မနေ့က ဒစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲမှာ ကိုဂျင်မီတို့ ကိုမောင်ကျော်တို့ကိစ္စကို တစ်ခွန်းမှ ပြောမသွားဘူး။ သတင်းစာရှင်းလင်းပွဲမတိုင်ခင်ကတည်းက ပြောမှာ မဟုတ်ဘူး၊
သတင်းစာထဲက အတိုင်းပဲလို့ ပြောနေတာ။ ဒါကြောင့် ဒီသတင်းစာရှင်းလင်းပွဲဟာ အခြားရည်ရွယ်ချက်တစ်ခု ရှိလိမ့်မယ်လို့ ယူဆလို့ရတယ်။
အခုတော့ သဘောပေါက်သွားပြီ။ ဒီသတင်းစာရှင်းလင်းပွဲဟာ ပျူစောထီးတွေကို ရည်ရွယ်တဲ့ သတင်းစာရှင်းလင်းပွဲပဲ။ မနေ့က ဇော်မဲလုံး ပြောသွားတယ်။ ပျူစောထီးတွေဟာ လူရမ်းကားတွေတဲ့။ စစ်ကိုင်းဒေသထဲမှာ ခိုးဆိုးလုယက်ပြီး ပြည်သူတွေကို နှိပ်စက်နေတဲ့ လူရမ်းကားတွေလို့ သေသေချာချာ ပြောသွားတယ်။
အဲ့တော့ မကြာခင်မှာ ပျူစောထီးတွေကို စစ်တပ်က နှိမ်နင်းတော့ဖွယ် ရှိတယ်။ အမြဲတမ်း ပွဲတိုင်းခံနေရတဲ့ ငပျူတွေရဲ့ တိုက်ရည်ခိုက်ရည်ညံ့ဖျင်းမှုဟာ စကစအတွက် သုံးစားမရတော့ဘူးလို့ ယူဆလာတဲ့အပြင် ငပျူတွေကိစ္စဟာ စကစအတွက်နိုင်ငံတကာဖိအားတစ်ခုခုဖြစ်လာတာမျိုး ဖြစ်တဲ့အတွက် မကြာခင်မှာ ပျူတွေကို ထိုးကျွေးတော့မယ့်လေသံပဲ။
သူတို့ဖာသာတည်ထောင်ထားတဲ့အဖွဲ့ဆိုတာ အရမ်းရှင်းလင်းတဲ့ကိစ္စ။ ပျူတွေဟာ PDF တွေကို နှောက်ယှက်နေတာ၊ ပြည်သူတွေကို စကစအလိုကျ သတ်ဖြတ်နေတာ။ စကစနဲ့ ငပျူခေါင်းဆောင်တွေ အပေးအယူမတည့်တော့တဲ့အတွက် ငပျူတွေကို ရှင်းဖို့ ဆုံးဖြတ်လိုက်ပြီထင်တယ်။
ပျူတွေတော့ ဖျင်ချခံရတော့မယ်။ ဒီဘက်မှာလည်း စကစက ထိုးကျွေးတော့မယ်။ ဟိုဘက်ပြေးရင်လည်း PDFက ကြိတ်မယ်။ ပြေးစရာမြေမရှိ ဖြစ်တော့မယ်။ စစ်အာဏာရှင်စနစ်ဆိုတာ ဘာဆိုတာ လက်တွေ့ခံစားရတော့မယ်။
ဘောမတာလည်း ကြည့်မကြ။ ဒါမျိုးဆိုတာက ဘောကို ယွယွလေး မ,ပေးရင်း ဟိုက စိတ်ပါပြီး L33 နဲ့ ထိုးသွားတာမျိုးလို့ ခေါ်တယ်။credit
Leave a Reply
Your email address will not be published.