
ရန်ကုန်၊ ဇူလိုင် ၂၇



ကျဆုံးတော်လှန်ရေးရဲဘော် ၄ ဦးအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ရေးမြို့နယ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်၊ စစ်သား ၁ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ဆေးရေးကင်းဂိတ်ကို စစ်တပ်က သတ်ဖြတ်လိုက်သော တော်လှန်ရေးရဲဘော် ၄ ဦး၏ သွေးကြွေးကို ဆပ်သည့်အနေဖြင့် စစ်ဆင်ရေး အမှတ်စဉ် (၁) အဖြစ် ယနေ့ နံနက်ပိုင်း ဝင် ရောက် ပစ်ခတ်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က သတင်း ထုတ် ပြန်သည်။

ထို စစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့်တကွ ကျဆုံးခဲ့ရသည့် တော်လှန် ရေးရဲဘော်များအတွက် ရည်ရွယ်ကြောင်း၊ ယနေ့ နံနက် နံနက် ၇ နာရီအချိန် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လုံခြုံရေးဂိတ်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်မှုများပြားကြောင်း သိရှိရသည်။


ရန်ကုန်၊ ဇူလိုင် ၂၇



Leave a Reply

Your email address will not be published.