ကပ်ရောဂါဆိုးကြီး ကူးစက်ခံရမှုများကြောင့် အောက်ဆီဂျင်လိုအပ်မှုတွေ အရမ်းကို များပြားနေပြီး ဒီအခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲနေဆဲ

ဖြစ်ပါတယ်။ အလှူရှင်များကလည်း အောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံးဆောက်လုပ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးနေကြတာလည်း

ဖြစ်ပါတယ်အနုပညာရှင်များကလည်းဒီအခြေအနေဆိုးကြီးကနေကင်းလွတ်အောင်တတ်နိုင်သလောက်လှူဒါန်းပေးနေကြတာကိုလည်း အားရဖွယ် မြင်တွေ့ရပါတယ်

သရုပ်ဆောင်စမိုင်းလ်ကလည်းဒီအလှူတွေထဲတတ်နိုင်သလောက်လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်ဒါကတော့အောက်ဆီဂျင်ဝယ်ယူရန်အတွက် ငွေကျပ် သိန်း(၄၀၀) နဲ့ အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရန် ငွေသိန်း(၁၀၀)

မတည်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။စမိုင်းလ်ကတော့ပြည်သူတွေလိုအပ်တဲ့အရာမှန်သမျှတတ်နိုင်သလောက်လှူဒါန်းပေးနေသူတစ်ဦးဖြစ်ပြီး အခုမှာလည်း မွန်မြတ်လွန်းတဲ့အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်

သူမကလည်း” အခုချိန်မှာအလိုအပ်ဆုံးဖြစ်နေတဲ့အောက်စီဂျင်ဝယ်ရန် အလှူငွေ သိန်း (၄၀၀)နှင့်

အောက်စီဂျင်စက်ရုံဆောက်လုပ်ရန်အတွက်အလှူငွေသိန်း(၁၀၀)ပါဝင်ကုသိုလ်ပြုလှူဒါန်းထားပါတယ်။ဤသို့လှူဒါန်းရသောကြောင့်ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးကင်းဝေးကြပါစေဆ

က်လက်ပြီးတတ်နိုင်သမျှကြိုးစားပြီးလှူဒါန်းသွားပါမယ်ရှင်။ ” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း လိုအပ်နေတဲ့အချိန်မှာ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတဲ့ စိတ်နဲ့ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်ကို

ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ စမိုင်းလ်တစ်ယောက်လည်း ဒီ့ထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Smile’s Facebook Page

Leave a Reply

Your email address will not be published.