ရန္ကုန္မွာ ပုဒ္မ144 ေနရာမ်ား အုံးသံေတြ ၿမိဳင္ေနၿပီ

တာေမြ Ocean ကုန္တိုက္အနီးရွိ ယာဥ္ထိန္းရဲကင္းကို ေဖာက္ခြဲတိုက္ခိုက္၊

ရန္ကုန္၊ ဇူလိုင္ ၂၄

ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ တာေမြ Ocean ကုန္တိုက္အနီး ယာဥ္ထိန္းရဲကင္းကို ယေန႔ ညေန ၅ နာရီ ၃၀ မိနစ္အခ်ိန္တြင္ Free Fighter Force က ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း အဆိုပါအဖြဲ႕က ထုတ္ျပန္သည္။

“တာေမြကုန္းတံတားေအာက္က ဘဲဥရဲကင္းမွာ ဗုံးေပါက္တာ။ လူေတာ့မရွိဘူး။ အသံလည္းက်ယ္တယ္။ ဗုံးေပါက္ၿပီးေတာ့မွ စစ္ေခြးေတြေရာက္လာတာပါ။ လူထိခိုက္မႈမရွိဘူး။ လမ္းသြားလမ္းလာ ေကာင္ေလး တစ္ဦးလားမသိဘူး အဖမ္းခံရတယ္”ဟု တာေမြေဒသခံတစ္ဦးက ေျပာသည္။

ထို႔ျပင္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ၃၀ ရပ္ကြက္ ျမသီရိ ၁ လမ္းရွိ ေနအိမ္တစ္ခုကို ယေန႔ ညေန ၃ နာရီခြဲအခ်ိန္တြင္ စစ္တပ္က ဝင္ေရာက္စီးနင္းခဲ့ၿပီး အိမ္အတြင္းရွိ လူငယ္မ်ားကို ပစ္ခတ္ခဲ့ေၾကာင္း ၊ ပစ္ခတ္မႈေၾကာင့္ လူငယ္ ၂ ဦး ေသဆုံးၿပီး ၂ ဦး အဖမ္းခံရေၾကာင္း သိရွိရသည္။

“ပစ္ခတ္တာက အခ်က္ ၄၀ ေက်ာ္တယ္။ စစ္တပ္ဘက္ကခ်ည္းပဲ ပစ္တာ။ အထဲက ျပန္မပစ္ဘူး။ လူငယ္ ၂ ဦးေသပါတယ္။ အဲဒါ လူနာတင္ကား ၂စီးနဲ႔တင္သြားတယ္။

အျခားေဘးဘက္က မဆိုင္တဲ့ လူငယ္ ၂ ဦးကိုလည္း ဖမ္းသြားတယ္။ က်ည္ထိထားတယ္လည္းေျပာတယ္။ လမ္းကိုပိတ္ၿပီး ပစ္တာ။ အခုေတာ့ မီးျဖတ္ထားတယ္” ဟု ေျမာက္ဒဂုံ ၃၀ ရပ္ကြက္မွ ျပည္သူတစ္ဦးက ေျပာသည္။

ရန်ကုန်မှာ ပုဒ်မ144 နေရာများ အုံးသံတွေ မြိုင်နေပြီ

တာမွေ Ocean ကုန်တိုက်အနီးရှိ ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲတိုက်ခိုက်၊

ရန်ကုန်၊ ဇူလိုင် ၂၄

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေ Ocean ကုန်တိုက်အနီး ယာဉ်ထိန်းရဲကင်းကို ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် Free Fighter Force က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“တာမွေကုန်းတံတားအောက်က ဘဲဥရဲကင်းမှာ ဗုံးပေါက်တာ။ လူတော့မရှိဘူး။ အသံလည်းကျယ်တယ်။ ဗုံးပေါက်ပြီးတော့မှ စစ်ခွေးတွေရောက်လာတာပါ။ လူထိခိုက်မှုမရှိဘူး။ လမ်းသွားလမ်းလာ ကောင်လေး တစ်ဦးလားမသိဘူး အဖမ်းခံရတယ်”ဟု တာမွေဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက် မြသီရိ ၁ လမ်းရှိ နေအိမ်တစ်ခုကို ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်အတွင်းရှိ လူငယ်များကို ပစ်ခတ်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး သေဆုံးပြီး ၂ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

“ပစ်ခတ်တာက အချက် ၄၀ ကျော်တယ်။ စစ်တပ်ဘက်ကချည်းပဲ ပစ်တာ။ အထဲက ပြန်မပစ်ဘူး။ လူငယ် ၂ ဦးသေပါတယ်။ အဲဒါ လူနာတင်ကား ၂စီးနဲ့တင်သွားတယ်။

အခြားဘေးဘက်က မဆိုင်တဲ့ လူငယ် ၂ ဦးကိုလည်း ဖမ်းသွားတယ်။ ကျည်ထိထားတယ်လည်းပြောတယ်။ လမ်းကိုပိတ်ပြီး ပစ်တာ။ အခုတော့ မီးဖြတ်ထားတယ်” ဟု မြောက်ဒဂုံ ၃၀ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published.