ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လာသူများ လက်ဆွဲအိတ် ကျောပိုးအိတ် ဘေးလွယ်အိတ်နဲ့ အထုပ်အပိုးတွေကိုယူဆောင်မလာဖို့ တင်းကြပ်စွာတားမြစ်ကုန်ပြီ

သြဂုတ် ၁၂

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လာရောက်သူများ အနေနဲ့ ရုံးအတွင်းသို့ လက်ဆွဲအိတ်၊ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်နဲ့ အထုပ်အပိုးတွေကို ယူဆောင်မလာကြဖို့ တင်းကြပ်စွာ တားမြစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ် ဖြစ်ပွားအပြီးမှာ စစ်ကောင်စီ အုပ်ချုပ်ရေး တာဝန်ရှိသူ တွေက မြို့နယ်တိုင်းလိုလိုရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်မည့်သူများ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ယခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ အပြင်ဘက်မှာ သတိပေးတဲ့ ပိုစတာကပ်ထားတာပါ။ ရုံးထဲကို ဝင်မယ်ဆိုရင်ဘာမှ ယူလာလို့မရဘူးပေါ့။ စာရွက်စာတမ်းကလွဲရင်ပေါ့၊ ကျန်တဲ့ အိတ်တွေ အထုပ်အပိုးတွေ ယူမလာရဘူး ယူလို့မရဘူးလို့ ရေးထားတာပါ။”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါ မြောက်ဥက္ကလာပမြို့နယ်ရှိ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဟာ ဩဂုတ် ၇ ရက်နေ့ ညပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၈ ရက်နေ့မှာလည်း တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက် အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရုံးအတွင်း သေနတ်သမား ၃ ဦးက ဝင်ရောက် ပစ်ခတ်ခဲ့ရာမှ ရပ်ကွက်ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာပါ။

ယင်းဖြစ်စဉ်များအပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို လုံခြုံရေးတိုးမြှင့်ထားသလို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်မည့်သူများလိုက်နာရမယ့် စည်ကမ်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အချို့သော မြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်ပါက ငွေကြေးပေးဆောင်ရမှုတွေလည်းရှိနေတယ်လို့ ရန်ကုန်မြို့ နေ ပြည်သူတွေက ပြောပါတယ်။

“ဧည့်စာရင်းတစ်ခါတိုင်ရင် ပိုက်ဆံ ၅၀၀ အမြဲပေးရပါတယ်။ ဘာကြောင့်လဲ မသိဘူး၊ အမြဲလိုလိုပေးရတယ်။”လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါသေးတယ်။

ပုံစာ – ရန်ကုန်တိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ခုအား တွေ့ရစဉ်။

Leave a Reply

Your email address will not be published.