အိမ္ေထာင္ရွိ ရဲတစ္ဦးက အျခားရဲတပ္ဖြဲ႕ဝင္၏သမီး အပ်ိဳမိန္းကေလးကို ခိုးယူၿပီးထြက္ေျပးသြားလို႔ ဖမ္းဝရမ္းထုတ္ၿပီး အပူတစ္ျပင္းလိုက္ရွာေန

ဇြဲႏိုင္/ဧရာဝတီတိုင္းမ္

(ေရျဖဴ)၊ေအာက္တိုဘာလ ၁၇ ရက္

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ နယ္ေျမရဲစခန္းမွ အိမ္ေထာင္သည္ ရဲဒုတပ္ၾကပ္တစ္ဦးက အပ်ိဳမိန္းကေလးတစ္ဦးကို ခိုးယူထြက္ေျပးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔နီးစပ္တဲ့ မိသားစုဝင္မ်ားထံမွသိရပါတယ္

ေအာက္တိုဘာလ ၁၄ ရက္ မနက္ ၇ နာရီခန႔္အခ်ိန္က ကံေပါက္နယ္ေျမရဲစခန္းတြင္ တာဝန္က်ေနတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ဒုတပ္ၾကပ္ ေအာင္ႏိုင္ဟာ ရဲလိုင္းခန္းတြင္ေနထိုင္ေသာ အသက္ ၁၉ ႏွစ္အ႐ြယ္ မမိုးမိုး ကို ခိုးယူၿပီးထြက္ေျပးသြားတယ္လို႔ သိရပါတယ္

“မိန္းကေလးက သူ႔အေဖကင္ဆာေရာဂါနဲ႔ဆုံးသြားတာရက္ပိုင္းဘဲရွိေသးတယ္။သူတို႔ကဆင္းရဲတယ္ ၿပီးေတာ့ မိန္းမေတြဘဲက်န္ခဲ့တာ ။သူ႔အေဖဆုံးသြားလို႔ နစ္နာေၾကးေစာင့္ေနရင္း ကိုေအာင္ႏိုင္ဆိုတဲ့ ရဲဒုတပ္ၾကပ္ က ခိုးယူထြက္ေျပးသြားခဲ့တယ္”လို႔ ရဲစခန္းအတြင္းေနထိုင္သူတစ္ဦးက ဧရာဝတီတိုင္းမ္ ကိုေျပာပါတယ္

အဆိုပါ ထြက္ေျပးလြတ္ေျမာက္သြားတဲ့ ရဲဒုတပ္ၾကပ္ ေအာင္ႏိုင္ကို စစ္ေကာင္စီတပ္က ဖမ္းဝရမ္းထုတ္ထားၿပီး ဖမ္းဆီးရမိေရးအတြက္ အပူတစ္ျပင္းလိုက္ရွာေနတယ္လို႔ ရဲနဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းမ်ားထံမွသိရပါတယ္
ဓာတ္ပုံ-ကံေပါက္နယ္ေျမရဲစခန္းမွ ထြက္ေျပးသြားသည့္ ရဲဒုတပ္ၾကပ္ေအာင္ႏိုင္

Ayeyarwaddy_Times

===========

အိမ်ထောင်ရှိ ရဲတစ်ဦးက အခြားရဲတပ်ဖွဲ့ဝင်၏သမီး အပျိုမိန်းကလေးကို ခိုးယူပြီးထွက်ပြေးသွားလို့ ဖမ်းဝရမ်းထုတ်ပြီး အပူတစ်ပြင်းလိုက်ရှာနေ

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊အောက်တိုဘာလ ၁၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် နယ်မြေရဲစခန်းမှ အိမ်ထောင်သည် ရဲဒုတပ်ကြပ်တစ်ဦးက အပျိုမိန်းကလေးတစ်ဦးကို ခိုးယူထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ မိသားစုဝင်များထံမှသိရပါတယ်

အောက်တိုဘာလ ၁၄ ရက် မနက် ၇ နာရီခန့်အချိန်က ကံပေါက်နယ်မြေရဲစခန်းတွင် တာဝန်ကျနေတဲ့ အသက် ၂၈ နှစ်အရွယ် ဒုတပ်ကြပ် အောင်နိုင်ဟာ ရဲလိုင်းခန်းတွင်နေထိုင်သော အသက် ၁၉ နှစ်အရွယ် မမိုးမိုး ကို ခိုးယူပြီးထွက်ပြေးသွားတယ်လို့ သိရပါတယ်

“မိန်းကလေးက သူ့အဖေကင်ဆာရောဂါနဲ့ဆုံးသွားတာရက်ပိုင်းဘဲရှိသေးတယ်။သူတို့ကဆင်းရဲတယ် ပြီးတော့ မိန်းမတွေဘဲကျန်ခဲ့တာ ။သူ့အဖေဆုံးသွားလို့ နစ်နာကြေးစောင့်နေရင်း ကိုအောင်နိုင်ဆိုတဲ့ ရဲဒုတပ်ကြပ် က ခိုးယူထွက်ပြေးသွားခဲ့တယ်”လို့ ရဲစခန်းအတွင်းနေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲဒုတပ်ကြပ် အောင်နိုင်ကို စစ်ကောင်စီတပ်က ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိရေးအတွက် အပူတစ်ပြင်းလိုက်ရှာနေတယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းများထံမှသိရပါတယ်
ဓာတ်ပုံ-ကံပေါက်နယ်မြေရဲစခန်းမှ ထွက်ပြေးသွားသည့် ရဲဒုတပ်ကြပ်အောင်နိုင်

Ayeyarwaddy_Times

Leave a Reply

Your email address will not be published. Required fields are marked *