ICJ ရဲ႕ဆုံးျဖတ္ခ်က္ကို စိတ္ပ်က္မိေၾကာင္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာန ထုတ္ျပန္

ႏိုင္ငံတကာတရား႐ုံး (ICJ) က ျမန္မာရဲ႕ကန႔္ကြက္လႊာေတြကို ပယ္ခ်တဲ့အေပၚ စိတ္ပ်က္မိတယ္လို႔ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇူလိုင္လ ၂၃ ရက္ မေန႔ညပိုင္းက သတင္းထုတ္ျပန္ပါတယ္။

ကနဦး ကန႔္ကြက္လႊာေတြဟာ ဥပေဒအရနဲ႔ အခ်က္အလက္ေတြအရ ျပည္စုံခိုင္လုံမႈရွိတယ္လို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဂမ္ဘီယာက တင္ျပထားတဲ့ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) အစား ဂမ္ဘီယာက နာမည္ခံ တရားစြဲဆိုေပးတာျဖစ္သလို ICJ အေနနဲ႔ ျမန္မာကို စီရင္ခြင့္မရွိေၾကာင္း၊

ဂမ္ဘီယာကလည္း တရားစြဲဆိုခြင့္မရွိတဲ့အျပင္ ျမန္မာနဲ႔ ဂမ္ဘီယာႏိုင္ငံၾကားလည္း အျငင္းပြားမႈမရွိေၾကာင္း စတဲ့ ေလးခ်က္ကို စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ေတြက တင္သြင္းထားေပမယ့္ ICJ က ပယ္ခ်ခဲ့တာပါ။

ဒီဆုံးျဖတ္ခ်က္ေတြကို ျမန္မာႏိုင္ငံအေနနဲ႔ မွတ္သားထားတယ္လို႔လည္း ေရးသားထားၿပီး ဒါဟာ အျပည္ျပည္ဆိုင္ရာဥပေဒမွာ သာဓကအေနနဲ႔ ျဖစ္သြားမယ္လို႔ စစ္ေကာင္စီက ဆိုထားပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ လက္ရွိအခ်ိန္အထိ က်ဳးလြန္၊ ေဖာက္ဖ်က္မႈေတြ မရွိဘဲ ေလးစားလိုက္နာေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကလည္း ICJ အေနနဲ႔ အမွန္တိုင္းေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတဲ့အေၾကာင္း ဇူလိုင္လ ၂၃ ရက္ မေန႔က မီဒီယာေတြကို ေျပာထားပါတယ္။

စစ္ေကာင္စီရဲ႕ ကနဦးကန႔္ကြက္ခ်က္ကို ICJ က ပယ္ခ်လိုက္တဲ့အေပၚ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကလည္း ႀကိဳဆိုတယ္လို႔ မေန႔မွာပဲ ထုတ္ျပန္ထားပါတယ္။

အလားတူပဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ဂမ္ဘီယာႏိုင္ငံတရားေရးဌာနတို႔ကလည္း ဒီဆုံးျဖတ္ခ်က္အေပၚ ေထာက္ခံ၊ ႀကိဳဆိုထားၾကပါတယ္။

ICJ ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်

နိုင်ငံတကာတရားရုံး (ICJ) က မြန်မာရဲ့ကန့်ကွက်လွှာတွေကို ပယ်ချတဲ့အပေါ် စိတ်ပျက်မိတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက် မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ကနဦး ကန့်ကွက်လွှာတွေဟာ ဥပဒေအရနဲ့ အချက်အလက်တွေအရ ပြည်စုံခိုင်လုံမှုရှိတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂမ်ဘီယာက တင်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အစား ဂမ်ဘီယာက နာမည်ခံ တရားစွဲဆိုပေးတာဖြစ်သလို ICJ အနေနဲ့ မြန်မာကို စီရင်ခွင့်မရှိကြောင်း၊

ဂမ်ဘီယာကလည်း တရားစွဲဆိုခွင့်မရှိတဲ့အပြင် မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံကြားလည်း အငြင်းပွားမှုမရှိကြောင်း စတဲ့ လေးချက်ကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေက တင်သွင်းထားပေမယ့် ICJ က ပယ်ချခဲ့တာပါ။

ဒီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ မှတ်သားထားတယ်လို့လည်း ရေးသားထားပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေမှာ သာဓကအနေနဲ့ ဖြစ်သွားမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ ကျုးလွန်၊ ဖောက်ဖျက်မှုတွေ မရှိဘဲ လေးစားလိုက်နာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ICJ အနေနဲ့ အမှန်တိုင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ဇူလိုင်လ ၂၃ ရက် မနေ့က မီဒီယာတွေကို ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ကနဦးကန့်ကွက်ချက်ကို ICJ က ပယ်ချလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကြိုဆိုတယ်လို့ မနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတရားရေးဌာနတို့ကလည်း ဒီဆုံးဖြတ်ချက်အပေါ် ထောက်ခံ၊ ကြိုဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published.