အေျမာက္တပ္မွ ဗိုလ္ႀကီး၏ ေယာကၡမကို ရဲကဖမ္းၿပီး သိန္း ၆၀ တန္ လိုင္စင္မဲ့ကားတစ္စီးႏွင့္ ေငြသား သိန္း ၃၀ ေတာင္း

မဲေခါင္၊ ဇူလိုင္ ၁၇

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ အေျမာက္တပ္ဗိုလ္ႀကီး၏ ေယာကၡမကို ရဲကဖမ္းၿပီး သိန္း ၆၀ တန္ လိုင္စင္မဲ့ကားႏွင့္ ေငြသား သိန္း ၃၀ ေတာင္းယူမႈျဖစ္ပြားခဲ့ေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။

အမွတ္ ၃၅၇ အေျမာက္တပ္ရင္းမွ ဗိုလ္ႀကီးသိန္းေဇာ္ေထြး၏ ေယာကၡမျဖစ္သူ ဟဲဟိုးၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္ေန ဦးေက်ာ္လင္းအား PDF မ်ားအား ေငြေၾကးလႉဒါန္းသည္ဟုဆိုကာ ၿပီးခဲ့သည့္ မတ္လ ၃ ရက္က ဟဲဟိုးရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးသြားခဲ့ေၾကာင္း၊

ဦးေက်ာ္လင္းအား ကေလာၿမိဳ႕မရဲစခန္း၌ ခ်ဳပ္ေႏွာင္ထားၿပီး မတ္လ ၅ ရက္တြင္ ဟဲဟိုး၌ေနထိုင္သည့္ ကေလာရဲစခန္းမွ မူးယစ္ရဲဗိုလ္ေလးေအာင္မ်ိဳးျမင့္ဆိုသူက ဦးေက်ာ္လင္း၏ အစ္မျဖစ္သူအား ၎၏ေနအိမ္သို႔ေခၚယူကာ ေငြေၾကး သိန္း ၃၀ ေတာင္းယူခဲ့ေၾကာင္း နီးစပ္သူတစ္ဦးထံမွ သိရသည္။

“သူ႔အာလူးၿခံမွာ ၿပီးခဲ့တဲ့ ၄ ႏွစ္ေလာက္က အလုပ္လာလုပ္ဖူးတဲ့ ေကာင္မေလးတစ္ေယာက္က ဖုန္းဆက္ၿပီး PDF အတြက္ အလႉခံတယ္။ ဦးေက်ာ္လင္းကေတာ့ မလႉလိုက္ဘူးလို႔ ေျပာတယ္။ ဒါကို ရဲကဘယ္ကေန သတင္းရလဲမသိဘူး။ လာဖမ္းသြားၿပီး ပိုက္ဆံညႇစ္ေနတာ။ အခုထိေတာ့ မၿပီးေသးဘူး” ဟု ၎ကေျပာသည္။

အဆိုပါေငြေၾကးအား တိုင္ပင္ဦးမည္ဟုဆိုကာ ဦးေက်ာ္လင္း၏အစ္မက ေနအိမ္သို႔ျပန္လာခဲ့ၿပီးေနာက္ ေနာက္ရက္၌ ဟဲဟိုးရဲစခန္းမွ နယ္ထိန္းရဲေအာင္သူရဆိုသူကာ ခ႐ိုင္ရဲမႉးလာရန္ရွိသည္ဟုဆိုကာ ဦးေက်ာ္လင္း၏ ေနအိမ္သို႔ ေငြ၃သိန္းက်ပ္လာေရာက္ေတာင္းယူသြားခဲ့ၿပီး ေနာက္ရက္တြင္ ၎က ခ႐ိုင္ရဲမႉးအား ေကြၽးေမြးစရိတ္ ၁ သိန္းက်ပ္ႏွင့္ စခန္းမႉးႏွင့္ နယ္ထိန္းဗိုလ္ေလးကိုကိုဦးအတြက္ ေပ်ာက္ၾကားအက်ႌ ၉၅၀၀၀ က်ပ္တန္ တစ္ထည္စီဝယ္ေပးလိုက္သျဖင့္ ကုန္သြားေၾကာင္း လာေရာက္ေျပာဆိုခဲ့သည္ဟု သိရသည္။

ကေလာၿမိဳ႕မရဲစခန္း၌ ဦးေက်ာ္လင္းအား မိသားစုဝင္မ်ားက မတ္လ ၁၀ ရက္က သြားေရာက္ေတြ႕ဆုံရာ စခန္းမႉးဆိုသူက ေတြ႕ခြင့္ေပးရသျဖင့္ အိမ္သာေဆာက္ရန္အလႉ‌ေငြ ၃ သိန္း ထည့္ဝင္ရမည္ဟုေျပာဆိုသျဖင့္ ပါလာသည့္ ၁၅၀၀၀၀ က်ပ္အား ေပးခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ ဟဲဟိုးရဲစခန္းမႉးက ဦးေက်ာ္လင္း၏ သားျဖစ္သူထံ ဧၿပီလ ၆ ရက္ကဖုန္းဆက္ၿပီး သၾကၤန္မတိုင္မွီ သိန္း ၆၀ တန္လိုင္စင္မဲ့ကားတစ္စီးလိုခ်င္သျဖင့္ အျမန္ရွာထားရန္ေျပာဆိုခဲ့ရာ မဝယ္ေပးခဲ့ေၾကာင္းႏွင့္ ဦးေက်ာ္လင္းသည္လည္း ယေန႔အခ်ိန္ထိ ျပန္လႊတ္လာျခင္းမရွိေသးေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မ်ားႏွင့္ပါတ္သက္၍ ဦးေက်ာ္လင္း၏ သမီးျဖစ္သူ အမွတ္ ၃၅၇ အေျမာက္တပ္ရင္းမွ ဗိုလ္ႀကီးသိန္းေဇာ္ေထြး၏ဇနီး မႏွင္းယမုံလင္းက ယခုဇူလိုင္လ ၆ ရက္က အာဏာသိမ္းစစ္ေကာင္စီ၏ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယတိုင္းမႉးထံ ကူညီေျဖရွင္းေပးရန္ အသနားခံစာတင္ျပထားေသာ္လည္း ယေန႔အထိ ေျဖရွင္းေပးျခင္းမရွိေသးေၾကာင္းကိုလည္း သိရသည္။

MeKongNews

အမြောက်တပ်မှ ဗိုလ်ကြီး၏ ယောက္ခမကို ရဲကဖမ်းပြီး သိန်း ၆၀ တန် လိုင်စင်မဲ့ကားတစ်စီးနှင့် ငွေသား သိန်း ၃၀ တောင်း

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမြောက်တပ်ဗိုလ်ကြီး၏ ယောက္ခမကို ရဲကဖမ်းပြီး သိန်း ၆၀ တန် လိုင်စင်မဲ့ကားနှင့် ငွေသား သိန်း ၃၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

အမှတ် ၃၅၇ အမြောက်တပ်ရင်းမှ ဗိုလ်ကြီးသိန်းဇော်ထွေး၏ ယောက္ခမဖြစ်သူ ဟဲဟိုးမြို့၊ အမှတ် ၄ ရပ်ကွက်နေ ဦးကျော်လင်းအား PDF များအား ငွေကြေးလှူဒါန်းသည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၃ ရက်က ဟဲဟိုးရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊

ဦးကျော်လင်းအား ကလောမြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး မတ်လ ၅ ရက်တွင် ဟဲဟိုး၌နေထိုင်သည့် ကလောရဲစခန်းမှ မူးယစ်ရဲဗိုလ်လေးအောင်မျိုးမြင့်ဆိုသူက ဦးကျော်လင်း၏ အစ်မဖြစ်သူအား ၎င်း၏နေအိမ်သို့ခေါ်ယူကာ ငွေကြေး သိန်း ၃၀ တောင်းယူခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

“သူ့အာလူးခြံမှာ ပြီးခဲ့တဲ့ ၄ နှစ်လောက်က အလုပ်လာလုပ်ဖူးတဲ့ ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး PDF အတွက် အလှူခံတယ်။ ဦးကျော်လင်းကတော့ မလှူလိုက်ဘူးလို့ ပြောတယ်။ ဒါကို ရဲကဘယ်ကနေ သတင်းရလဲမသိဘူး။ လာဖမ်းသွားပြီး ပိုက်ဆံညှစ်နေတာ။ အခုထိတော့ မပြီးသေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါငွေကြေးအား တိုင်ပင်ဦးမည်ဟုဆိုကာ ဦးကျော်လင်း၏အစ်မက နေအိမ်သို့ပြန်လာခဲ့ပြီးနောက် နောက်ရက်၌ ဟဲဟိုးရဲစခန်းမှ နယ်ထိန်းရဲအောင်သူရဆိုသူကာ ခရိုင်ရဲမှူးလာရန်ရှိသည်ဟုဆိုကာ ဦးကျော်လင်း၏ နေအိမ်သို့ ငွေ၃သိန်းကျပ်လာရောက်တောင်းယူသွားခဲ့ပြီး နောက်ရက်တွင် ၎င်းက ခရိုင်ရဲမှူးအား ကျွေးမွေးစရိတ် ၁ သိန်းကျပ်နှင့် စခန်းမှူးနှင့် နယ်ထိန်းဗိုလ်လေးကိုကိုဦးအတွက် ပျောက်ကြားအင်္ကျီ ၉၅၀၀၀ ကျပ်တန် တစ်ထည်စီဝယ်ပေးလိုက်သဖြင့် ကုန်သွားကြောင်း လာရောက်ပြောဆိုခဲ့သည်ဟု သိရသည်။

ကလောမြို့မရဲစခန်း၌ ဦးကျော်လင်းအား မိသားစုဝင်များက မတ်လ ၁၀ ရက်က သွားရောက်တွေ့ဆုံရာ စခန်းမှူးဆိုသူက တွေ့ခွင့်ပေးရသဖြင့် အိမ်သာဆောက်ရန်အလှူ‌ငွေ ၃ သိန်း ထည့်ဝင်ရမည်ဟုပြောဆိုသဖြင့် ပါလာသည့် ၁၅၀၀၀၀ ကျပ်အား ပေးခဲ့ရကြောင်း သိရသည်။

ထို့နောက် ဟဲဟိုးရဲစခန်းမှူးက ဦးကျော်လင်း၏ သားဖြစ်သူထံ ဧပြီလ ၆ ရက်ကဖုန်းဆက်ပြီး သင်္ကြန်မတိုင်မှီ သိန်း ၆၀ တန်လိုင်စင်မဲ့ကားတစ်စီးလိုချင်သဖြင့် အမြန်ရှာထားရန်ပြောဆိုခဲ့ရာ မဝယ်ပေးခဲ့ကြောင်းနှင့် ဦးကျော်လင်းသည်လည်း ယနေ့အချိန်ထိ ပြန်လွှတ်လာခြင်းမရှိသေးကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့်ပါတ်သက်၍ ဦးကျော်လင်း၏ သမီးဖြစ်သူ အမှတ် ၃၅၇ အမြောက်တပ်ရင်းမှ ဗိုလ်ကြီးသိန်းဇော်ထွေး၏ဇနီး မနှင်းယမုံလင်းက ယခုဇူလိုင်လ ၆ ရက်က အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးထံ ကူညီဖြေရှင်းပေးရန် အသနားခံစာတင်ပြထားသော်လည်း ယနေ့အထိ ဖြေရှင်းပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

MeKongNews

Leave a Reply

Your email address will not be published.