လက္ရွိ ျမန္မာနိုင္ငံမွာေတာ့ ကိွဗစ္ေရာဂါကူးစက္မႈေတြ ျမင့္တက္လာတာနဲ႔ အမၽွ ေအာက္ဆီဂ်င္ O2 မ်ား အလြယ္တကူမရတဲ့ ျပႆနာေတြကို ရင္ဆိုင္ၾကဳံေတြ႕ေနရတာ ေတြ႕ျမင္ေနရပါတယ္

တခ်ိဳ႕ျပည္သူေတြဆိုရင္ ေအာက္ဆီဂ်င္O2တစ္အိုးရဖို႔အတြက္ တစ္ေနကုန္တစ္ေနခန္း ေနပူမိုးရြာေနတဲ့ ၾကားကေန တန္းစီေစာင့္ရတာျဖစ္ပါတယ္။လတ္တေလာ ေသဆုံးေနတဲ့ ကိွဗစ္လူနာအမ်ားစုဟာ ေဆာက္ဆီဂ်င္O2ထိုးက်ၿပီး ေသဆုံးေနၾကတာ ျဖစ္ပါတယ္

ဒါ့အျပင္ ေအာက္ဆီဂ်င္ O2 အိုး ေစ်းႏႈန္းေတြက အဆမတန္ ျမင့္တက္ေနတဲ့အျပင္ ဝယ္ခ်င္းတိုင္းလည္း ဝယ္ယူလို႔မရတဲ့ အေျခအေနေတြေၾကာင့္ ကိုဗစ္လူနာေတြအတြက္ အခက္ၾကဳံေနရတာ ျဖစ္ပါတယ္

ဒီလိုအခက္အခဲေတြကို အခြင့္ေကာင္းယူၿပီး ဝိသမေလာဘသားေတြက အသုံးျပဳလို႔မရေတာ့တဲ့ ေအာက္ဆီဂ်င္ O2 အိုး အေဟာင္းေတြ နဲ႔ လုပ္ငန္းသုံး ကာဗြန္တိုင္ေအာက္ဆိုက္ CO2 အိုးေတြကို ေဆးသုတ္ၿပီး မသိနားမလည္တဲ့ ျပည္သူေတြအား အျမတ္တင္ လိမ္ေရာင္းေနၾကတာ ေတြ႕ရပါတယ္

 

 

ဒီျဖစ္စဥ္မွာေတာ့ ပုသိမ္ၿမိဳ႕က ေစတနာရွင္ အမ်ိဳးသမီးတစ္ဦးဟာ ပရဟိတအသင္းကို ေအာက္ဆီဂ်င္(O2)အိုး လႉဒါန္းေပးဖို႔အတြက္ ေအာက္ဆီဂ်င္အိုး(၂)လုံးဝယ္ယူရာကေန အိုး(၁)လုံးကို (၅)သိန္းခြဲနဲ႔ ေရာင္းခဲ့လို႔ ေသခ်ာစစ္ၾကည့္ခဲ့ရာ လုပ္ငန္းသုံး ကာဗြန္တိုင္ေအာက္ဆိုက္(CO2)အိုးမ်ား ျဖစ္ေနတယ္လို႔ သိရပါတယ္

ဒီလို ဝိသမေလာဘသားေတြရဲ့ ေအာက္ဆီဂ်င္(O2)အိုးမ်ား လိမ္ေရာင္းခဲ့တာေၾကာင့္ တခ်ိဳ႕လူနာေတြ မေသသင့္ဘဲ ေသဆုံးသြားခဲ့တာေတြ ရွိပါတယ္ပရိသတ္ေတြလည္း ယခုလို အလိမ္မခံရေအာင္ သတိထားေစဖို႔အတြက္ အက်ိဳးရွိတဲ့ ဒီဗီဒီယိုေလးကို ျပန္လည္ကူးယူေဖာ္ျပေပးလိုက္ပါတယ္ crd- MM load

Unicode

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကှိဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ အောက်ဆီဂျင် O2 များ အလွယ်တကူမရတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ တွေ့မြင်နေရပါတယ်

တချို့ပြည်သူတွေဆိုရင် အောက်ဆီဂျင်O2တစ်အိုးရဖို့အတွက် တစ်နေကုန်တစ်နေခန်း နေပူမိုးရွာနေတဲ့ ကြားကနေ တန်းစီစောင့်ရတာဖြစ်ပါတယ်။လတ်တလော သေဆုံးနေတဲ့ ကှိဗစ်လူနာအများစုဟာ ဆောက်ဆီဂျင်O2ထိုးကျပြီး သေဆုံးနေကြတာ ဖြစ်ပါတယ်

ဒါ့အပြင် အောက်ဆီဂျင် O2 အိုး စျေးနှုန်းတွေက အဆမတန် မြင့်တက်နေတဲ့အပြင် ဝယ်ချင်းတိုင်းလည်း ဝယ်ယူလို့မရတဲ့ အခြေအနေတွေကြောင့် ကိုဗစ်လူနာတွေအတွက် အခက်ကြုံနေရတာ ဖြစ်ပါတယ်

ဒီလိုအခက်အခဲတွေကို အခွင့်ကောင်းယူပြီး ဝိသမလောဘသားတွေက အသုံးပြုလို့မရတော့တဲ့ အောက်ဆီဂျင် O2 အိုး အဟောင်းတွေ နဲ့ လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက် CO2 အိုးတွေကို ဆေးသုတ်ပြီး မသိနားမလည်တဲ့ ပြည်သူတွေအား အမြတ်တင် လိမ်ရောင်းနေကြတာ တွေ့ရပါတယ်

ယခုမှာလည်း လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက် CO2 (၁၀-လီတာ)အိုး(၂)လုံးကို ဆေးသုတ်ပြီး အောက်ဆီဂျင်(O2)အိုးဆိုကာ လိမ်ရောင်းခဲ့တဲ့ ဖြစ်စဉ်ကို ပြည်သူတစ်ဦးက Live လွှင်ပြီး ဖော်ပြလာခဲ့ပါတယ်

ဒီဖြစ်စဉ်မှာတော့ ပုသိမ်မြို့က စေတနာရှင် အမျိုးသမီးတစ်ဦးဟာ ပရဟိတအသင်းကို အောက်ဆီဂျင်(O2)အိုး လှူဒါန်းပေးဖို့အတွက် အောက်ဆီဂျင်အိုး(၂)လုံးဝယ်ယူရာကနေ အိုး(၁)လုံးကို (၅)သိန်းခွဲနဲ့ ရောင်းခဲ့လို့ သေချာစစ်ကြည့်ခဲ့ရာ လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက်(CO2)အိုးများ ဖြစ်နေတယ်လို့ သိရပါတယ်

ဒီလို ဝိသမလောဘသားတွေရဲ့ အောက်ဆီဂျင်(O2)အိုးများ လိမ်ရောင်းခဲ့တာကြောင့် တချို့လူနာတွေ မသေသင့်ဘဲ သေဆုံးသွားခဲ့တာတွေ ရှိပါတယ်ပရိသတ်တွေလည်း ယခုလို အလိမ်မခံရအောင် သတိထားစေဖို့အတွက် အကျိုးရှိတဲ့ ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ် crd- MM load

Leave a Reply

Your email address will not be published.