
ရန်ကုန်၊ အောက်တိုဘာ ၁၆






========

နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ဒုတိယစခန်းမှူး ဗိုလ်မှူးကြီး ကျော်ဇင်လင်း သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ဒုတိယစခန်းမှူး ဗိုလ်မှူးကြီး ကျော်ဇင်လင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သေဆုံးသွားကြောင်း စစ်တပ်နှင့်နီးစပ်သောသတင်းရပ်ကွက်များက ပြောသည်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံနှင့်တာဝန်ဌာန မှ ဖြစ်ပြီး စခန်းမှူးရုံး၏ ဒုတိယစခန်းမှူးဖြစ်သူ ဗိုလ်မှူးကြီးကျော်ဇင်လင်းသည် အသက် ၄၈ နှစ် အ ရွယ် တွင် ရောဂါဖြင့်ပင် စစ်ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊

အောက် တိုဘာလ ၁၃ ရက်နေ့ နေပြည်တော်စစ်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း၊ သေ ဆုံးချိန်တွင် ဇနီးနှင့် သမီး ၃ ဦး ကျန်ရစ်ကြောင်း သိရှိရသည်

“ဘာရောဂါလည်းတော့ သေချာမသိဘူး။ သူက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီမံနှင့် တာဝန် ဌာန တာဝန်ယူထားသူပါ။ သူ့တစ်ပတ်စဉ်တည်းက အပတ်စဉ်သူတွေက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ တိုင်းမှူးတွေ ဖြစ်နေကြပြီ” ဟု စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်နှင့်နီးစပ်သော သတင်းရပ်ကွက်က အသက် ၄၈ အရွယ် ရာထူးကြီး လက်ရှိဖြင့် သေဆုံးမှုအပေါ် ပြည်သူ့ကျိန်စာအဖြစ် ဆိုနိုင်သည်ဟု သုံးသပ်ပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *