“ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ဖော်ထုတ်ပေးတဲ့ အမာခံဒေါက်တိုင်များ”

စွမ်းအင် နဲ့ နည်းပညာလုပ်ငန်းတွေအကျိုးအမြတ်ကြီးမားပါတယ်။ဒီလို လုပ်ငန်းကြီးတွေကို စစ်အာဏာရှင်တွေက အလွယ်တကူလုပ်ကိုင်ခွင့်ပေးလေ့မရှိပါဘူး။နအဖခေတ်တလျှောက်လုံးမှာ အစိုးရပိုင်အဖြစ်နဲ့ အပြည့်အ၀ ချုပ်ကိုင်ခဲ့တာပါ။

(၂၀၀၉-၂၀၁၀) ခုနှစ်တွေကြားမှာတော့ ပုဂ္ဂလိက လွှဲပေးဖို့ စီစဉ်ခဲ့ပါတယ်။စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘယ်သူတွေကို ရွေးချယ်ပြီး ဘယ်လိုပုံစံနဲ့ စဉ်းစားပြီး ပေးခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ပထမဦးဆုံးအနေနဲ့ မြတ်မေတ္တာမွန် ကုမ္ပဏီက စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်ပြီး အများဆုံး လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။မြတ်မေတ္တာမွန် ကုမ္ပဏီကို ဒေါက်တာဝင်းမြင့်က ပိုင်ဆိုင်တာပါ။

ဒါပေမဲ့ နောက်ကွယ်ကနေ ဦးသန်းရွှေရဲ့ မြေး ဖိုးလပြည့်က အကျိုးတူ ပါဝင်နေတာ ဖြစ်ပါတယ်။ဒေါက်တာဝင်းမြင့် ရဲ့ သားဖြစ်သူနဲ့ အာဏာရှင်ကြီးရဲ့ မြေးဖြစ်သူ ဖိုးလပြည့်ကလည်း သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

နောက်ပြီး တပည့်ရင်းဖြစ်သူ ဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်း ပါဝင်ပါတယ်။အဲ့ဒီနောက် အစဉ်အတိုင်းကြည့်ရင် ဦးတေဇ၊ ဧဒင်အုပ်စု ဦးချစ်ခိုင် နဲ့ ကမ္ဘောဇဘဏ်အုပ်စု ဦးအောင်ကိုဝင်းရဲ့ နီလာရိုးမ တို့ကို မြင်တွေ့ရမှာပါ။

ထူးခြားတာကတော့ ကြံ့ခိုင်ရေးပါတီကိုပါ ရံပုံငွေအတွက် အခြားအမည်ခံပြီး New Day ဆီဆိုင်တွေကို ဖန်တီးပေးခဲ့ပါတယ်။ကိုယ်ကျိုးစီးပွားဦးစားပေးလွန်းတာကြောင့် မအောင်မြင်ဘဲ ဝန်ထမ်းစရိတ်ရုံးတဲ့အတွက် နောက်ပိုင်းမှာ ကြံ့ခိုင်ရေးက အခြားကို ပြန်ရောင်းစားလိုက်တယ်လို့လည်း သိရပါတယ်။

ဒါကိုကြည့်ရင် ဦးသန်းရွှေဟာ သူ့ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး ဖြစ်ပြီး ဘယ်တော့မှ သစ္စာမဖောက်မယ့် ဒေါက်တိုင်တွေကိုသာ စနစ်တကျ ရွေးချယ်ပြီး စက်သုံးဆီလုပ်ငန်းကို ပေးအပ်ခဲ့တာ အထင်အရှား တွေ့ရမှာပါ။အခုလည်း မင်းအောင်လှိုင်က ရုရှကနေ စက်သုံးဆီတင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်လည်း ရှေ့ကအတိုင်း ခြေရာတထပ်တည်း နင်းထားတာပါပဲ။

ဦးသန်းရွှေက သူ့မြေး နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကို ပေးခဲ့သလို မင်းအောင်လှိုင်က သူ့သား နဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကို ပေးပါတယ်။ဦးသန်းရွှေက သူ့တပည့် သူရရွှေမန်းကို ပေးခဲ့သလို မင်းအောင်လှိုင်ကလည်း သူ့တပည့် ဖြစ်သူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မတီ ဥက္ကဋ္ဌ ပေးပါတယ်။

အဲဒီနောက်မှာတွေ့ရတဲ့ စစ်တပ်ပိုင် Star Hight ကုမ္ပဏီနဲ့ ပြင်ပ BOC, PT Power ကုမ္ပဏီ တို့ကိုလည်း မင်းအောင်လှိုင် ရဲ့ အရင်းနှီးဆုံး စိတ်အချရဆုံး ဒေါက်တိုင်တွေအဖြစ် နားလည်သဘောပေါက်ရမှာပဲ ဖြစ်ပါတယ်။သူ့ကိုယ်သူ ခေတ်မီပြီး ပိုထက်မြက်တဲ့သူအဖြစ် စစ်တပ်အတွင်း ဝါဒဖြန့်လေ့ရှိတဲ့ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေ နည်းအဟောင်းကိုလည်း လက်မလွှတ်နိုင်ဘဲ ရံဖန်ရံခါ သုံးနေတာလည်း တွေ့ရလေ့ရှိပါတယ်။

ဦးသန်းရွှေ လက်စွဲစာအုပ်နဲ့ မင်းအောင်လှိုင် ကိုယ်တိုင်ဖော်ထုတ်ပေးတဲ့ ဒီဒေါက်တိုင် လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ကွယ်မှာ တနည်းမဟုတ် တနည်းနဲ့ အဓိက ပါဝင်ပတ်သတ်မှုရှိနိုင်ပါတယ်။

Credit
ဦးသန္းေ႐ႊ လက္စြဲစာအုပ္နဲ႕ မင္းေအာင္လွိုင္ ေဖာ္ထုတ္ေပးတဲ့ အမာခံေဒါက္တိုင္မ်ား

စြမ္းအင္ နဲ႕ နည္းပညာလုပ္ငန္းေတြအက်ိဳးအျမတ္ႀကီးမားပါတယ္။ဒီလို လုပ္ငန္းႀကီးေတြကို စစ္အာဏာရွင္ေတြက အလြယ္တကူလုပ္ကိုင္ခြင့္ေပးေလ့မရွိပါဘူး။နအဖေခတ္တေလွ်ာက္လုံးမွာ အစိုးရပိုင္အျဖစ္နဲ႕ အျပည့္အ၀ ခ်ဳပ္ကိုင္ခဲ့တာပါ။

(၂၀၀၉-၂၀၁၀) ခုႏွစ္ေတြၾကားမွာေတာ့ ပုဂၢလိက လႊဲေပးဖို႔ စီစဥ္ခဲ့ပါတယ္။စစ္အာဏာရွင္ေဟာင္း ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊက ဘယ္သူေတြကို ေ႐ြးခ်ယ္ၿပီး ဘယ္လိုပုံစံနဲ႕ စဥ္းစားၿပီး ေပးခဲ့သလဲဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ပထမဦးဆုံးအေနနဲ႕ ျမတ္ေမတၱာမြန္ ကုမၸဏီက စက္သုံးဆီလုပ္ငန္းနဲ႕ ပတ္သက္ၿပီး အမ်ားဆုံး လုပ္ကိုင္ခြင့္ရခဲ့ပါတယ္။ျမတ္ေမတၱာမြန္ ကုမၸဏီကို ေဒါက္တာဝင္းျမင့္က ပိုင္ဆိုင္တာပါ။

ဒါေပမဲ့ ေနာက္ကြယ္ကေန ဦးသန္းေ႐ႊရဲ႕ ေျမး ဖိုးလျပည့္က အက်ိဳးတူ ပါဝင္ေနတာ ျဖစ္ပါတယ္။ေဒါက္တာဝင္းျမင့္ ရဲ႕ သားျဖစ္သူနဲ႕ အာဏာရွင္ႀကီးရဲ႕ ေျမးျဖစ္သူ ဖိုးလျပည့္ကလည္း သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။

ေနာက္ၿပီး တပည့္ရင္းျဖစ္သူ ဦးေ႐ႊမန္းရဲ႕သား ဦးေအာင္သက္မန္း ပါဝင္ပါတယ္။အဲ့ဒီေနာက္ အစဥ္အတိုင္းၾကည့္ရင္ ဦးေတဇ၊ ဧဒင္အုပ္စု ဦးခ်စ္ခိုင္ နဲ႕ ကေမၻာဇဘဏ္အုပ္စု ဦးေအာင္ကိုဝင္းရဲ႕ နီလာရိုးမ တို႔ကို ျမင္ေတြ႕ရမွာပါ။

ထူးျခားတာကေတာ့ ႀကံ့ခိုင္ေရးပါတီကိုပါ ရံပုံေငြအတြက္ အျခားအမည္ခံၿပီး New Day ဆီဆိုင္ေတြကို ဖန္တီးေပးခဲ့ပါတယ္။ကိုယ္က်ိဳးစီးပြားဦးစားေပးလြန္းတာေၾကာင့္ မေအာင္ျမင္ဘဲ ဝန္ထမ္းစရိတ္႐ုံးတဲ့အတြက္ ေနာက္ပိုင္းမွာ ႀကံ့ခိုင္ေရးက အျခားကို ျပန္ေရာင္းစားလိုက္တယ္လို႔လည္း သိရပါတယ္။

ဒါကိုၾကည့္ရင္ ဦးသန္းေ႐ႊဟာ သူ႕ရဲ႕ အရင္းႏွီးဆုံး၊ အယုံၾကည္ရဆုံး ျဖစ္ၿပီး ဘယ္ေတာ့မွ သစၥာမေဖာက္မယ့္ ေဒါက္တိုင္ေတြကိုသာ စနစ္တက် ေ႐ြးခ်ယ္ၿပီး စက္သုံးဆီလုပ္ငန္းကို ေပးအပ္ခဲ့တာ အထင္အရွား ေတြ႕ရမွာပါ။အခုလည္း မင္းေအာင္လွိုင္က ႐ုရွကေန စက္သုံးဆီတင္သြင္းခြင့္ျပဳတဲ့ ကုမၸဏီေတြကို ၾကည့္ရင္လည္း ေရွ႕ကအတိုင္း ေျခရာတထပ္တည္း နင္းထားတာပါပဲ။

ဦးသန္းေ႐ႊက သူ႕ေျမး နဲ႕ ကေမၻာဇဘဏ္ပိုင္ရွင္ ဦးေအာင္ကိုဝင္းကို ေပးခဲ့သလို မင္းေအာင္လွိုင္က သူ႕သား နဲ႕ ကေမၻာဇဘဏ္ပိုင္ရွင္ ဦးေအာင္ကိုဝင္း ကို ေပးပါတယ္။ဦးသန္းေ႐ႊက သူ႕တပည့္ သူရေ႐ႊမန္းကို ေပးခဲ့သလို မင္းေအာင္လွိုင္ကလည္း သူ႕တပည့္ ျဖစ္သူ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း MEC ဥကၠ႒ ညိုေစာကို ေကာ္မတီ ဥကၠ႒ ေပးပါတယ္။

အဲဒီေနာက္မွာေတြ႕ရတဲ့ စစ္တပ္ပိုင္ Star Hight ကုမၸဏီနဲ႕ ျပင္ပ BOC, PT Power ကုမၸဏီ တို႔ကိုလည္း မင္းေအာင္လွိုင္ ရဲ႕ အရင္းႏွီးဆုံး စိတ္အခ်ရဆုံး ေဒါက္တိုင္ေတြအျဖစ္ နားလည္သေဘာေပါက္ရမွာပဲ ျဖစ္ပါတယ္။သူ႕ကိုယ္သူ ေခတ္မီၿပီး ပိုထက္ျမက္တဲ့သူအျဖစ္ စစ္တပ္အတြင္း ဝါဒျဖန႔္ေလ့ရွိတဲ့ မင္းေအာင္လွိုင္ဟာ ဦးသန္းေ႐ႊ နည္းအေဟာင္းကိုလည္း လက္မလႊတ္နိုင္ဘဲ ရံဖန္ရံခါ သုံးေနတာလည္း ေတြ႕ရေလ့ရွိပါတယ္။

ဦးသန္းေ႐ႊ လက္စြဲစာအုပ္နဲ႕ မင္းေအာင္လွိုင္ ကိုယ္တိုင္ေဖာ္ထုတ္ေပးတဲ့ ဒီေဒါက္တိုင္ လူပုဂၢိုလ္ေတြ၊ ကုမၸဏီေတြဟာ စစ္အာဏာသိမ္းမႈရဲ႕ ေနာက္ကြယ္မွာ တနည္းမဟုတ္ တနည္းနဲ႕ အဓိက ပါဝင္ပတ္သတ္မႈရွိနိုင္ပါတယ္။

Credit

Leave a Reply

Your email address will not be published.