Unicode
လက်ရှိမှာ ငဗစ်တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်
အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကို ကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်
အခုလိုရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့အစည်းတွေအတွက် နန်းခင်ဇေယျာဟာ တတ်နိုင်တဲ့ဘက်ကနေ PPEဝတ်စုံတွေလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ
ငဗစ်ကပ်ရောဂါဆိုးကာလကြီးမှာ ရှေ့တန်းမှာတိုက်စစ်မှူးများပီပီ မိမိရဲ့ အသက်ကိုပင်မငဲ့ကွက်ပဲ စေတနာအရင်းခံဖြင့် ကူညီဆောင်ရွက်နေတဲ့ ပရဟိတအသင်းများကို နန်းခင် တတ်နိုင်တဲ့ဘက်မှ ပါရမီဖြည့်ခွင့်လေးရခဲ့ပါတယ်
နောက်အခေါက်အလှူများမှာလည်းဒီထက်မကပိုလှူနိုင်အောင်ကြိုးစားသွားပါမယ်ရှင့်။မြန်မာပြည်သူပြည်သားများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခ၊ ကပ်ရောဂါ အပေါင်းမှ
အမြန်ဆုံးကင်းဝေးကြပါစေ ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
သတင်းအရင်းမြစ်: Nang Khin Zay Yar’s Facebook acc