စစ္တပ္ထိပ္တန္း သတင္းမ်ား ေပါက္ၾကားမႈ မရွိေစေရး အေရးယူေဆာင္႐ြက္ရန္ မင္းေအာင္လႈိင္ ၫႊန္ၾကား၊ ရွမ္းျပည္သို႔ အထူးရထားတြဲျဖင့္ သြားမည့္ကိစၥ ေပါက္ၾကားမႈ မင္းေအာင္လႈိင္ ေဒါသထြက္ၿပီး ခရီးစဥ္ေ႐ႊ႕ဆိုင္းကာ ေမာ္လၿမိဳင္ခရီးစဥ္ ဖုတ္ပူမီးတိုက္ စီစဥ္ခိုင္း

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က စစ္တပ္ထိပ္တန္းသတင္းမ်ားေပါက္ၾကားေနမႈမ်ားအေပၚ အေရးယူ ေဆာင္႐ြက္ၾကရန္ ၫႊန္ၾကားလိုက္ၿပီး ရွမ္းျပည္သို႔ မိသားစုႏွင့္တကြ အထူးသီးသန႔္ရထားတြဲျဖင့္ သြားမည့္ကိစၥ ေပါက္ၾကားမႈေၾကာင့္ ခရီးစဥ္ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း တပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

မင္းေအာင္လႈိင္သည္ ယေန႔တြင္ ျပင္ဦးလြင္မွ ရွမ္းျပည္ခရီးစဥ္ မသြားေတာ့ဘဲ ေမာ္လၿမိဳင္သို႔ ရဟတ္ယာဥ္ျဖင့္ သြားေရာက္ၿပီး အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ စစ္တပ္အဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံသည္

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ ယေန႔တြင္ ျပင္ဦးလြင္ရွိ စစ္တပ္တကၠသိုလ္ နည္းျပမ်ားႏွင့္ေတြ႕ဆုံရာတြင္လည္းေကာင္း၊ ေမာ္လၿမိဳင္ရွိ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲတြင္လည္းေကာင္း စစ္တပ္အတြင္း သတင္းမ်ားေပါက္ၾကားေနမႈကို ထိန္းသိမ္း အေရးယူရန္ၫႊန္ၾကားေၾကာင္

း၊ စစ္သားမ်ားကိုယ္တိုင္သာမက စစ္တပ္မိသားစုဝင္မ်ားအေနျဖင့္လည္း သတင္းမ်ားကို ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ တပ္ပိုင္းဆိုင္ရာ သတင္းမ်ား သည္ အသက္တမွ် အေရးႀကီးေၾကာင္း၊ စည္းလုံးညီၫြတ္မႈႏွင့္ သတင္းမေပါက္ၾကားေရးသည္ စစ္တပ္အတြက္ အဓိက အေရးႀကီးဆုံး ျဖစ္ေၾကာင္း၊ စည္း လုံးညီၫြတ္မႈ မရွိေစရန္ သတင္းမ်ားျဖင့္ၿဖိဳခြဲေနေၾကာင္း ၊ သတင္းေပါက္ၾကားမႈမ်ားကို အေရးယူ ရန္ မင္းေအာင္လႈိင္က ေျပာဆိုသည္

မင္းေအာင္လႈိင္က ၎စီးနင္းမည့္ အထူးသီးသန႔္ရထားတြဲျဖင့္ ျပင္ဦးလြင္မွ ရွမ္းျပည္နယ္၊ လားရႈိး သို႔သြားရန္ စီစဥ္ထားသည့္ ရထားခရီးစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ၿပီး ေမာ္လၿမိဳင္ ခရီးစဥ္ကို ၂၄ နာရီအတြင္း ဖုတ္ပူမီးတိုက္စီစဥ္ခဲ့ေၾကာင္း သိရွိရသည္

“ေမာ္လၿမိဳင္ကို တပ္ခ်ဳပ္ လာမယ္ဆိုတာက မေန႔က ခ်က္ခ်င္းႀကီး စီစဥ္ၿပီး ျဖစ္လာတာ။ တိုင္းမႉးေတြေရာ၊ နယ္ေျမခံဝန္ထမ္းေတြ အကုန္တက္ရမယ္ဆိုၿပီး အကုန္ ညတြင္းခ်င္းေခၚတာပါ။ မေန႔ကမွ လုံၿခဳံေရးေတြ အားခ်င္းစီစဥ္ၾကတာ” ဟု မြန္ျပည္နယ္မွ အရပ္ဘက္အဆင့္ျမင့္အရာရွိတစ္ဦးက ေျပာသည္

လတ္တေလာ မင္းေအာင္လႈိင္သည္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံ၊ တာခ်ီလိတ္တို႔သို႔ သြားေရာက္ၿပီး မိုင္းဖုန္း၊ ၀စိပိတ္ ဘုန္းႀကီးတို႔ကို သြားေရာက္ ကန္ေတာ့မည့္ အစီအစဥ္ကိုလည္း ရဟတ္ယာဥ္ျဖင့္ သြားေရာက္ရန္ ရွိေၾကာင္း သိရွိရသည္

ဓာတ္ပုံ- အၾကမ္းဖက္ မင္းေအာင္လႈိင္

Photo- AFP ။

==========

စစ်တပ်ထိပ်တန်း သတင်းများ ပေါက်ကြားမှု မရှိစေရေး အရေးယူဆောင်ရွက်ရန် မင်းအောင်လှိုင် ညွှန်ကြား၊ ရှမ်းပြည်သို့ အထူးရထားတွဲဖြင့် သွားမည့်ကိစ္စ ပေါက်ကြားမှု မင်းအောင်လှိုင် ဒေါသထွက်ပြီး ခရီးစဉ်ရွှေ့ဆိုင်းကာ မော်လမြိုင်ခရီးစဉ် ဖုတ်ပူမီးတိုက် စီစဉ်ခိုင်း

ရန်ကုန်၊ အောက်တိုဘာ ၁၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်တန်းသတင်းများပေါက်ကြားနေမှုများအပေါ် အရေးယူ ဆောင်ရွက်ကြရန် ညွှန်ကြားလိုက်ပြီး ရှမ်းပြည်သို့ မိသားစုနှင့်တကွ အထူးသီးသန့်ရထားတွဲဖြင့် သွားမည့်ကိစ္စ ပေါက်ကြားမှုကြောင့် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်

မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မှ ရှမ်းပြည်ခရီးစဉ် မသွားတော့ဘဲ မော်လမြိုင်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်ရှိ စစ်တပ်တက္ကသိုလ် နည်းပြများနှင့်တွေ့ဆုံရာတွင်လည်းကောင်း၊ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင်လည်းကောင်း စစ်တပ်အတွင်း သတင်းများပေါက်ကြားနေမှုကို ထိန်းသိမ်း အရေးယူရန်ညွှန်ကြားကြောင်

း၊ စစ်သားများကိုယ်တိုင်သာမက စစ်တပ်မိသားစုဝင်များအနေဖြင့်လည်း သတင်းများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တပ်ပိုင်းဆိုင်ရာ သတင်းများ သည် အသက်တမျှ အရေးကြီးကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် သတင်းမပေါက်ကြားရေးသည် စစ်တပ်အတွက် အဓိက အရေးကြီးဆုံး ဖြစ်ကြောင်း၊ စည်း လုံးညီညွတ်မှု မရှိစေရန် သတင်းများဖြင့်ဖြိုခွဲနေကြောင်း ၊ သတင်းပေါက်ကြားမှုများကို အရေးယူ ရန် မင်းအောင်လှိုင်က ပြောဆိုသည်

မင်းအောင်လှိုင်က ၎င်းစီးနင်းမည့် အထူးသီးသန့်ရထားတွဲဖြင့် ပြင်ဦးလွင်မှ ရှမ်းပြည်နယ်၊ လားရှိုး သို့သွားရန် စီစဉ်ထားသည့် ရထားခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး မော်လမြိုင် ခရီးစဉ်ကို ၂၄ နာရီအတွင်း ဖုတ်ပူမီးတိုက်စီစဉ်ခဲ့ကြောင်း သိရှိရသည်

“မော်လမြိုင်ကို တပ်ချုပ် လာမယ်ဆိုတာက မနေ့က ချက်ချင်းကြီး စီစဉ်ပြီး ဖြစ်လာတာ။ တိုင်းမှူးတွေရော၊ နယ်မြေခံဝန်ထမ်းတွေ အကုန်တက်ရမယ်ဆိုပြီး အကုန် ညတွင်းချင်းခေါ်တာပါ။ မနေ့ကမှ လုံခြုံရေးတွေ အားချင်းစီစဉ်ကြတာ” ဟု မွန်ပြည်နယ်မှ အရပ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်

လတ်တလော မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ်တို့သို့ သွားရောက်ပြီး မိုင်းဖုန်း၊ ၀စိပိတ် ဘုန်းကြီးတို့ကို သွားရောက် ကန်တော့မည့် အစီအစဉ်ကိုလည်း ရဟတ်ယာဉ်ဖြင့် သွားရောက်ရန် ရှိကြောင်း သိရှိရသည်

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်

Photo- AFP ။

Leave a Reply

Your email address will not be published. Required fields are marked *