တေးသံရှင် ရွှေရည်သိန်းတန်ကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာဖြစ်ပါတယ်။ရွှေရည်သိန်းတန်တို့

ဇနီးမောင်နှံနှစ်ယောက်က အလှူအတန်းလည်းရက်ရောပြီး စိတ်ထားပြည့်ဝကြတာကြောင့် လူချစ်လူခင်လည်းပေါများပါတယ်။ဒါ့ကြောင့်

သူမရဲ့ခင်ပွန်းကွယ်လွန်တုန်းကဆိုရင်မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ပရိသတ်တွေကသူမကိုအားပေးနှစ်သိမ့်ပြီးထပ်တူထပ်မျှခံစားဝမ်းနည်းနေကြတာဖြစ်ပါတယ်


ရွှေရည်သိန်းတန်လည်းသူမအရမ်းချစ်ရတဲ့ခင်ပွန်းကိုဆုံးရှုံးလိုက်ရလို့ဖြည်မဆည်နိုင်အောင်ဝမ်းနည်းနေရတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ ဘဝခရီးကို အတူတူလျှောက်လှမ်းနေရင်း

အခုလိုရုတ်တရက်ခွဲခွါသွားတော့ သူမလည်းဘယ်လိုမှမယုံနိုင်အောင်ခံစားခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေရည်သိန်းတန်က

ချစ်ခင်ပွန်းအတွက်ရည်စူးပြီး သံတွဲမြို့၊ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သုံးသိန်းလှူဒါန်းခဲ့တာဖြစ်ပါတယ်


ရွှေရည်သိန်းတန်ကတော့ သူမရဲ့ခင်ပွန်းအတွက် နာမည်ခေါ်ပေးစရာမလိုအောင် အပြည့်အဝရဖို့အတွက်အလှူအတန်းတွေကို

သူမသေတဲ့အထိပြုလုပ်ပေးမှာဖြစ်ပါတယ်။အခုချိန်မှာ အရမ်းအကူအညီလိုအပ်နေတဲ့နေရာလေးကို ရက်ရက်ရောရောလှူဒါန်းပေးတဲ့

ရွှေရည်သိန်းတန်လည်း သောကအပူမီးတွေငြိမ်းအေးပါစေလို့ ဆုတောင်းပေးပါတယ်။ချစ်ရသူခင်ပွန်းနဲ့

 

အချိန်မတန်သေးဘဲခွဲခွါလိုက်ရတဲ့ ရွှေရည်သိန်းတန်ရဲ့ခံစားချက်ကို

Leave a Reply

Your email address will not be published.