စစ္အင္အား လာျဖည့္သည့္ စစ္ရဟတ္ယာဥ္ လမ္းေၾကာင္းကို ေလ့လာၿပီး ပစ္ခတ္ရာ စစ္ရဟတ္ယာဥ္တစ္စီး ထိမွန္သြားဟုဆို

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕ေပၚ စခန္းသို႔ စစ္အင္အား လာပို႔သည့္ Mi17 စစ္ရဟတ္ယာဥ္၏ လမ္းေၾကာင္းကို ေလ့လာၿပီး အျမင္တစ္ေနရာမွ ပစ္ခတ္ရာ ရဟတ္ယာဥ္ ထိမွန္သြားေၾကာင္း CDF ကန္ပက္လက္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

ကန္ပက္လက္ၿမိဳ႕ေပၚ စခန္းသို႔ ယေန႔ ေအာက္တိုဘာလ (၁၆ ရက္ေန႔တြင္ အင္အားျဖည့္တင္းလာေသာ စစ္ေကာင္စီပို႔ေဆာင္ေရး ရဟတ္ယာဥ္ ႏွစ္စီးကို အျမင့္တစ္ေနရာမွ လက္နက္ငယ္မ်ားျဖင့္ ေစာင့္ႀကိဳပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊

ထိုတိုက္ခိုက္မႈတြင္ ပို႔ေဆာင္ေရး ရဟတ္ယာဥ္ႏွစ္စီး အနက္မွ တစ္စီး မွာ ဆီတိုင္ကီ ေပါက္သြားသည့္အျပင္ ပန္ကာတစ္ေခ်ာင္းက်ိဳးသြားခဲ့ေၾကာင္း ၊ လူထိခိုက္ဒဏ္ရာရွိမႈအေျခေနရွိမရွိကိုစုံစမ္းေနဆဲျဖစ္ေၾကာင္း CDF ကန္ပက္ လက္မွ တာဝန္ရွိသူက ရွင္းျပသည္

” Mi17ရဟတ္ယာဥ္ေတြကို ပထမတစ္ႀကိမ္ မပစ္ဘဲ လႊတ္လိုက္ၿပီး ဒုတိယအႀကိမ္လမ္းေၾကာင္းသိၿပီးမွ ေစာင့္ပစ္တာပါ။ ရဟတ္ယာဥ္ေတြက ကန္ပက္ လက္ၿမိဳ႕ေပၚ စခန္းကို တပ္ခ်ိန္ေျပာင္းလုပ္ရင္း အင္အားလာျဖည့္တာလို႔သိရပါတယ္” ဟု CDF ကန္ပက္လက္ တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

ကန္ပက္လက္ၿမိဳ႕နယ္ က်င္ေဒြး တပ္စခန္းသို႔ ေအာက္တိုဘာ ၁၅ ရက္ေန႔တြင္ ရဟတ္ယာဥ္ႏွစ္စီးျဖင့္ အင္အား ၃၀ ေက်ာ္ ျဖည့္တင္းထားေၾကာင္း၊ ႏွစ္ဖက္ တိုက္ပြဲမ်ား ျပင္းထန္လာႏိုင္ေၾကာင္း CDF ကန္ပက္လက္က ေျပာဆိုသည္

ဓာတ္ပုံ- အၾကမ္းဖက္ စစ္ေကာင္စီ၏ ပို႔ေဆာင္ေရး Mi17 ရဟတ္ယာဥ္ တစ္စီး

==========

စစ်အင်အား လာဖြည့်သည့် စစ်ရဟတ်ယာဉ် လမ်းကြောင်းကို လေ့လာပြီး ပစ်ခတ်ရာ စစ်ရဟတ်ယာဉ်တစ်စီး ထိမှန်သွားဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ် စခန်းသို့ စစ်အင်အား လာပို့သည့် Mi17 စစ်ရဟတ်ယာဉ်၏ လမ်းကြောင်းကို လေ့လာပြီး အမြင်တစ်နေရာမှ ပစ်ခတ်ရာ ရဟတ်ယာဉ် ထိမှန်သွားကြောင်း CDF ကန်ပက်လက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

ကန်ပက်လက်မြို့ပေါ် စခန်းသို့ ယနေ့ အောက်တိုဘာလ (၁၆ ရက်နေ့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးကို အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထိုတိုက်ခိုက်မှုတွင် ပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီး အနက်မှ တစ်စီး မှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်းကျိုးသွားခဲ့ကြောင်း ၊ လူထိခိုက်ဒဏ်ရာရှိမှုအခြေနေရှိမရှိကိုစုံစမ်းနေဆဲဖြစ်ကြောင်း CDF ကန်ပက် လက်မှ တာဝန်ရှိသူက ရှင်းပြသည်

” Mi17ရဟတ်ယာဉ်တွေကို ပထမတစ်ကြိမ် မပစ်ဘဲ လွှတ်လိုက်ပြီး ဒုတိယအကြိမ်လမ်းကြောင်းသိပြီးမှ စောင့်ပစ်တာပါ။ ရဟတ်ယာဉ်တွေက ကန်ပက် လက်မြို့ပေါ် စခန်းကို တပ်ချိန်ပြောင်းလုပ်ရင်း အင်အားလာဖြည့်တာလို့သိရပါတယ်” ဟု CDF ကန်ပက်လက် တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် အင်အား ၃၀ ကျော် ဖြည့်တင်းထားကြောင်း၊ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း CDF ကန်ပက်လက်က ပြောဆိုသည်

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏ ပို့ဆောင်ရေး Mi17 ရဟတ်ယာဉ် တစ်စီး

Leave a Reply

Your email address will not be published. Required fields are marked *