အခြန္ဦးစီး႒ာန အရာရွိ ပစ္ခတ္ခံရလို႔ေသဆုံး

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ အခြန္ဦးစီး႒ာန ဒုတိယဦးစီးမႉး ဦးေအာင္ကို ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ဖားကန႔္ၿမိဳ႕နယ္ ဆိုင္းေတာင္ေက်း႐ြာမွာ ေအာက္တိုဘာလ ၁၄ ရက္က ၿမိဳ႕နယ္အခြန္ဦးစီးဌာနက ဒုဦးစီးမႉး ဦးေအာင္ကို နဲ႔ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန အရာရွိ ဦးထင္လင္းေက်ာ္တို႔ ႏွစ္ဦးကို လက္နက္ကိုင္အဖြဲ႕တစ္ခုက ဖမ္းဆီးခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္

ေအာက္တိုဘာလ ၁၅ ရက္မွာ ထြက္ေျပးဖို႔ႀကိဳးစားတဲ့အတြက္ ပစ္ခတ္ခံရတာေၾကာင့္ ၿမိဳ႕နယ္အခြန္ဦးစီးဌာန ဒုဦးစီးမႉး ဦးေအာင္ကိုေသဆုံးခဲ့ၿပီး အထူးစုံစမ္းစစ္ေရးဦးစီးဌာန အရာရွိကေတာ့ ေသနတ္ဒဏ္ရာနဲ႔ ဖားကန႔္ၿမိဳ႕နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္

“ထြက္ေျပးတဲ့အခ်ိန္မွာ အခြန္ဒုဦးစီးကေတာ့ ေသနတ္ဒဏ္ရာနဲ႔ ေနရာမွာ ပြဲခ်င္းၿပီး ေသတာ။ စသုံးလုံးက အရာရွိကေတာ့ ေသနတ္ဒဏ္ရာနဲ႔ ထြက္ေျပးရင္း ဖားကန႔္ေဆး႐ုံးထိ ေရာက္လာတာေပါ့။ စသုံးလုံးက အရာရွိကေတာ့ မစိုးရိမ္ရဘူးလို႔ ၾကားတယ္”

သူတို႔ႏွစ္ဦးကို ဘယ္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးခဲ့တယ္ဆိုတာ မသိရဘူးလို႔ သူက ေျပာပါတယ္။ဖားကန႔္ၿမိဳ႕နယ္အတြင္း ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) အျပင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြလည္း လႈပ္ရွားေနပါတယ္

ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာလည္း ဖားကန႔္ၿမိဳ႕ မရွိကေထာင္ရပ္ကြက္မွာ နယ္ထိန္းရဲတစ္ဦး ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့ပါတယ္

ဖားကန႔္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ဌာနဆိုင္ရာဝန္ထမ္းေတြ ဖမ္းဆီးခံရတာ၊ ပစ္ခတ္သတ္ျဖတ္ခံရတာေတြ မၾကာခဏျဖစ္ေလ့ရွိပါတယ္။source-RFA

========

အခွန်ဦးစီးဋ္ဌာန အရာရှိ ပစ်ခတ်ခံရလို့သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဋ္ဌာန ဒုတိယဦးစီးမှူး ဦးအောင်ကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်က မြို့နယ်အခွန်ဦးစီးဌာနက ဒုဦးစီးမှူး ဦးအောင်ကို နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အရာရှိ ဦးထင်လင်းကျော်တို့ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်

အောက်တိုဘာလ ၁၅ ရက်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ခံရတာကြောင့် မြို့နယ်အခွန်ဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုသေဆုံးခဲ့ပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန အရာရှိကတော့ သေနတ်ဒဏ်ရာနဲ့ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်

“ထွက်ပြေးတဲ့အချိန်မှာ အခွန်ဒုဦးစီးကတော့ သေနတ်ဒဏ်ရာနဲ့ နေရာမှာ ပွဲချင်းပြီး သေတာ။ စသုံးလုံးက အရာရှိကတော့ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးရင်း ဖားကန့်ဆေးရုံးထိ ရောက်လာတာပေါ့။ စသုံးလုံးက အရာရှိကတော့ မစိုးရိမ်ရဘူးလို့ ကြားတယ်”

သူတို့နှစ်ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်

အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်မှာ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်

ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဖမ်းဆီးခံရတာ၊ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။source-RFA

Leave a Reply

Your email address will not be published. Required fields are marked *