ခိုးမႈနဲ႔လြတ္လာတဲ့ပ်ဳေစာထီးေခါင္းေဆာင္ကို ရပ္ကြက္အုပ္ႀကီးေနရာ စစ္ေကာင္စီခန႔္

ဆိုင္းမင္း/People’s Spring

ခိုးမႈနဲ႔ဖမ္းခံရၿပီး ျပန္လြတ္လာတဲ့ ပ်ဳေစာထီးအဖြဲ႕ေခါင္းေဆာင္ ဆိုသူကို စစ္ေကာင္စီဟာ မႏၲေလး ၊ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ ၊ကံႀကီးကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ခန႔္ လိုက္တယ္လို႔ ေဒသခံအခ်ိဳ႕က ေျပာျပပါတယ္

အခုလ ေအာက္တိုဘာလဆန္းပိုင္းကတင္ ကားခိုးမႈ နဲ႔အဖမ္းခံရလိုက္ေပမယ့္ ျပန္လြတ္လာၿပီး အုပ္ခ်ဳပ္ေရးမႉးျဖစ္လာတာလို႔ သိရပါတယ္

ဖမ္းခံရခ်ိန္က စစ္ေကာင္စီခန႔္ ယခင္ အုပ္ခ်ဳပ္ေရးမႉးနဲ႔အတူ ဖမ္းခံတာျဖစ္ေပမယ့္ ဖိုးတုတ္ ေခၚ တင္မ်ိဳးဝင္း သာ ျပန္လြတ္လာကာ အုပ္ခ်ဳပ္ေရးမႉး လုပ္ေနတာေဒသခံအခ်ိဳ႕ကေျပာပါတယ္

ပ်ဳေစာထီး ဖိုးတုတ္အုပ္ခ်ဳပ္ေရးမႉးျဖစ္လာၿပီးေနာက္ ရပ္ကြက္အတြင္း ေနထိုင္သူေတြအေနနဲ႔ အိမ္မွာေနထိုင္တဲ့ လူစာရင္း နဲ႔ သန္းေခါင္စာရင္းတိုက္စစ္ဖို႔အတြက္ ရပ္ကြက္႐ုံးကိုေခၚယူတာေတြ လုပ္လာတယ္လို႔သိရပါတယ္

လူမႈကြန္ရက္မွာ တက္လာတဲ့ ပုံတစ္ပုံမွာေတာ့ အုပ္ခ်ဳပ္ေရးမႉး ဖိုးတုတ္ဟာ ပစၥတိုေသနတ္ကိုင္ထားတာေတြ႕ရပါတယ္

လူထုေႏြဦး

==========

ခိုးမှုနဲ့လွတ်လာတဲ့ပျုစောထီးခေါင်းဆောင်ကို ရပ်ကွက်အုပ်ကြီးနေရာ စစ်ကောင်စီခန့်

ဆိုင်းမင်း/People’s Spring

ခိုးမှုနဲ့ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ပျုစောထီးအဖွဲ့ခေါင်းဆောင် ဆိုသူကို စစ်ကောင်စီဟာ မန္တလေး ၊ပြည်ကြီးတံခွန် မြို့နယ် ၊ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့် လိုက်တယ်လို့ ဒေသခံအချို့က ပြောပြပါတယ်

အခုလ အောက်တိုဘာလဆန်းပိုင်းကတင် ကားခိုးမှု နဲ့အဖမ်းခံရလိုက်ပေမယ့် ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ သိရပါတယ်

ဖမ်းခံရချိန်က စစ်ကောင်စီခန့် ယခင် အုပ်ချုပ်ရေးမှူးနဲ့အတူ ဖမ်းခံတာဖြစ်ပေမယ့် ဖိုးတုတ် ခေါ် တင်မျိုးဝင်း သာ ပြန်လွတ်လာကာ အုပ်ချုပ်ရေးမှူး လုပ်နေတာဒေသခံအချို့ကပြောပါတယ်

ပျုစောထီး ဖိုးတုတ်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ရပ်ကွက်အတွင်း နေထိုင်သူတွေအနေနဲ့ အိမ်မှာနေထိုင်တဲ့ လူစာရင်း နဲ့ သန်းခေါင်စာရင်းတိုက်စစ်ဖို့အတွက် ရပ်ကွက်ရုံးကိုခေါ်ယူတာတွေ လုပ်လာတယ်လို့သိရပါတယ်

လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတစ်ပုံမှာတော့ အုပ်ချုပ်ရေးမှူး ဖိုးတုတ်ဟာ ပစ္စတိုသေနတ်ကိုင်ထားတာတွေ့ရပါတယ်

လူထုနွေဦး

 

Leave a Reply

Your email address will not be published. Required fields are marked *