ဖခင်အတွက် အောက်ဆီဂျင်မရရအောင် လိုက်ရှာတဲ့ မသန်ပေမဲ့စွမ်းတဲ့ ကိုသီဟ

နာမည်က ကိုသီဟ နေရပ်ကတံတားဦး။အောက်ပိုင်းကမသန် မာန်မလျော့ပဲ ဖအေဖြစ်သူအတွက်

နံနက် ၆နာရီကတည်းက အောက်ဆီဂျင်ပေးတယ်ဆိုတဲ့နေရာမှန်သမျှ ဆိုင်ကယ်လေးနဲ့ ရလိုရငြား သွားခဲ့ပေမဲ့

ဟိုကမောင်းထုတ် ဒီကနှင်လွှတ်တာကိုခံရတဲ့ ကိုသီဟ မသန်ပေမဲ့စွမ်းလိုက်တာ

ဖခင်အတွက် ညကတည်းကတစ်ရေးမှမအိပ် ထမင်းမစားပဲ အောက်ဆီဂျင်ရှာခဲ့တာ နေရာစုံရောက်ခဲ့ပေမဲ့

ဖခင်အတွက် အောက်ဆီဂျင်မရခဲ့တဲ့ ကိုသီဟ သီရိဆင်ကာ လှုမှုကူညီရေးအသင်းကို ည‌နေအချိန်ထိရောက်လာခဲ့ပြီးသူ့ရဲ့ ဇွဲလုံလ

ဖအေအပေါ်မှာ ထားတဲ့ စေတနာကြောင့်သူလိုချင်တဲ့ အောက်ဆီဂျင် ပေးနိုင်ခဲ့လို့ ကြည်နူးပီတိများနှင့်အတူ

ကိုသီဟကို လေးစားမိပါကြောင်းဂုဏ်ပြုအပ်ပါသည်

ကိုသီဟကိုလေးစားဂုဏ်ပြုသောအားဖြင့် ကိုဖိုးသင်္ကြန်​၏ ဖေ့ဘွတ်စ်မှ ပြန်လည်ကူးယူဖော်ပြအပ်ပါသည် Credit- 36Myanmar

Leave a Reply

Your email address will not be published.