ၾကာအင္းဆိပ္ႀကီးရွိ စစ္ေကာင္စီစခန္းတစ္ခုကို KNLA ဦးေဆာင္ေသာပူးေပါင္းတပ္တိုက္ခိုက္သိမ္းပိုက္ဟုကနဦးသတင္းရရွိ

ေမာင္ေမာင္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)တပ္မဟာ(၆)နယ္ေျမ ဒူးပလာယာခ႐ိုင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္းတစ္ခုကို KNLA ႏွင့္ နဂါနီစစ္ေၾကာင္းတို႔ယေန႔တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း ခိုင္မာသတင္းရင္းျမစ္အခ်ိဳ႕ထံမွကနဦးသတင္းရရွိသည္

ၾကာအင္းဆိပ္ႀကီးရွိ ခလရ (၃၂) စခန္း တစ္ခုကိုကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) ႏွင့္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ရွိနဂါးနီစစ္ေၾကာင္းတို႔က ႏွစ္ရက္ဆက္တိုက္ခိုက္ကာသိမ္းပိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္

“စကစဘက္ကေသဆုံး၊ဖမ္းခံရသူမ်ားရွိ၊လက္နက္မ်ားလည္းရ၊ရွင္းလင္းဆဲျဖစ္၍အတိအက်မသိရေသး” ဟု သတင္းရင္းျမစ္တစ္ဦးက ယေန႔ေန႔ခင္းပိုင္းအေျခအေနကိုသည္။တိုက္ပြဲျဖစ္စဥ္ႏွင့္ပတ္သက္အၿပီးအေသးစိတ္အခ်က္အလက္မ်ား ရရွိႏိုင္ရန္People’s Spring က KNUႏွင့္ နဂါးနီ စစ္ေၾကာင္း တာဝန္ရွိသူ အခ်ိဳ႕ထံ ဆက္သြယ္ေနဆဲျဖစ္သည္။မၾကခင္တြင္သတင္းအျပည့္အစုံထုတ္ျပန္မည္ျဖစ္ေၾကာင္းလည္းသိရသည္

ေအာက္တိုဘာ ၁၅ ရက္ညတြင္ စစ္ေကာင္စီစခန္းအားစတင္တိုက္ခိုက္ခဲ့ၿပီး ေသဆုံးထိခိုက္မႈမ်ားကာ ၊ယေန႔နံနက္ထပ္မံတိုက္ခိုက္၍ စခန္းကိုသိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းအထက္ပါသတင္းရင္းျမစ္ကေျပာသည္။ စစ္ေကာင္စီတပ္မွေသဆုံးဒဏ္ရာရသူႏွင့္ စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးခံရသူမ်ားရွိၿပီးလက္နက္ခဲယမ္းမ်ားစြာသိမ္းဆည္းရရွိေၾကာင္းလည္းသိရသည္

ယခု စခန္းသိမ္းတိုက္ခိုက္ရာေဒသသည္ KNLA တပ္ရင္း (၁၇)နယ္ေျမျဖစ္သည္။ၿပီးခဲ့သည့္ေအာက္တိုဘာ ၁၃ ရက္ကလည္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ခုတ္ခြားေက်း႐ြာ အနီးတြင္စစ္ေၾကာင္းထိုးလာေသာစစ္ေကာင္စီတပ္၏ စကခ(၁၃)လက္ေအာက္ခံ ခမရ (၄၃၂) ခန႔္မွန္းအင္အား ၇၈ ေယာက္အား နဂါးနီစစ္ေၾကာင္း ႏွင့္ KNLAပူးေပါင္းတပ္ဖြဲ႕မ်ားက မနက္ ၁၀ နာရီ ၂၂ မိနစ္ မွ ၁၀နာရီ ၄၀မိနစ္ အထိ လိုက္လံပိတ္ဆို႔တိုက္ခိုက္ရာစစ္သား ၁ဦး ေသဆုံး၍ ၂ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း နဂါးနီစစ္ေၾကာင္းကထုတ္ျပန္ထားသည္

ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းကလည္းတပ္မဟာ(၆)နယ္ေျမရွိ စစ္ေကာင္စီတပ္စခန္းအခ်ိဳ႕ကို KNLA ဦးေဆာင္သည့္ ပူးေပါင္းတပ္က တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ လက္နက္ခဲယမ္းမ်ားလည္းရရွိခဲ့သည္

(သတင္းအျပည့္အစုံကိုဆက္လက္ေဖာ္ျပပါမည္)

===========

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA ဦးဆောင်သောပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ဟုကနဦးသတင်းရရှိ

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နှင့် နဂါနီစစ်ကြောင်းတို့ယနေ့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ခိုင်မာသတင်းရင်းမြစ်အချို့ထံမှကနဦးသတင်းရရှိသည်

ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်

“စကစဘက်ကသေဆုံး၊ဖမ်းခံရသူများရှိ၊လက်နက်များလည်းရ၊ရှင်းလင်းဆဲဖြစ်၍အတိအကျမသိရသေး” ဟု သတင်းရင်းမြစ်တစ်ဦးက ယနေ့နေ့ခင်းပိုင်းအခြေအနေကိုသည်။တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်အပြီးအသေးစိတ်အချက်အလက်များ ရရှိနိုင်ရန်People’s Spring က KNUနှင့် နဂါးနီ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။မကြခင်တွင်သတင်းအပြည့်အစုံထုတ်ပြန်မည်ဖြစ်ကြောင်းလည်းသိရသည်

အောက်တိုဘာ ၁၅ ရက်ညတွင် စစ်ကောင်စီစခန်းအားစတင်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများကာ ၊ယနေ့နံနက်ထပ်မံတိုက်ခိုက်၍ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအထက်ပါသတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများရှိပြီးလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိကြောင်းလည်းသိရသည်

ယခု စခန်းသိမ်းတိုက်ခိုက်ရာဒေသသည် KNLA တပ်ရင်း (၁၇)နယ်မြေဖြစ်သည်။ပြီးခဲ့သည့်အောက်တိုဘာ ၁၃ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်၏ စကခ(၁၃)လက်အောက်ခံ ခမရ (၄၃၂) ခန့်မှန်းအင်အား ၇၈ ယောက်အား နဂါးနီစစ်ကြောင်း နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက မနက် ၁၀ နာရီ ၂၂ မိနစ် မှ ၁၀နာရီ ၄၀မိနစ် အထိ လိုက်လံပိတ်ဆို့တိုက်ခိုက်ရာစစ်သား ၁ဦး သေဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း နဂါးနီစစ်ကြောင်းကထုတ်ပြန်ထားသည်

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်းတပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်

(သတင်းအပြည့်အစုံကိုဆက်လက်ဖော်ပြပါမည်)

Leave a Reply

Your email address will not be published. Required fields are marked *