
ရန်ကုန်၊ ဇူလိုင် ၃၀





Breaking News- ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲ၊ လူနာတင်ကား ၃ စီး ရောက်ရှိ

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ၊ စည်ပင် ဝင် ပေါက် အနီးတွင် ဗုံးပေါက်ကွဲပြီး လူနာတင်ကား ၃ စီးရောက်ရှိနေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ၊ မည်သူမှ မရှိဘဲ ဗုံးထပေါက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြော သည်။

“ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ အဲဒီနားမှာ ဘယ်သူမှလည်း မရှိဘဲ ဗုံးထပေါက်တာ။ လူသူမရှိဘဲကို ထပေါက်တာ။

လူနာတင်ကား ၃ စီးဝင်သွားတာတွေ့တယ်။ အခုတော့ လမ်းတွေအကုန်ပိတ်ထားပြီ။ ခွေးတွေ ထိသွားတယ်ထင်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောဆိုသည်။


ရန်ကုန်၊ ဇူလိုင် ၃၀





Leave a Reply

Your email address will not be published.