဳပ္ေရးမႉးသည္ ရဲတပ္ဖြဲ႕မွ ေထြအုပ္ဘက္ေျပာင္းလာသူျဖစ္ေၾကာင္း၊ ျပည္သူမ်ား၏ လစာကိုစားၿပီး ျပည္သူမ်ားကိုႏွိပ္စက္ေန၍ ျပည္သူမ်ား၏တာဝန္ေပးခ်က္အရ ရွင္းလင္းခဲ့ျခင္းဟု WTRF ျပန္ၾကားေရးတာဝန္ခံက ေျပာသည္

“ဝမ္းတြင္းမွာ မေကာင္းတာမွန္သမွ်အကုန္လုပ္ဖို႔ အမိန႔္ေပးတဲ့ေကာင္ပဲ။ ႏွစ္ေကာင္ရင္ခြဲ႐ုံေရာက္သြားၿပီ။ တစ္ေကာင္ဒဏ္ရာရတယ္။”ဟု WTRF ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

ဝမ္းတြင္းၿမိဳ႕ေပၚ ထမင္းဆိုင္တစ္ဆိုင္တြင္ ထမင္းစားေနစဥ္ ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္

“အုပ္ခ်ဳပ္ေရးမႉးႀကီးနဲ႔ေနာက္လိုက္ (၂)ေကာင္ အပစ္ခံရတာ ။တစ္ေကာင္ မိတၳီလာေဆး႐ုံပို႔ရတယ္။ အားလုံး ႏွစ္ေကာင္ေသ တစ္ေကာင္ဒဏ္ရာရတယ္။”ဟု Voice of Windwin အဖြဲ႕ တာဝန္ခံက ေျပာသည္။ေသဆုံးသူႏွစ္ဦးတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးပါဝင္ျခင္းရွိ၊မရွိ ထပ္မံအတည္ျပဳႏိုင္ျခင္းမရွိေသးေပ

ဝမ္းတြင္းၿမိဳ႕သည္ မႏၲေလးတိုင္းေတာင္ပိုင္းနယ္တြင္ အာဏာရွင္အား ခုခံေတာ္လွန္မႈအားေကာင္းသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး စစ္ေကာင္စီဘက္ကလည္း ျပည္သူမ်ားအား ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈမ်ား မၾကာခဏ ျပဳလုပ္ေနသည္။

ပစ္ခတ္ခံရေသာ ဝမ္းတြင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးအား ေတြ႕ရစဥ္၊ဓာတ္ပုံ-Voice Of Wundwin

==========

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပည့်နှစ်ဦး ထမင်းစားနေစဉ် ပစ်ခတ်ခံရ နှစ်ဦးသေ ၊တစ်ဦးဒဏ်ရာရ

စန္ဒီ/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏တပည့်နှစ်ဦး ထမင်းဆိုင်၌ ထမင်းစားနေစဉ် ပစ်ခတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၇ ရက်) မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် လက်အောက်ခံနှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force(WTRF) ပြန်ကြားရေးတာဝန်ခံက ပြောသည်

၎င်းအုပ်ချုပ်ရေးမှူးသည် ရဲတပ်ဖွဲ့မှ ထွေအုပ်ဘက်ပြောင်းလာသူဖြစ်ကြောင်း၊ ပြည်သူများ၏ လစာကိုစားပြီး ပြည်သူများကိုနှိပ်စက်နေ၍ ပြည်သူများ၏တာဝန်ပေးချက်အရ ရှင်းလင်းခဲ့ခြင်းဟု WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်

“ဝမ်းတွင်းမှာ မကောင်းတာမှန်သမျှအကုန်လုပ်ဖို့ အမိန့်ပေးတဲ့ကောင်ပဲ။ နှစ်ကောင်ရင်ခွဲရုံရောက်သွားပြီ။ တစ်ကောင်ဒဏ်ရာရတယ်။”ဟု WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝမ်းတွင်းမြို့ပေါ် ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဉ် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်

“အုပ်ချုပ်ရေးမှူးကြီးနဲ့နောက်လိုက် (၂)ကောင် အပစ်ခံရတာ ။တစ်ကောင် မိတ္ထီလာဆေးရုံပို့ရတယ်။ အားလုံး နှစ်ကောင်သေ တစ်ကောင်ဒဏ်ရာရတယ်။”ဟု Voice of Windwin အဖွဲ့ တာဝန်ခံက ပြောသည်။သေဆုံးသူနှစ်ဦးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးပါဝင်ခြင်းရှိ၊မရှိ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ

ဝမ်းတွင်းမြို့သည် မန္တလေးတိုင်းတောင်ပိုင်းနယ်တွင် အာဏာရှင်အား ခုခံတော်လှန်မှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေသည်။

ပစ်ခတ်ခံရသော ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ရစဉ်၊ဓာတ်ပုံ-Voice Of Wundwin

Leave a Reply

Your email address will not be published. Required fields are marked *