အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၿမိဳ႕နယ္တရား႐ုံး တရား ဝင္ စတင္ ဖြင့္လွစ္

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္တြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG)၏ ၿမိဳ႕နယ္ တရား႐ုံကို ေအာက္တိုဘာလ ၁၅ ရက္ေန႔တြင္ တရားဝင္ ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း ကသာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာသည္

“အမႈေတြကေတာ့ ႐ုံးမဖြင့္ခင္ ကတည္းက စစ္ေနတာပါ။ အခုကေတာ့ ႐ုံး တရား ဝင္ဖြင့္တာေပါ့။ အမႈေတြကေတာ့ စစ္ေဆးတာေတြ လုပ္ေနပါၿပီ။ အေသး စိတ္ကေတာ့ သူ႔တာဝန္ခံေတြရွိတယ္” ဟု ကသာကပဖ အဖြဲ႕ဝင္က ေျပာသည္

စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္ ၁၅ ခုတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ၾကားကာလတရားစီရင္ေရးစနစ္ကို စတင္ၿပီး တရား႐ုံး ၁၅ ခုကို စတင္ဖြင့္လွစ္ထားေၾကာင္း ယခုႏွစ္ ေမလ ၁၉ ရက္ေန႔တြင္ NUG ယာယီသမၼတက အမိန႔္ ထုတ္ျပန္ခဲ့သည္

NUG တရား႐ုံးမ်ား လည္ပတ္ေနသည့္ ၿမိဳ႕နယ္မ်ားမွာ တမူး၊ ယင္းမာပင္၊ ကသာ၊ ေကာလင္း၊ ကန႔္ဘလူ၊ ဗန္းေမာက္၊ ကြၽန္းလွ၊ အင္းေတာ္၊ ထီးခ်ိဳင့္၊ ကနီ၊ ဝက္လက္၊ အရာေတာ္၊ ျမင္းမူ၊ တန႔္ဆည္၊ ခင္ဦး တို႔ျဖစ္ေၾကာင္း၊ ၿမိဳ႕နယ္တရား႐ုံး တစ္ခုတြင္ ကို တရားသူႀကီး ၅ေယာက္ႏႈန္းစီ ခန႔္အပ္ထားေၾကာင္း သိရွိရသည္

စစ္ကိုင္းတိုင္း ၂၉ ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ၇ ၿမိဳ႕နယ္တြင္ အမ်ိဳးသားညီၫြတ္ ေရးအစိုးရ NUG က ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားၿပီ ျဖစ္ေၾကာင္း ယခုႏွစ္ ဧၿပီလတြင္ ထုတ္ျပန္ေၾကညာခဲ့သည္

==========

အမျိုးသားညီညွတ်ရေးအစိုးရ NUG မြို့နယ်တရားရုံး တရား ဝင် စတင် ဖွင့်လှစ်

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ မြို့နယ် တရားရုံကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်

“အမှုတွေကတော့ ရုံးမဖွင့်ခင် ကတည်းက စစ်နေတာပါ။ အခုကတော့ ရုံး တရား ဝင်ဖွင့်တာပေါ့။ အမှုတွေကတော့ စစ်ဆေးတာတွေ လုပ်နေပါပြီ။ အသေး စိတ်ကတော့ သူ့တာဝန်ခံတွေရှိတယ်” ဟု ကသာကပဖ အဖွဲ့ဝင်က ပြောသည်

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၅ ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလတရားစီရင်ရေးစနစ်ကို စတင်ပြီး တရားရုံး ၁၅ ခုကို စတင်ဖွင့်လှစ်ထားကြောင်း ယခုနှစ် မေလ ၁၉ ရက်နေ့တွင် NUG ယာယီသမ္မတက အမိန့် ထုတ်ပြန်ခဲ့သည်

NUG တရားရုံးများ လည်ပတ်နေသည့် မြို့နယ်များမှာ တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး တို့ဖြစ်ကြောင်း၊ မြို့နယ်တရားရုံး တစ်ခုတွင် ကို တရားသူကြီး ၅ယောက်နှုန်းစီ ခန့်အပ်ထားကြောင်း သိရှိရသည်

စစ်ကိုင်းတိုင်း ၂၉ မြို့နယ်နှင့် မကွေးတိုင်း ၇ မြို့နယ်တွင် အမျိုးသားညီညွတ် ရေးအစိုးရ NUG က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *