၎င်းတို့နှစ်ဦးသည် MA-1 ၂ လက်၊ MA-3 ၁ လက်၊ ကျ-ည်ဆံအမြောက်အများနှင့် CDM ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်သည်။

“Sစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။

ပြည်သူတွေကို Tဖြ-တ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ် ဆိုကတည်းက Sစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။

အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နေးခဲ့ရပါတယ်။

အခုလည်း မိသားစုကို စွန့်ပစ်ပြီး ဒီ-တော်-လှ-န်ရေးကို ပြီးမြောက်အောင် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်မှုနဲ့ CDM လုပ်ခဲ့တာပါ” ဟု အဆိုပါ တပ်သားများက ပြောဆိုကြောင်း ပြည်သူ့ပန်းတိုင်က ဖော်ပြသည်။

အကြမ်းဖက်Sစ်တပ်သည် တပ်တွင်း၌ တပ်သားများ CDM မပြုလုပ်ရဲအောင် သတင်းအမှား ဖြန့်ဝေခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း သိရှိရသည်။

CDM တပ်သား ၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဂုဏ်ပြုငွေ ချီးမြှင့်ပေးကြောင်း ပြည်သူ့ပန်းတိုင် က သတင်းဖော်ပြသည်။

ဖြစ်စဉ်(၂)

ရှားတောမြို့နယ်အတွင်းက တငူးဆိုစခန်းအား KA၊ KNDF B17 B14 တို့မှသွားရောက်တို-က်-ခို-က်ရာ Sစ်ကောင်စီတပ်များ အပြီးအပိုင်ဆု-တ်ခွာခဲ့ရ

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ်ဒေသရှိ Sစ်ကောင်စီတပ်၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း) ကို ကရင်နီတပ်မတော် နှင့် KNDF B17 B14 တို့၏ ဗျူဟာမြောက်တို-က်ခို-က်ခဲ့ကြောင်း Kn.A.C က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတို-က်ခို-က်မှုကြောင့် Sစ်ကောင်စီတပ်များ ၎င်းစခန်းမှ အပြီးအပိုင် ဆုတ်ခွာခဲ့ရပြီး ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း Sစ်ကောင်စီ ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခု သိမ်းပိုက်ရရှိခဲ့ကြောင်း Kn.A.C ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။








ဖြစ်စဉ်(၂)





Leave a Reply

Your email address will not be published.