ထားဝယ္-ေမတၱာလမ္းပိုင္းတြင္ စစ္ကား ၇ စီးပါ ယာဥ္တန္းကို ၾကားျဖတ္တိုက္ခိုက္မႈ စစ္သား ၁၅ ဦးထက္မနည္းေသဆုံးႏိုင္(႐ုပ္/သံ)

ရန္ကုန္ ၊ ေအာက္တိုဘာလ ၁၆ ရက္

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊သကၤန္းတုံး႐ြာ ဝကုန္း႐ြာၾကားတစ္ေန ရာ(ေဒြးညီေနာင္)၌စကစယာဥ္တန္းၿပီးခဲ့ေသာႏွစ္ရက္ခန႔္ကၾကားျဖတ္တိုက္ခိုက္ခံရ၍ထိခိုက္ေသဆုံးမ်ားျပားႏိုင္ေၾကာင္း DEF-PDFအဖြဲ႕၏ထုတ္ျပန္ခ်က္ႏွင့္ ေဒသသတင္းရင္းျမစ္ Dawei Information Center၏ သတင္းေဖာ္ျပခ်က္အရ သိရွိရသည္

ေအာက္တိုဘာ ၁၄ ရက္ေန႔ ညေန ၄ နာရီ ၄၅ မိနစ္ခန႔္တြင္ ေမတၱာၿမိဳ႕သို႔ဦးတည္ဝင္လာေသာ စစ္တပ္ရိကၡာလက္နက္ခဲယမ္းသယ္ပို႔ယာဥ္တန္း ၇ စီးကို PDFအဖြဲ႕မ်ားက အတူပူး ေပါင္း တိုက္ခိုက္ခဲ့ေၾကာင္း DEF-PDFအဖြဲ႕က ဆိုသည္

“ေနရာႏွစ္ခုခြဲၿပီး စစ္ေကာင္စီတပ္ေတြကိုပစ္ခတ္တိုက္ခိုက္ခဲ့တယ္။ျပန္လွန္ပစ္ခတ္မႈ ၁ နာရီၾကာၿပီး စစ္တပ္ဘက္ကလက္နက္ႀကီးမ်ား အသုံးျပဳလာလို႔ က်ေနာ္တို႔ရဲေဘာ္မ်ားမွျပန္ဆုတ္ခြာခဲ့ရပါတယ္”ဟု PDF အဖြဲ႕ဝင္တစ္ဦးကေျပာသည္

ယင္းတိုက္ခိုက္မႈ၌ဖက္ဆစ္တပ္သား(၁၅)ဦးထက္မနည္းေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိ၍ PDFပူးေပါင္းတပ္ဖြဲ႕ဘက္မွထိခိုက္ဒဏ္ရာရသူမရွိခဲ့ေၾကာင္း စုံစမ္းသိရသည္

စစ္ကား ၇ စီးပါ စစ္ယာဥ္တန္းကို Kaw ThooLei Army တပ္ခြဲ(၃)၊ထားဝယ္အေရွ႕ေတာ(ပကဖ)DEF-PDF၊သံမ ဏိေျပာက္ၾကားတပ္ဖြဲ႕(နဘယံ)၊ ထားဝယ္(ပကဖ)DGRF ၊ထားဝယ္ခ႐ိုင္တပ္မေတာ္ -T1 ၊ ကႅားသစၰတ္(က်ားသစ္နက္)တို႔အဖြဲ႕(၆)ခုရွိရဲေဘာ္မ်ားအတူပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း DEF-PDFအဖြဲ႕ကယေန႔ ထုတ္ျပန္သည္

==========

ထားဝယ်-မေတ္တာလမ်းပိုင်းတွင် စစ်ကား ၇ စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးနိုင်(ရုပ်/သံ)

ရန်ကုန် ၊ အောက်တိုဘာလ ၁၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊သင်္ကန်းတုံးရွာ ဝကုန်းရွာကြားတစ်နေ ရာ(ဒွေးညီနောင်)၌စကစယာဉ်တန်းပြီးခဲ့သောနှစ်ရက်ခန့်ကကြားဖြတ်တိုက်ခိုက်ခံရ၍ထိခိုက်သေဆုံးများပြားနိုင်ကြောင်း DEF-PDFအဖွဲ့၏ထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ် Dawei Information Center၏ သတင်းဖော်ပြချက်အရ သိရှိရသည်

အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မေတ္တာမြို့သို့ဦးတည်ဝင်လာသော စစ်တပ်ရိက္ခာလက်နက်ခဲယမ်းသယ်ပို့ယာဉ်တန်း ၇ စီးကို PDFအဖွဲ့များက အတူပူး ပေါင်း တိုက်ခိုက်ခဲ့ကြောင်း DEF-PDFအဖွဲ့က ဆိုသည်

“နေရာနှစ်ခုခွဲပြီး စစ်ကောင်စီတပ်တွေကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ပြန်လှန်ပစ်ခတ်မှု ၁ နာရီကြာပြီး စစ်တပ်ဘက်ကလက်နက်ကြီးများ အသုံးပြုလာလို့ ကျနော်တို့ရဲဘော်များမှပြန်ဆုတ်ခွာခဲ့ရပါတယ်”ဟု PDF အဖွဲ့ဝင်တစ်ဦးကပြောသည်

ယင်းတိုက်ခိုက်မှု၌ဖက်ဆစ်တပ်သား(၁၅)ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိ၍ PDFပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း စုံစမ်းသိရသည်

စစ်ကား ၇ စီးပါ စစ်ယာဉ်တန်းကို Kaw ThooLei Army တပ်ခွဲ(၃)၊ထားဝယ်အရှေ့တော(ပကဖ)DEF-PDF၊သံမ ဏိပြောက်ကြားတပ်ဖွဲ့(နဘယံ)၊ ထားဝယ်(ပကဖ)DGRF ၊ထားဝယ်ခရိုင်တပ်မတော် -T1 ၊ က္လားသစ္ဏတ်(ကျားသစ်နက်)တို့အဖွဲ့(၆)ခုရှိရဲဘော်များအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း DEF-PDFအဖွဲ့ကယနေ့ ထုတ်ပြန်သည်

Leave a Reply

Your email address will not be published. Required fields are marked *