ေရာင္းအားနည္းလို႔ (၂၉)ႀကိမ္ေျမာက္ ေအာင္ဘာေလထီ ရပ္နားမယ္ထီေရာင္းအားနည္းလို႔ ဒီလကုန္ဖြင့္မယ့္ (၂၉)ႀကိမ္ေျမာက္ ေအာင္ဘာေလထီကို ရပ္နားလိုက္ရတယ္လို႔ ထီအသိုင္းအဝိုင္းဆီ ကေန သိရပါတယ္
ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလကတည္းက အၾကမ္းဖက္စစ္အုပ္စု ဝင္ေငြမရေအာင္ ဆန႔္က်င္တဲ့အေနနဲ႔ ျပည္သူေတြက ထီမထိုးပဲ သပိတ္ေမွာက္ၾကတာပါ
ထီထိုးသူေလ်ာ့က်တာေၾကာင့္ထီဖြင့္ရက္ေရြ႕ဆိုင္းခဲ့ရၿပီးအျမင့္ဆုံးဆုေၾကးေငြကိုအရင္ကသိန္းတစ္ေသာင္းခြဲကေနအခုသိန္းငါးေထာင္သာ ျပင္ဆင္သတ္မွတ္ခဲ့တာပါ
ေအာင္ဘာေလထီေရာင္းရေငြရဲ့ ၄၀ရာခိုင္းႏႈန္းကို နိုင္ငံ့ဘ႑ာေငြအျဖစ္ ေပးရပါတယ္ ၊ ၂၀၁၉ ေဖေဖာ္ဝါရီ ၁ရက္ေန႔ကစၿပီး က်ပ္ ၁၀၀၀ တန္ထီလက္မွတ္ေတြ စတင္ထုတ္ေဝကာ အျမင့္ဆုံးဆုေၾကးေငြ သိန္း တစ္ေသာင္းခြဲ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္ မွတ္ခ်က္ – ပုံအေဟာင္းအသုံးျပဳထားတာ
ျဖစ္ပါတယ္ Crd- Delta News Agency
Unicode
ရောင်းအားနည်းလို့ (၂၉)ကြိမ်မြောက် အောင်ဘာလေထီ ရပ်နားမယ်ထီရောင်းအားနည်းလို့ ဒီလကုန်ဖွင့်မယ့်(၂၉)ကြိမ်မြောက် အောင်ဘာလေထီကို ရပ်နားလိုက်ရတယ်လို့ ထီအသိုင်းအဝိုင်းဆီ ကနေ သိရပါတယ်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကတည်းက အကြမ်းဖက်စစ်အုပ်စု ဝင်ငွေမရအောင် ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေက ထီမထိုးပဲ သပိတ်မှောက်ကြတာပါ
ထီထိုးသူလျော့ကျတာကြောင့် ထီဖွင့်ရက် ရွေ့ဆိုင်းခဲ့ရပြီး အမြင့်ဆုံးဆုကြေးငွေကို အရင်က သိန်းတစ်သောင်းခွဲကနေ အခုသိန်းငါးထောင်သာ ပြင်ဆင်သတ်မှတ်ခဲ့တာပါ
အောင်ဘာလေထီရောင်းရငွေရဲ့ ၄ဝရာခိုင်းနှုန်းကို နိုင်ငံ့ဘဏ္ဍာငွေအဖြစ် ပေးရပါတယ် ၊ ၂၀၁၉ ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး ကျပ် ၁၀၀၀ တန်ထီလက်မှတ်တွေ စတင်ထုတ်ဝေကာ အမြင့်ဆုံးဆုကြေးငွေ သိန်း တစ်သောင်းခွဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ် မှတ်ချက် – ပုံအဟောင်းအသုံးပြုထားတာ ဖြစ်ပါတယ် Crd- Delta News Agency