ျပင္သစ္ေရနံကုမၸဏီႀကီး တိုတယ္ ျမန္မာႏိုင္ငံကေန အၿပီးတိုင္ထြက္ခြာ

People’s Spring

စစ္အာဏာသိမ္းၿပီးေနာက္ဆိုး႐ြားလာတဲ့ အေျခအေနေတြေၾကာင့္ ျပင္သစ္ေရနံကုမၸဏီႀကီး တိုတယ္ ဟာ ဒီေန႔ ဇူလိုင္လ ၂၀ ရက္မွာ ျမန္မာႏိုင္ငံကေန အၿပီးျပတ္ထြက္ခြာၿပီလို႔ ကုမၸဏီဘက္ကေၾကညာခ်က္ထုတ္ျပန္အသိေပးလိုက္ပါတယ္။

အာဏာသိမ္းမႈေနာက္ဆက္တြဲ စစ္တပ္ရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ တိုတယ္ဟာ ရတနာဓာတ္ေငြ႕စီမံကိန္းကေန ေနာက္ ၆ လၾကာရင္ အၿပီးတိုင္ႏႈတ္ထြက္မယ္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းက ဆုံးျဖတ္ခဲ့တာပါ။

မထြက္ခြာမီ ၆ လတာကာလအတြင္း ရွယ္ယာလႊဲေျပာင္းေရာင္းခ်တာေတြ ျပဳလုပ္ခဲ့ၿပီး ဒီေန႔မွာ ေတာ့ ရတနာဓာတ္ေငြ႕စီမံကိန္းမွာ ရွယ္ယာပိုင္ဆိုင္သူ ၊ ေအာ္ပေရတာ အျဖစ္ကေန အၿပီးတိုင္ႏႈတ္ထြက္သြားတာလို႔သိရပါတယ္။

တိုတယ္ရဲ႕ ရွယ္ယာေတြကို ထိုင္းႏိုင္ငံပိုင္ PTTEP ကုမၸဏီက ဝယ္ယူခဲ့တာပါ။ တိုတယ္ကုမၸဏီရဲ႕ထုတ္ျပန္ခ်က္မွာ ျမန္မာႏိုင္ငံက ဝန္ထမ္းေတြဟာ ေအာ္ပေရတာအသစ္လက္ေအာက္မွာ အရင္ရာထူးနဲ႔လစာအတိုင္းခံစာခြင့္ရမွာျဖစ္တယ္လို႔ ေဖာ္ျပထားတာေတြ႕ရပါတယ္။

ရတနာဓာတ္ေငြ႕စီမံကိန္းဟာ သက္တမ္း ၂၅ ႏွစ္ေက်ာ္ၾကာၿပီျဖစ္ၿပီး စီမံကိန္းမွာ တိုတယ္ကုမၸဏီက ၃၁ ဒသမ ၂၄ ရာခိုင္ႏႈန္း ၊ အေမရိကန္ေရနံကုမၸဏီ ရွက္ဗ႐ြန္ က ၂၈ ဒသမ ၂၆ ရာခိုင္ႏႈန္း ၊ ထိုင္းႏိုင္ငံပိုင္ PTTEP က ၂၅ ဒသမ ၅ ရာခိုင္ႏႈန္း နဲ႔ ျမန္မာ့ေရနံနဲ႔စြမ္းအင္က ၁၅ ရာခိုင္ႏႈန္း ရင္းႏွီးျမႇဳပ္ႏွံထားၾကတာပါ။

တိုတယ္ နဲ႔ ရွက္ဗ႐ြန္ထြက္ခြာသြားၿပီးေနာက္ ထိုင္း PTTEP က စီမံကိန္းလည္ပတ္မႈကို ဦးေဆာင္သူ ျဖစ္လာပါတယ္။

ဒါအျပင္ တိုတယ္ကုမၸဏီထြက္ခြာသြားေပမယ့္ စစ္ေကာင္စီဟာ PTTEP ထံကေန ဝင္ေငြ ဆက္လက္ရရွိေနဦးမွာပါ။

လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ႀကီး (HRW) ရဲ႕ ထုတ္ျပန္ခ်က္အရ စစ္အုပ္စုဟာ ရတနာ ၊ရဲတံခြန္နဲ႔ေ႐ႊသဘာဝ ဓာတ္ေငြ႕စီမံကိန္းေတြကေန ႏွစ္စဥ္အေမရိကန္ ေဒၚလာ တစ္ဘီလီယံေက်ာ္ရရွိေနၿပီး ေငြဝင္ေပါက္အႀကီးမားဆုံးလည္းျဖစ္ေနပါတယ္။

ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် မြန်မာနိုင်ငံကနေ အပြီးတိုင်ထွက်ခွာ

People’s Spring

စစ်အာဏာသိမ်းပြီးနောက်ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ မြန်မာနိုင်ငံကနေ အပြီးပြတ်ထွက်ခွာပြီလို့ ကုမ္ပဏီဘက်ကကြေညာချက်ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တိုတယ်ဟာ ရတနာဓာတ်ငွေ့စီမံကိန်းကနေ နောက် ၆ လကြာရင် အပြီးတိုင်နှုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဆုံးဖြတ်ခဲ့တာပါ။

မထွက်ခွာမီ ၆ လတာကာလအတွင်း ရှယ်ယာလွှဲပြောင်းရောင်းချတာတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့မှာ တော့ ရတနာဓာတ်ငွေ့စီမံကိန်းမှာ ရှယ်ယာပိုင်ဆိုင်သူ ၊ အော်ပရေတာ အဖြစ်ကနေ အပြီးတိုင်နှုတ်ထွက်သွားတာလို့သိရပါတယ်။

တိုတယ်ရဲ့ ရှယ်ယာတွေကို ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ဝယ်ယူခဲ့တာပါ။ တိုတယ်ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ဝန်ထမ်းတွေဟာ အော်ပရေတာအသစ်လက်အောက်မှာ အရင်ရာထူးနဲ့လစာအတိုင်းခံစာခွင့်ရမှာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ရတနာဓာတ်ငွေ့စီမံကိန်းဟာ သက်တမ်း ၂၅ နှစ်ကျော်ကြာပြီဖြစ်ပြီး စီမံကိန်းမှာ တိုတယ်ကုမ္ပဏီက ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း ၊ အမေရိကန်ရေနံကုမ္ပဏီ ရှက်ဗရွန် က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း ၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်း နဲ့ မြန်မာ့ရေနံနဲ့စွမ်းအင်က ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြတာပါ။

တိုတယ် နဲ့ ရှက်ဗရွန်ထွက်ခွာသွားပြီးနောက် ထိုင်း PTTEP က စီမံကိန်းလည်ပတ်မှုကို ဦးဆောင်သူ ဖြစ်လာပါတယ်။

ဒါအပြင် တိုတယ်ကုမ္ပဏီထွက်ခွာသွားပေမယ့် စစ်ကောင်စီဟာ PTTEP ထံကနေ ဝင်ငွေ ဆက်လက်ရရှိနေဦးမှာပါ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ ရတနာ ၊ရဲတံခွန်နဲ့ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကနေ နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော်ရရှိနေပြီး ငွေဝင်ပေါက်အကြီးမားဆုံးလည်းဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published.