ရန္ကုန္၊ ဇူလိုင္ ၂၇

လူငယ့္ေခတ္

အၾကမ္းဖက္စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ ေပၚလာခဲ့သည့္ ေႏြဦးေတာ္လွန္ေရးကာလအတြင္း ဆန္႔က်င္ေတာ္လွန္သူမ်ား ကို မတရားဖမ္းဆီးကာ ေသဒဏ္အမိန႔္ခ်မွတ္ထားသူ ၇၂ ဦးတြင္ အမ်ိဳးသမီး ၉ ဦးပါဝင္ေနေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(AAPP)က ယေန႔သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ အမ်ိဳးသမီး ၉ ဦးမွာ မျမင့္ျမင့္ေအး၊ မမိုးမိုးျမင့္ေအာင္၊ မဇင္မာထြန္း၊ မလွလွႏိုင္ (ခ) မႏိုင္၊ ေဆာင္းေလေျပ (ခ) ဇူးဇူး၊ မခင္ဝင့္ေက်ာ္ေမာင္၊ မဆုေဝႏွင္း၊ မဆုျမတ္သြယ္ႏွင့္ မခ်ိဳခ်ိဳ တို႔ျဖစ္ၾကၿပီး လူသတ္မႈ၊ အၾကမ္းဖက္မႈပုဒ္မမ်ား၊ အက်ိဳးဖ်က္ဆီးမႈ စသည့္ မတရားပုဒ္မမ်ားတပ္ကာ ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္ခုံ႐ုံးက တဖက္သတ္အမိန္႔ ေသဒဏ္ ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

AAPP အေနျဖင့္ ယခုႏွစ္၊ ဇူလိုင္လ ၂၆ ရက္အထိ ေကာက္ယူထားသည့္ စာရင္းမ်ားအရ အၾကမ္းဖက္စစ္တပ္က အာဏာသိမ္း ယူခဲ့သည့္အခ်ိန္မွစ၍ မတရားဖမ္းဆီးကာ ေသဒဏ္အမိန႔္ခ်မွတ္ခံထားရသည့္ ႏိုင္ငံေရးအက်ဥ္းသား ၇၂ ဦးတို႔သည္လည္း ထပ္မံ၍ တရားလက္လြတ္ သတ္ျဖတ္ခံရမည့္ အေျခအေနျဖင့္ရင္ဆိုင္ေနရေၾကာင္း ထည့္သြင္းေရးသားထားသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစတင္ၿပီး ၂၀၂၂ ခုႏွစ္၊ ဇူလိုင္ ၂၆ ရက္အထိ ေႏြဦးေတာ္လွန္ေရးအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ၏ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူေပါင္း ၁၁၇၉၅ ဦးရွိၿပီး ၎တို႔အနက္မွ ၁၃၄၈ ဦး သည္ ျပစ္ဒဏ္အသီးသီး ခ်မွတ္ခံထားရကာ ထိုျပစ္ဒဏ္ခ်မွတ္ခံထားရသူမ်ားအနက္မွ ၇၂ ဦးမွာ ေသဒဏ္ခ်မွတ္ခံထားရသူမ်ားျဖစ္သည္။

ထို႔ျပင္ မ်က္ကြယ္ေသဒဏ္ခ်မွတ္ျခင္းခံထားရသူ ၄၁ ဦးရွိေနျခင္းေၾကာင့္ ေသဒဏ္ခ်မွတ္ခံထားရသူစုစုေပါင္း ၁၁၃ ဦးရွိေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(AAPP)၏ စာရင္းမ်ားအရသိရသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ ဇူလိုင္ တတိယပတ္အတြင္း ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကို မတရားေသဒဏ္ေပး စီရင္လိုက္ေၾကာင္း ၿပီးခဲ့သည့္ ဇူလိုင္လ ၂၅ ရက္ကေၾကညာခဲ့ၿပီး မိသားစုမ်ားထံသို႔ အေလာင္းပင္ ျပန္မေပးဘဲ တိတ္တဆိတ္သၿဂႋဳလ္ခဲ့သည္။

ယင္းေသဒဏ္ေပးမႈသည္ ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က ျပန္လည္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

အက်ဥ္းေထာင္လက္စြဲဥပေဒပုဒ္မ ၁၀၂၇ အရ ေသဒဏ္ကြပ္မ်က္ခံရသူမ်ားအား မီးသၿဂႋဳလ္ခြင့္မရွိဘဲ သခ်ႋဳင္းေျမ ေနရာမ်ားတြင္ မွတ္တိုင္စိုက္ထူ၍ ေသဆုံးသူ၏ အမည္၊ ေနရပ္လိပ္စာႏွင့္ ေသဆုံးသည့္ေန႔ရက္တို႔ကို ေရးသား ေဖာ္ျပကာ ျမႇဳပ္ႏွံရမည္ ျဖစ္ေသာ္လည္း ထိုဥပေဒျပဌာန္းခ်က္မ်ားတိုင္းျပဳလုပ္ရန္ အၾကမ္းဖက္စစ္တပ္က ပ်က္ကြက္ခဲ့သည္။

၎တို႔သည္ ျပဌာန္းထားေသာ အက်ဥ္းေထာင္လက္စြဲဥပေဒကို ေက်ာ္လြန္၍ ကိုဂ်င္မီ၊ ကိုၿဖိဳး ေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရတို႔အေပၚ ေသဒဏ္စီရင္ကာ တိတ္တဆိတ္သၿဂႋဳလ္လိုက္ျခင္းသည္ လူသတ္အေလာင္းေဖ်ာက္မႈ ေျမာက္သည္ဟုလည္း AAPP ကဆိုထားသည္။

ဓာတ္ပုံ- မတရားေသဒဏ္အမိန္႔ ခ်မွတ္ခံထားရသူ အမ်ိဳးသမီးမ်ား

အကြမ်းဖက်စစ်ကောင်စီ၏ မတရားေ-သဒ-ဏ်အမိန့် ချမှတ်ထားသူများထဲတွင် အမျိုးသမီး ၉ ဦးပါဝင်နေ

ရန်ကုန်၊ ဇူလိုင် ၂၇

လူငယ့်ခေတ်

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပေါ်လာခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း ဆန့်ကျင်တော်လှန်သူများ ကို မတရားဖမ်းဆီးကာ သေဒဏ်အမိန့်ချမှတ်ထားသူ ၇၂ ဦးတွင် အမျိုးသမီး ၉ ဦးပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသမီး ၉ ဦးမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင် (ခ) မနိုင်၊ ဆောင်းလေပြေ (ခ) ဇူးဇူး၊ မခင်ဝင့်ကျော်မောင်၊ မဆုဝေနှင်း၊ မဆုမြတ်သွယ်နှင့် မချိုချို တို့ဖြစ်ကြပြီး လူသတ်မှု၊ အကြမ်းဖက်မှုပုဒ်မများ၊ အကျိုးဖျက်ဆီးမှု စသည့် မတရားပုဒ်မများတပ်ကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ခုံရုံးက တဖက်သတ်အမိန့် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

AAPP အနေဖြင့် ယခုနှစ်၊ ဇူလိုင်လ ၂၆ ရက်အထိ ကောက်ယူထားသည့် စာရင်းများအရ အကြမ်းဖက်စစ်တပ်က အာဏာသိမ်း ယူခဲ့သည့်အချိန်မှစ၍ မတရားဖမ်းဆီးကာ သေဒဏ်အမိန့်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးတို့သည်လည်း ထပ်မံ၍ တရားလက်လွတ် သတ်ဖြတ်ခံရမည့် အခြေအနေဖြင့်ရင်ဆိုင်နေရကြောင်း ထည့်သွင်းရေးသားထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်အထိ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၁၇၉၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၁၃၄၈ ဦး သည် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရကာ ထိုပြစ်ဒဏ်ချမှတ်ခံထားရသူများအနက်မှ ၇၂ ဦးမှာ သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။

ထို့ပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ဦးရှိနေခြင်းကြောင့် သေဒဏ်ချမှတ်ခံထားရသူစုစုပေါင်း ၁၁၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရသိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင် တတိယပတ်အတွင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို မတရားသေဒဏ်ပေး စီရင်လိုက်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်ကကြေညာခဲ့ပြီး မိသားစုများထံသို့ အလောင်းပင် ပြန်မပေးဘဲ တိတ်တဆိတ်သင်္ဂြိုလ်ခဲ့သည်။

ယင်းသေဒဏ်ပေးမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြန်လည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသင်္ဂြိုလ်ခွင့်မရှိဘဲ သင်္ချိုင်းမြေ နေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့်နေ့ရက်တို့ကို ရေးသား ဖော်ပြကာ မြှုပ်နှံရမည် ဖြစ်သော်လည်း ထိုဥပဒေပြဌာန်းချက်များတိုင်းပြုလုပ်ရန် အကြမ်းဖက်စစ်တပ်က ပျက်ကွက်ခဲ့သည်။

၎င်းတို့သည် ပြဌာန်းထားသော အကျဉ်းထောင်လက်စွဲဥပဒေကို ကျော်လွန်၍ ကိုဂျင်မီ၊ ကိုဖြိုး ဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့အပေါ် သေဒဏ်စီရင်ကာ တိတ်တဆိတ်သင်္ဂြိုလ်လိုက်ခြင်းသည် လူသတ်အလောင်းဖျောက်မှု မြောက်သည်ဟုလည်း AAPP ကဆိုထားသည်။

ဓာတ်ပုံ- မတရားသေဒဏ်အမိန့် ချမှတ်ခံထားရသူ အမျိုးသမီးများ

Leave a Reply

Your email address will not be published.