ႏြားထိုးႀကီးမွာ စစ္အုပ္စုကို ဒ႐ုန္းဗုံးႀကဲ၊ စကစေတႊ အေသအေပ်ာက္ရွိၿပီး တခ်ိဳ႕က ဒဏ္ရာေတြနဲ႔ ထြက္ေျပး၊

MFP ၊ ေအာက္တိုဘာ – ၁၇

မႏၲေလးတိုင္း ႏြားထိုးႀကီးၿမိဳ႕နယ္ ျပင္စည္႐ြာ စာသင္ေက်ာင္းေရွ႕မွာ အုပ္စုဖြဲ႕ လက္နက္ကိုင္ၿပီး ျပည္သူကို ဖမ္းဆီးေငြညႇစ္ မိုက္ေၾကးခြဲဖို႔ စုေဝးေနတဲ့ စစ္အုပ္စုကို မေန႔က ညေနပိုင္း ဒ႐ုန္းနဲ႔ ဗုံးႀကဲ တိုက္ခိုက္ခဲ့ရာ စကစ ေလးေယာက္ ေသၿပီး ငါးေယာက္ ထက္မနည္း ဒဏ္ရာရတယ္လို႔ ႏြားထိုးႀကီး Natogyi People Defence Force – NPDF က သတင္း ထုတ္ျပန္ပါတယ္

“အသိုက္ကို ဖ်က္ရင္ အသက္ကို ျပန္လုမယ့္ ေတာက်ီးကန္း စစ္ဆင္ေရး” အျဖစ္ ေအာက္တိုဘာ(၁၆)ရက္ ညေန(၄)နာရီက ႏြားထိုးႀကီးၿမိဳ႕နယ္ ျပင္စည္႐ြာ စာသင္ေက်ာင္းေရွ႕က စစ္အုပ္စုကို ဒ႐ုန္းနဲ႔ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

“ႏြားထိုးႀကီးၿမိဳ႕နယ္ ျပင္စည္ေက်း႐ြာ စာသင္ေက်ာင္းေရွ႕တြင္ စစ္ေဆးေရး ျပဳလုပ္ေနေသာ (စခ)မ်ားကို Natogyi People Defence Force အဖြဲ႕မွ Drone ျဖင့္ ဗုံးႀကဲ တိုက္ခိုက္ခဲ့ရာ (စခ)မ်ားဘက္မွ ေလးေကာင္တိတိကို ငရဲျပည္သို႔(အခမဲ့) ပို႔ေဆာင္ေပးခဲ့ၿပီး ေနာက္ ငါးေကာင္မွာလည္း ငရဲျပည္သို႔ လိုက္ရန္ အသင့္ရွိေနသည္ဟု အတြင္းသတင္းမွ တဆင့္ သိရွိရသည္” လို႔ ႏြားထိုးႀကီး NPDF က ေဖာ္ျပပါတယ္

ဒါ့အျပင္ ေအာက္တိုဘာ(၁၂)ရက္ ညေန(၅၀နာရီကလည္း ႏြားထိုးႀကီးၿမိဳ႕နယ္ ေဇဒိပ္ေက်း႐ြာထဲ စီးနင္းအထိုင္ခ်ေနၿပီး ျပည္သူကို အႏိုင္က်င့္ ရန္ျပဳ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုကို ဒ႐ုန္းနဲ႔ ဗုံးထု တိုက္ခိုက္ခဲ့သလို ေအာက္တိုဘာ(၁၃)ရက္ ညေန(၄)နာရီကလည္း ျမစ္သားၿမိဳ႕နယ္ ရစ္ကန္ေက်း႐ြာထဲ စီးနင္းအထိုငခ်ေနၿပီး ေဒသခံေတြကို အၾကမ္းဖက္ ဖိႏွိက္ေနတဲ့ စစ္အုပ္စုကို ဒ႐ုန္းနဲ႔ ဗုံးႀကဲခဲ့တယ္လို႔ ဆိုပါတယ္

ရစ္ကန္ေက်း႐ြာထဲ စီးနင္းအထိုင္ခ်ေနၿပီး မင္းေအာင္လႈိင္သားပိုင္တဲ့ တာဝါတိုင္အေစာင့္ စကစေတြ ဗုံးထုခံရတာလို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္

ႏြားထိုးႀကီး NPDF ရဲ႕ ထုတ္ျပန္ခ်က္အရ ႏြားထိုးႀကီး ေဇဒိပ္႐ြာက စစ္အုပ္စုကို တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး စကစ အေငအေပ်ာက္ အေျခအေန မသိရေသးေပမယ့္ ျမစ္သားနယ္ ရစ္ကန္ေက်း႐ြာက စစ္အုပ္စုကို တိုက္ခိုက္မႈမွာ စကစ ခုႏွစ္ေယာက္ထက္မနည္း ထိခိုက္ ေသဆုံးႏိုင္ေခ်ရွိတယ္လို႔ ဆိုပါတယ္

စစ္အုပ္စုက လက္နက္အားကိုးနဲ႔ ႐ြာစဥ္ပတ္ေမႊ လုယက္ေသာင္းက်န္းၿပီး လူသတ္၊ မီးရႈိ႕ေနတာကို တုန႔္ျပန္တဲ့ အေနနဲ႔ “အသိုက္ကို ဖ်က္ရင္ အသက္ကို ျပန္လုမယ့္ ေတာက်ီးကန္း စစ္ဆင္ေရး” အျဖစ္ တိုက္ခိုက္တာလို႔ ႏြားထိုးႀကီး NPDF က ထုတ္ျပန္ထားပါတယ္

==========

နွားထိုးကြီးမှာ စစ်အုပ်စုကို ဒရုန်းဗုံးကြဲ၊ စကစတွှေ အသေအပျောက်ရှိပြီး တချို့က ဒဏ်ရာတွေနဲ့ ထွက်ပြေး၊

MFP ၊ အောက်တိုဘာ – ၁၇

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ စာသင်ကျောင်းရှေ့မှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် မိုက်ကြေးခွဲဖို့ စုဝေးနေတဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေပြီး ငါးယောက် ထက်မနည်း ဒဏ်ရာရတယ်လို့ နွားထိုးကြီး Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်လုမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် အောက်တိုဘာ(၁၆)ရက် ညနေ(၄)နာရီက နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ စာသင်ကျောင်းရှေ့က စစ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာ စာသင်ကျောင်းရှေ့တွင် စစ်ဆေးရေး ပြုလုပ်နေသော (စခ)များကို Natogyi People Defence Force အဖွဲ့မှ Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ (စခ)များဘက်မှ လေးကောင်တိတိကို ငရဲပြည်သို့(အခမဲ့) ပို့ဆောင်ပေးခဲ့ပြီး နောက် ငါးကောင်မှာလည်း ငရဲပြည်သို့ လိုက်ရန် အသင့်ရှိနေသည်ဟု အတွင်းသတင်းမှ တဆင့် သိရှိရသည်” လို့ နွားထိုးကြီး NPDF က ဖော်ပြပါတယ်

ဒါ့အပြင် အောက်တိုဘာ(၁၂)ရက် ညနေ(၅၀နာရီကလည်း နွားထိုးကြီးမြို့နယ် ဇေဒိပ်ကျေးရွာထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့သလို အောက်တိုဘာ(၁၃)ရက် ညနေ(၄)နာရီကလည်း မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာထဲ စီးနင်းအထိုငချနေပြီး ဒေသခံတွေကို အကြမ်းဖက် ဖိနှိက်နေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်

ရစ်ကန်ကျေးရွာထဲ စီးနင်းအထိုင်ချနေပြီး မင်းအောင်လှိုင်သားပိုင်တဲ့ တာဝါတိုင်အစောင့် စကစတွေ ဗုံးထုခံရတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်

နွားထိုးကြီး NPDF ရဲ့ ထုတ်ပြန်ချက်အရ နွားထိုးကြီး ဇေဒိပ်ရွာက စစ်အုပ်စုကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စကစ အငေအပျောက် အခြေအနေ မသိရသေးပေမယ့် မြစ်သားနယ် ရစ်ကန်ကျေးရွာက စစ်အုပ်စုကို တိုက်ခိုက်မှုမှာ စကစ ခုနှစ်ယောက်ထက်မနည်း ထိခိုက် သေဆုံးနိုင်ချေရှိတယ်လို့ ဆိုပါတယ်

စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး လူသတ်၊ မီးရှို့နေတာကို တုန့်ပြန်တဲ့ အနေနဲ့ “အသိုက်ကို ဖျက်ရင် အသက်ကို ပြန်လုမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် တိုက်ခိုက်တာလို့ နွားထိုးကြီး NPDF က ထုတ်ပြန်ထားပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *