ရန်ကုန်၊ အောက်တိုဘာ ၁၆
=========
ပျော်ဘွယ်မြို့ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ပွဲချင်းပြီး
ရန်ကုန်၊ အောက်တိုဘာ ၁၆
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ အောက် တိုဘာ ၁၆ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး ရဲ ၁ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရသည်
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၃ မိနစ်အချိန် ပျော်ဘွယ်မြို့နယ် မြောက်ဘက်အထွက် စစ်ဆေးရေးဂိတ်ကို ပျော်ဘွယ်နှင့်သာစည် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ ဦးပွဲ ချင်းပြီးသေဆုံးသွားခြင်းဖြစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်
“ပျော်ဘွယ်မြို့မြောက်ဘက်အထွက်မှာ မော်တော်ပီကယ်ရယ်၊ ရဲတွေကဖြတ်သွားသမျှကားတွေကိုငွေကောက်နေတာ။ အဲဒါဗုံးနဲ့ပစ်သွားတာ စစ်ခွေးတစ်ယောက်တော့ ပက်လက်ကြီးမလှုပ်တော့ပါဘူး။ လူနာတင်ကားတွေနဲ့တင်သွားတယ်။ သေသွားတယ်လို့ပြောတယ်” ဟု ပျော်ဘွယ်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်
ဓာတ်ပုံ- ယမန်နှစ် ဇွန်လ၊ မြင်းခြံတွင် ယာဉ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)
Leave a Reply
Your email address will not be published. Required fields are marked *