စမ္းေခ်ာင္း ရွမ္းလမ္းမီးပြိဳင့္ယာဥ္ထိန္းရဲကင္းတြင္ ဗုံး ၂ လုံးေပါက္၊ မရမ္းကုန္း၊ အင္းစိန္၊ လႈိင္ၿမိဳ႕နယ္ႏွင့္ ေျမာက္ဒဂုံတို႔တြင္ ဗုံးမ်ား ဆက္တိုက္ေပါက္ကြဲ

ရန္ကုန္၊ ဇူလိုင္ ၂၉

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗဟိုလမ္းႏွင့္ ဗားကရာလမ္းေထာင့္၊ ရွမ္းလမ္းမီးပြိဳင့္ယာဥ္ထိန္းရဲကင္းတြင္ ယေန႔ ညပိုင္း ဗုံး ၂ လုံးေပါက္ကြဲေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဇူလိုင္ ၂၉ ရက္ေန႔ ညပိုင္း ဗဟိုလမ္းႏွင့္ ဗားကရာလမ္းေထာင့္ရွိ ၊ ရွမ္းလမ္းမီးပြိဳင့္တြင္ ည ၁၁ နာရီႏွင့္ ည ၁၁ နာရီ ၅ မိနစ္အခ်ိန္တြင္ ဗုံး ၂ လုံး ဆက္တိုက္ေပါက္ကြဲျခင္းျဖစ္သည္ဟု သိရွိရသည္။

“စမ္းေခ်ာင္းမွာ ဗဟိုလမ္းနဲ႔ ဗားကရာလမ္းေထာင့္ ယဥ္ထိန္းရဲကင္းမွာ ဗုံးႏွစ္ႀကိမ္ ခုည ၁၁နာရီမွာေပါက္ပါတယ္။ ၅ မိနစ္ေလာက္ပဲျခားတယ္။ စစ္ေခြးေတြ လာမစစ္ေတာ့ အထိအခိုက္မရွိပါဘူး။ အဲဒီယာဥ္ထိန္းရဲကင္းက စမ္းေခ်ာင္းတရား႐ုံးနဲ႔လည္းနီးပါတယ္” ဟုေဒသခံတစ္ဦးက ေျပာသည္။

အလားတူ အင္းစိန္ၿမိဳ႕နယ္၊ ေပါက္ေတာ၀တြင္လည္း ယေန႔ ည ၁၁ နာရီ ၁၃ မိနစ္ဝန္းက်င္အခ်ိန္ ဗုံးေပါက္ကြဲေၾကာင္း၊ ေပါက္ေတာ၀ မီးပြိဳင့္ရွိ ယာဥ္ထိန္းရဲကင္းအနီးတြင္ ေပါက္ကြဲျခင္းျဖစ္ၿပီး ေပါက္ကြဲသံၾကားၿပီးေနာက္ ေသနတ္ပစ္ခတ္သံတခ်ိဳ႕ၾကားရေၾကာင္း‌ ေဒသခံမ်ားကဆိုၾကသည္။

“ဗုံးက ဆင့္ကဲေပါက္တာ။ ႏွစ္ႀကိမ္ဗ်။ ပစ္ခတ္သံလည္းၾကားရတယ္” ဟု အင္းစိန္၊ ေပါက္ေတာ၀ မုဒိတာအိမ္ရာ ၂ အနီးေနထိုင္သူတစ္ဦးက ေျပာသည္။

ထို႔ျပင္ မရမ္းကုန္းၿမိဳ႕နယ္တြင္လည္း ယေန႔ည ၁၁ နာရီအခ်ိန္တြင္ ဗုံးေပါက္ကြဲသံ က်ယ္ေလာင္စြာ ၾကားရသည္ဟု မရမ္းကုန္း ၂ ရပ္ကြက္မွ ေဒသခံတစ္ဦးက ေျပာဆိုသည္။

ထို႔ျပင္ လႈိင္ၿမိဳ႕နယ္တြင္လည္း ယခု ည ၁၁ နာရီဝန္းက်င္တြင္ ဗုံးေပါက္ကြဲသံ အလြန္က်ယ္ေလာင္ေၾကာင္း ၊ စစ္တပ္ကားမ်ား ကင္းလွည့္ေနေၾကာင္း သိရွိရသည္။

“ေပါက္တဲ့အသံက အရမ္းကိုက်ယ္တာဗ်ာ။ တိုက္ေတြေတာင္ တုန္တယ္” ဟုေဒသခံတစ္ဦးက ေျပာဆိုသည္။ ေျမာက္ဒဂုံတြင္လည္း ယခု ည ၁၀ နာရီ ၂၅ မိနစ္ႏွင့္ ည ၁၁ နာရီဝန္းက်င္တြင္ ၂ ႀကိမ္ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

စမ်းချောင်း ရှမ်းလမ်းမီးပွိုင့်ယာဉ်ထိန်းရဲကင်းတွင် ဗုံး ၂ လုံးပေါက်၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံတို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်၊ ရှမ်းလမ်းမီးပွိုင့်ယာဉ်ထိန်းရဲကင်းတွင် ယနေ့ ညပိုင်း ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင် ၂၉ ရက်နေ့ ညပိုင်း ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ၊ ရှမ်းလမ်းမီးပွိုင့်တွင် ည ၁၁ နာရီနှင့် ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်သည်ဟု သိရှိရသည်။

“စမ်းချောင်းမှာ ဗဟိုလမ်းနဲ့ ဗားကရာလမ်းထောင့် ယဉ်ထိန်းရဲကင်းမှာ ဗုံးနှစ်ကြိမ် ခုည ၁၁နာရီမှာပေါက်ပါတယ်။ ၅ မိနစ်လောက်ပဲခြားတယ်။ စစ်ခွေးတွေ လာမစစ်တော့ အထိအခိုက်မရှိပါဘူး။ အဲဒီယာဉ်ထိန်းရဲကင်းက စမ်းချောင်းတရားရုံးနဲ့လည်းနီးပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ အင်းစိန်မြို့နယ်၊ ပေါက်တောဝတွင်လည်း ယနေ့ ည ၁၁ နာရီ ၁၃ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲကြောင်း၊ ပေါက်တော၀ မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းအနီးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲသံကြားပြီးနောက် သေနတ်ပစ်ခတ်သံတချို့ကြားရကြောင်း‌ ဒေသခံများကဆိုကြသည်။

“ဗုံးက ဆင့်ကဲပေါက်တာ။ နှစ်ကြိမ်ဗျ။ ပစ်ခတ်သံလည်းကြားရတယ်” ဟု အင်းစိန်၊ ပေါက်တော၀ မုဒိတာအိမ်ရာ ၂ အနီးနေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ည ၁၁ နာရီအချိန်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရသည်ဟု မရမ်းကုန်း ၂ ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် လှိုင်မြို့နယ်တွင်လည်း ယခု ည ၁၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ၊ စစ်တပ်ကားများ ကင်းလှည့်နေကြောင်း သိရှိရသည်။

“ပေါက်တဲ့အသံက အရမ်းကိုကျယ်တာဗျာ။ တိုက်တွေတောင် တုန်တယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။ မြောက်ဒဂုံတွင်လည်း ယခု ည ၁၀ နာရီ ၂၅ မိနစ်နှင့် ည ၁၁ နာရီဝန်းကျင်တွင် ၂ ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

Leave a Reply

Your email address will not be published.