လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်း (၇၈)လုံး တွေ့ရှိ၊

MFP ၊ သြဂုတ် – ၁၉

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးဝန်းကျင်မှာ အာဏာသိမ်း ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းတွေ အလုံး (၇၈)လုံးအထိ တွေ့ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

တရုတ်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းတွေကို Myanmar ချီဂွေဗားရားအဖွဲ့ ရဲဘော်တွေက တွေ့ရှိကာ သိမ်းဆည်းခဲ့တာဖြစ်ပြီး အဲ့ဒီမိုင်းတွေကို ဖက်ဆစ်တပ်ကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးချမယ်လို့ ဆိုပါတယ်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးနား တဝိုက်တွင် ရန်သူစစ်ကောင်စီ ထောင်ထားသော နင်းမိုင်းအလုံးရေ (၇၈)လုံးကို ရဲဘော်များက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်သည်။ အဆိုပါ ကြေးနီ စီမံကိန်းအနီးတဝိုက်တွင် ရန်သူစစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည် အသုံးချသွားမည်” လို့ ဖော်ပြပါတယ်။

တရုတ် ကြေးနီစီမံကိန်း အစောင့်ကျ ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ လတွေအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက် မီးရှို့ကာ ဒေသခံ ပြည်သူတချို့ကိုလည်း ဖမ်းဆီး ညှဉ်းပန်း သ-တ်-ဖြတ်တာ၊ မီးရှို့ သ-တ်-ဖြတ်တာတွေ ကျူးလွန်ခဲ့ပါသေးတယ်။

ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြစ်သာဆည်ဘောင်ပေါ်မှာ မိုင်းတွေ ထောင်ထားလို့ ပြည်သူတွေ ဆည်ဘောင်ပေါ် အသွားအလာ မလုပ်ကြဖို့ ဒေသခံ အချင်းချင်း သတိပေးနေကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်းတွေ/Photo – Myanmar ချီဂွေဗားရား

လက္ပံေတာင္း ေၾကးနီစီမံကိန္းအနီးမွာ ဖက္ဆစ္တပ္ ေထာင္ထားတဲ့ မိုင္း (၇၈)လုံး ေတြ႕ရွိ၊

MFP ၊ ၾသဂုတ္ ၁၉

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း အနီးဝန္းက်င္မွာ အာဏာသိမ္း ဖက္ဆစ္တပ္က ေထာင္ထားတဲ့ နင္းမိုင္းေတြ အလုံး (၇၈)လုံးအထိ ေတြ႕ရွိခဲ့တယ္လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတင္း ထုတ္ျပန္ပါတယ္။

တ႐ုတ္ရဲ႕ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း အနီးမွာ ဖက္ဆစ္တပ္က ေထာင္ထားတဲ့ နင္းမိုင္းေတြကို Myanmar ခ်ီေဂြဗားရားအဖြဲ႕ ရဲေဘာ္ေတြက ေတြ႕ရွိကာ သိမ္းဆည္းခဲ့တာျဖစ္ၿပီး အဲ့ဒီမိုင္းေတြကို ဖက္ဆစ္တပ္ကို တိုက္ခိုက္ဖို႔ ျပန္လည္ အသုံးခ်မယ္လို႔ ဆိုပါတယ္။

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအနီးနား တဝိုက္တြင္ ရန္သူစစ္ေကာင္စီ ေထာင္ထားေသာ နင္းမိုင္းအလုံးေရ (၇၈)လုံးကို ရဲေဘာ္မ်ားက သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္အပ္သည္။ အဆိုပါ ေၾကးနီ စီမံကိန္းအနီးတဝိုက္တြင္ ရန္သူစစ္ေကာင္စီ ေထာင္ထားေသာ နင္းမိုင္းမ်ားကို ျပန္လည္ အသုံးခ်သြားမည္ လို႔ ေဖာ္ျပပါတယ္။

တ႐ုတ္ ေၾကးနီစီမံကိန္း အေစာင့္က် ဖက္ဆစ္တပ္ဟာ ၿပီးခဲ့တဲ့ လေတြအတြင္း လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအနီးက ႐ြာေတြကို ဝင္ေမႊလုယက္ ဓားျပတိုက္ မီးရွို႔ကာ ေဒသခံ ျပည္သူတခ်ိဳ႕ကိုလည္း ဖမ္းဆီး ညွဥ္းပန္း သ-တ္-ျဖတ္တာ၊ မီးရွို႔ သ-တ္-ျဖတ္တာေတြ က်ဴးလြန္ခဲ့ပါေသးတယ္။

ဖက္ဆစ္တပ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း မေကြးတိုင္း၊ ဂန႔္ေဂါနယ္၊ ျမစ္သာဆည္ေဘာင္ေပၚမွာ မိုင္းေတြ ေထာင္ထားလို႔ ျပည္သူေတြ ဆည္ေဘာင္ေပၚ အသြားအလာ မလုပ္ၾကဖို႔ ေဒသခံ အခ်င္းခ်င္း သတိေပးေနၾကပါတယ္။

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအနီး ဖက္ဆစ္တပ္ ေထာင္ထားတဲ့ မိုင္းေတြ/Photo Myanmar ခ်ီေဂြဗားရား

Leave a Reply

Your email address will not be published.