Unicode
အဆိုတော်တင်ဇာမော် ရဲ့ မိခင် ကွယ်လွန်”အဆိုတော် တင်ဇာမော်ရဲ့ မိခင် ယနေ့ ကွယ်လွန်သွားကြောင်းသိရပါတယ်။
တင်ဇာမော် က လူမှုကွန်ယက်မှာ မိခင်ဖြစ်သူနဲ့ပတ်သက်လို့ ရေးသားထားတာက
” မေမေရေ…မေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်..ဟယ် သမီးက
မေမေ့ဒီနားလေးကနေထွက်လာတာနော်။ဟုတ်တယ်မို့လားမေမေ..
ခုတော့ မေမေက သမီးရဲ့ ကလေးလေးနော် ပိုးလေးလိုမွေးထားရတာနော်.. အားတင်းထားပေးနော်မေမေ
တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ..။အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ၊ဆရာမတွေ၊ အတတ်နိုင်ဆုံးကူညီပေး အားပေးခဲ့ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ် များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
မေမေ ကောင်းရာဘုံဘဝမှာ အေးငြိမ်းချမ်းသာပါစေ
28.07.21 10:50PM” လို့ ရေးသားထားပါတယ်။